ဖိနပ်ထဲ ရေမန်းထည့်ထားတယ်ဆိုတဲ့ ဒေါ်လာ (၃) ထောင်တန် Nike ဖိနပ်

Website- Jesus Shoes/Lookbook

Nike Air Max 97 ဖိနပ်တွေဟာ ဖိနပ်ချစ်သူလူငယ်တွေကြားထဲမှာ တော်တော်လေးရေပန်းစားပြီး ဝယ်လိုအားများနေတဲ့ ဖိနပ်တွေပဲဖြစ်ပါတယ်။ မူရင်းဝဘ်ဆိုဒ်မှာ ဒေါ်လာ ၁၇၀ နဲ့ ရောင်းဈေးရှိနေတဲ့ Nike Air Max 97 ဖိနပ်တွေဟာ ပုံစံသစ်တစ်မျိုးနဲ့ ပြင်ပအဖွဲ့အစည်းတစ်ခုမှ ဒီဇိုင်းပိုင်းမှာမွန်းမံမှုတွေပြုလုပ်ခဲ့ကာ ဒေါ်လာ ၃ ထောင်နဲ့ စတင်ရောင်းချနေခဲ့ပါတယ်တလို့ Daily Mail မှ သိခဲ့ရပါတယ်။ ဒေါ်လာ ၁၇၀ တန်ကို ဒ်ါလာ ၃ ထောင်နဲ့ ပြန်ရောင်းချနေတယ်ဆိုတာ အံ့သြဖို့ကောင်းပမေယ့်လို့ ဒီထက်ပိုပြီး အံ့သြစရာကောင်းတာကတော့ ဖိနပ်ထဲမှာ ရေမန်းထည့်ထားတယ်ဆိုတဲ့ ကိစ္စပါပဲ။

Website-Jesus Shoes/Lookbook
Website-Jesus Shoes/Lookbook

ဘရွတ်ကလင်းအခြေစိုက် MSCHF နဲ့ INRI ဆိုတဲ့ဖက်ရှင်အဖွဲ့အစည်းနှစ်ခုမှ ဒီဖန်တီးမှုကို အောက်တိုဘာလ ၈ ရက်နေ့တုန်းက စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ Nike Air Max 97 ဖိနပ်ရဲ့ အဓိကကတော့ ဖိနပ်ဆိုးပြားမှာရှိနေတဲ့ လေဟာနယ်လေးပါ။ ဒါကို MSCHF နဲ့ INRI တို့ကနေပြီး အဲဒီလေဟာနယ်ထဲကို ဘာသာရေးအရ သန့်စင်တဲ့ပရိတ်ရေတွေရှိနေတယ်လို့ ယုံကြည်ထားတဲ့ ဂျော်ဒန်မြစ်ထဲက ရေအနည်းငယ်ကို ထည့်ခဲ့ပါတယ်။ ရေဆိုတာရောင်မရှိတဲ့အတွက်ကြောင့် ဖိနပ်ဆိုးထဲမှာ ရေရှိနေတယ်ဆိုတာ သိသာအောင်လို့ ဆေးအပြာလေးအနည်းငယ်ရောထားပါသေးတယ်တဲ့။

READ
အမေရိကန်ရဲ့ အန္တရာယ်အများဆုံး MS-13 ဂိုဏ်းကို ဒေါ်နယ်ထရမ့် ရှင်းပစ်မည်ဟုဆို
Website-Jesus Shoes/Lookbook

ဒီအပြင် ဘာသာရေးစာအုပ်ထဲမှာပါဝင်နေတဲ့ ကျမ်းစာခေါင်းစဉ် Matthew 14:25 ကိုလည်း ဖိနပ်ရဲ့ဘေးဖက်မှာ စာလုံးအမည်းရောင်နဲ့ ရိုက်နှိပ်ထားခဲ့တဲ့အပြင် ဖြေဖမိုးပေါ်က ဖိနပ်ကြိုးမှာလည်း စတီးဖြင့်ပြုလုပ်ထားတဲ့ ရုပ်ထုပုံတစ်ခုစီနဲ့ သွေးစက်တစ်စက်ကိုလည်း ထည့်သွင်းပေးထားခဲ့ပါသေးတယ်။

Website- Jesus Shoes/Lookbook

တီထွင်မှုထဲမှာ Nike ကတော့ ပါဝင်ခြင်းလုံးဝမရှိတဲ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ဘာမှတ်ချက်မှ မပေးထားပါဘူးတဲ့။

Penny

SHARE