Ex နဲ့ ပြန်တွဲချင်သူတိုင်းလုပ်ရမယ့် အခြေခံအချက် (၄)ချက်

တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေလို့ လမ်းခွဲခဲ့ကြပြီးမှ သံယောဇဉ်မကုန်နိုင်ပဲ ဖြစ်နေသလား။ ဒါမှမဟုတ်ကိုယ်မှားခဲ့တာလေးတွေကို ပြန်တွေးပြီး သူ့အတွက် ပြန်ပေးဆပ်ချင်တဲ့စိတ်တွေ တစ်ပုံတစ်ပင်နဲ့လား။ ဘယ်လိုပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ရပေမယ့် သံယောဇဉ်မကုန်နိုင်၊ မပြတ်နိုင်ပဲ ပြန်တွဲချင်နေတဲ့သူတွေလည်း အများကြီးရှိနေပါတယ်နော်။ အဲဒီလူတွေအတွက်ကတော့ ဒီ အခြေခံအချက်လေးတွေကို လိုက်နာပြီး လုပ်ပေးရင်ပဲ ပြန်အဆင်ပြေသွားဖို့ ရာခိုင်နှုန်းများနေတာပါ။ ဘယ်လိုအချက်တွေလဲဆိုတာကိုတော့ အောက်မှာ ဖတ်ကြည့်လိုက်ပါဦး။

(၁)။ မက်ဆေ့ခ်ျပို့ပါ

တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲပြီးတဲ့နောက် ကိုယ့်ဖုန်းနံပတ်ကို သူ့ရဲ့ black list ထဲ မထည့်သေးဘူးဆိုရင် သင့်မှာ မက်ဆေ့ခ်ျပိို့ု့ဖို့ အခွင့်အရေးတွေရှိနေသေးတယ်ဆိုတာ သတိရပါ။ အရင်တုန်းကလို ကြင်ကြင်နာနာ စကားလေးတွေ မက်ဆေ့ခ်ျပို့ဖို့မဖြစ်နိုင်ပေမယ့် ရိုးရိုးသားသား မက်ဆေ့ခ်ျလေးတွေကတစ်ဆင့် ပြန်စဖို့ ကြိုးစားကြည့်ပါ။ “နေကောင်းလား” “စားပြီးပြီလား” ဆိုတဲ့ မက်ဆေ့ခ်ျလေးတွေကတစ်ဆင့် သင့်ရဲ့စိတ်ကို သူ မြင်နိုင်ပါလိမ့်မယ်နော်။

READ
သင့် Crush က စာမပြန်တဲ့အခါ လုပ်သင့်တဲ့အရာများ
lifewire.com

(၂)။ ဖုန်းဆက်ပါ

မက်ဆေ့ခ်ျပို့ကြည့်လို့ သူကလည်း ပြန်ပို့တယ်၊ အဆင်လည်းပြေလောက်တယ်လို့ ထင်တဲ့အချိန်ကျရင် ဖုန်းဆက်ပါ။ သင်လုပ်ရမှာက ပေါ့ပေါ့ပါးပါးပြောဆိုမှုလေးတစ်ခုပါပဲ။ သူငယ်ချင်းတစ်ယောက်အကြောင်း ပြောတာပဲဖြစ်ဖြစ်၊ အသိပေးစရာတစ်ခုခုရှိလို့ပဲဖြစ်ဖြစ် ဖုန်းဆက်တဲ့ပုံစံမျိုးက သူ့ဆီကို ဖုန်းခေါ်လိုက်ဖို့ အကြောင်းပြချက်ကောင်းပါပဲ။ အရင်တုန်းကလို ရိုမန်းတစ်ဆန်ဆန်တွေ လျှောက်ပြောနေမယ်ဆိုရင်တော့ သူ့ဖက်ကလည်းအရင်တုန်းကအကြောင်းတွေ ပြန်တွေးမိမှာဖြစ်ပြီး သာမန်ဖုန်းခေါ်မှုလေးတွေကတစ်ဆင့် သင်တို့ရဲ့ဆက်ဆံရေးကို ပြန်လည်စတင်ဖို့ကြိုးစားပါ။

MensXP.com

(၃)။ ပြန်တောင်းပန်ပါ

ဘယ်သူကပဲမှားခဲ့လို့လမ်းခွဲချင်တာပဲဖြစ်ဖြစ် သင်က ပြန်တွဲချင်တာဆိုရင်တော့ သူ့ကိုပြန်တောင်းပန်ဖို့လိုပါလိမ့်မယ်။ ဒီတော့ တောင်းပန်ပါ။ တစ်ယောက်တည်းဖြစ်နေတဲ့အချိန်တွေမှာ အဆင်မပြေဖြစ်နေတဲ့အကြောင်း အသိပေးပါ။ သင်တောင်းပန်တာကို သူ လက်ခံဖို့ မမျှော်လင့်ပါနဲ့ဦး။ သင့်ဖက်က တောင်းပန်ချင်နေတယ်ဆိုတဲ့အကြောင်းကို သူသိအောင်ပြဖို့ကသာ အရေးကြီးတာပါ။

(၄)။ သင်တို့ရဲ့ကြည်နူးစရာအချိန်တွေအကြောင်းပြန်ပြောပါ

သူ့ရဲ့မှတ်ဥာဏ်ထဲမှာ သင်နဲ့ပတ်သက်ပြီး နာကျင်စရာတစ်ခုခု ကျန်နေမယ်ဆိုရင် သင့်ကို ပြန်လက်ခံဖို့ မဖြစ်နိုင်သလောက်ပါပဲ။ အဲဒီတော့ သင်တို့အတူ ကြည်နူးခဲ့တဲ့အချိန်လေးတွေအကြောင်းကို ပြန်ပြောပြီး သူ့ရဲ့နာကျင်မှုကို ဖြေဖျောက်ပေးဖို့ ကြိုးစားကြည့်ပါ။ ဒီလိုဆိုရင် သူ့ရဲ့စိတ်ကလည်း သင့်အကြောင်း ပြန်တွေးလာနိုင်ပြီး သင့်ကို ပြန်လက်ခံဖို့ အခြေအနေကောင်းတွေဖြစ်လာစေပါလိမ့်မယ်။

READ
Pre-wedding ကို ရေစက်ဆုံစေခဲ့တဲ့နေရာမှာ သွားရိုက်ခဲ့တဲ့ချစ်စရာစုံတွဲလေး
SheKnows

Linn

SHARE