(၁၅)နှစ်အောက် ကလေးတွေကို ကျောင်းမှာ ဖုန်းအသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ပြင်သစ်နိုင်ငံ

ပြင်သစ်နိုင်ငံဟာ အသက်(၁၅)နှစ်အောက် ကျောင်းသားတွေကို စာသင်ကျောင်းမှာ ဖုန်း၊ တက်ဘလက်နဲ့ စမတ်နာရီတွေ အသုံးပြုခွင့် ပိတ်ပင်တဲ့ ဥပဒေသစ်တစ်ရပ်ကို (၂၀၁၈)ခုနှစ် သြဂုတ်လ(၅)ရက်နေ့က အတည်ပြု ပြဌာန်းခဲ့ပါတယ်။ ဒီဥပဒေသစ်ကြောင့် ပြင်သစ်နိုင်ငံမှာရှိတဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်း သား (၁၂)သန်းကျော်ဟာ စာသင်ကျောင်းမှာ ဖုန်း၊ တက်ဘလက်နဲ့ စမတ်နာရီတွေကို စာသင်ကျောင်းမှာ အသုံးပြုခွင့် ရှိတော့မှာ မဟုတ်ပါဘူး။

ပြင်သစ်နိုင်ငံဟာ (၂၀၁၀)ခုနှစ်တည်းကစပြီး စာသင်ချိန်အတွင်းမှာ ဖုန်းအသုံးပြုခွင့်ကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ အခုပြဌာန်းထားတဲ့ ဥပဒေသစ်ကတော့ စာသင်ချိန်တစ်ခုတည်းတင် မဟုတ်ပဲ အားလပ်ချိန် နေ့လည်စာ စားချိန်တွေ အပါအ၀င် ကျောင်းကိုရောက်တာနဲ့ ဖုန်းကို အသုံးပြုခွင့် ရှိတော့မှာ မဟုတ်ပါဘူး။

Europe1

ပြင်သစ်နိုင်ငံရဲ့ ပညာရေးဝန်ကြီး Jean-Michel Blanquer ကတော့ ဒီဥပဒေဟာ ကျောင်းသားတွေကို စာသင်ချိန်မှာ အာရုံပျံ့လွင့်မှု မရှိစေဖို့နဲ့ ဖုန်းအပေါ် မှီခိုအားထားလွန်းမှုကို လျော့ကျစေဖို့အတွက် ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်လည်း ဖုန်းအသုံးပြုမှု တားမြစ်တဲ့ ဥပဒေကို “၂၁ ရာစုရဲ့ မရှိမဖြစ် ဥပဒေ” ဆိုပြီး တင်စားပြောခဲ့ပါတယ်။

READ
အရင်ခေတ်ကအမျိုးသမီးတွေ လစဉ်သုံးပစ္စည်းအဖြစ် သုံးခဲ့သောပစ္စည်းများ

ကျောင်းသားတွေဟာ ကျောင်းကိုရောက်တာနဲ့ သူတို့ရဲ့ ဖုန်းတွေကို ပါဝါပိတ်ရင် ပိတ်၊ မပိတ်ရင် ကျောင်း တာဝန်ရှိသူတွေထံ အပ်နှံရပါတယ်။ ဥပဒေအရ (၁၅)နှစ်အောက်လို့ တရားဝင်ပြဌာန်း ထားပေမယ့် ဖုန်းအသုံး ပြုခွင့် အသက်ကန့်သက်ချက်ကို ကျောင်းတွေက မိမိတို့ စိတ်ကြိုက် တိုးမြှင့်ပိုင်ခွင့် ရှိပါတယ်။ ခြွင်းချက်အနေနဲ့တော့ မသန်မစွမ်း ကျောင်းသားတွေကိုတော့ ဖုန်းအသုံးပြုခွင့် ပေးထားပါတယ်။

Ichiban Electornics Blog

ဒီဥပဒေ အောင်မြင်ဖို့အတွက် ကျောင်းသားမိဘတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးပြီး ပြင်သစ် အစိုးရကတော့ ကျောင်းသားမိဘတွေပါ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဥပဒေပြဌာန်းချိန်ဟာ ပြင်သစ်မှာ ကျောင်းတွေ ပိတ်ချိန် ဖြစ်နေတာကြောင့် ကျောင်းတွေ ပြန်ဖွင့်တဲ့ (၂၀၁၈) ခုနှစ် စက်တင်ဘာလ(၁)ရက် နေ့ကျမှသာ ဒီဥပဒဟာ စတင်အသက်ဝင်ခဲ့တာ့ပါ။

READ
သဘာဝတရားထက် သာလွန်တဲ့စွမ်းအားဆိုတာ မရှိကြောင်း ဖော်ပြနေတဲ့ ပုံရိပ်များ

ပြင်သစ်နိုင်ငံရဲ့ ဒီဥပဒေသစ်ဟာ စတင်ကျင့်သုံးတာ (၁)နှစ် မပြည့်သေးပေမယ့် အောင်မြင်မှုတွေ ရရှိနေပြီး ကျောင်းသားမိဘတွေကလည်း ထောက်ခံအားပေးနေသလို ကျောင်းသားတွေရဲ့ စာမေးပွဲရမှတ်တွေ သိသိသသာ ပိုမိုကောင်းမွန်လာတယ်လို့လည်း သိရပါတယ်။

Ref: CNN , Business Insider

SHARE