တန်ဖိုးကြီး ဖိနပ်တွေပဲ ရွေးပြီး ခိုးသွားတတ်တဲ့ မြေခွေးသူခိုးလေး

[email protected]

လူတွေဟာ စုဆောင်းရတာကို ကြိုက်နှစ်သက်ကြပါတယ်။ တစ်ချို့ကတော့ တံဆိပ်ခေါင်းတွေ စုရတာ ဝါသနာပါသလို တစ်ချို့ကျပြန်တော့လည်း ရှေးဟောင်းပစ္စည်းတွေ စုဆောင်းရတာ ဝါသနာပါတတ်ပါတယ်။ တန်ဖိုးကြီးဖိနပ်တွေကို စုဆောင်းရတာ ကြိုက်နှစ်သက်တဲ့လူတွေ ရှိတာကိုတော့ လက်ခံပါတယ်။ ဒါပေမယ့် မြေခွေးတစ်ကောင်ဟာ တန်ဖိုးကြီးဖိနပ်တွေကိုမှ ရွေးပြီးစုရတာ ဝါသနာပါတယ်ဆိုရင် သင်ယုံနိုင်ပါ့မလား။

Germany နိုင်ငံ၊ Berlin မြို့ရှိ Zehlendorf ရပ်ကွက်မှာ နေ့တိုင်းလိုလို ဖိနပ်တွေ ပျောက်လေ့ရှိပါတယ်။ ဖိနပ်သူခိုးကတော့ မြေခွေးတစ်ကောင်မှန်းသိပေမယ့် လက်ပူးလက်ကြပ်ဘယ်သူမှ မဖမ်းနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာတော့ အဆိုပါရပ်ကွက်မှာနေထိုင်တဲ့ Christian Meyer လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ ဖိနပ်အပြာတစ်ရံကို ချီပြီးသွားနေတဲ့ မြေခွေးကို တွေ့တာနဲ့ သူတို့ရပ်ကွက်မှာ ပတ်ပြီးဖိနပ်ခိုးနေတဲ့ မြေခွေးမှန်း တန်းသိခဲ့ပါတယ်။ ဒီလိုနဲ့ Meyer ဟာ အဆိုပါမြေခွေးသွားတဲ့အနောက်ကို နောက်ယောင်ခံပြီး လိုက်ခဲ့ပါတယ်။

READ
တစ်နာရီလောက်ကြာအောင် ကားကိုနောက်ပြန် ပတ်မောင်းနေခဲ့တဲ့ ခွေးလေး
[email protected]

ဒီလိုနဲ့ မြို့အပြင်က တောစပ်နားလဲရောက်ရော မြေခွေးဟာ သူခိုးလာတဲ့ ဖိနပ်အပြာကို တွင်းထဲပစ်ချပြီး ပြန်ထွက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ Meyer တစ်ယောက်လဲ မြေခွေးဖိနပ်ချသွားတဲ့ တွင်းကို တူးလိုက်တဲ့အချိန်မှာတော့ ဖိနပ်အရံတစ်ရာလောက်ကို အံ့သြသင့်ဖွယ် တွေ့ခဲ့ရပါတယ်။ ဒီထက်ပိုပြီး အံ့သြဖို့ကောင်းတဲ့ အရာကတော့ အဆိုပါမြေခွေးခိုးထားတဲ့ ဖိနပ်အများစုဟာ Crocs အမှတ်တံဆိပ် ဖိနပ်တွေချည်းပဲ ဖြစ်နေတာပါပဲ။

FHackenbruch

“ဒီလောက်များတဲ့ Crocs ဖိနပ်တွေကို ဘဝမှာ တစ်ခါမှာ မတွေ့ခဲ့ဖူးပါဘူး။ Crocs ဖိနပ်တွေကို ကြိုက်တဲ့မြေခွေးကိုတော့ အခုတွေ့ခဲ့ဖူးပါပြီ။ ဖိနပ်တွေကိုတော့ ဓာတ်ပုံရိုက်ပြီး ကျွန်တော့်အကောင့်မှာ တင်ထာူးပါတယ်။ ကျိန်းသေတာကတော့ ကျွန်တော်တို့ရပ်ကွက်ထဲက အခိုးခံရတဲ့ ဖိနပ်တွေချည်းပါပဲ”လို့ Meyer က ပြောကြားခဲ့ပါတယ်။

 

Pyi Hein Kyaw

SHARE