ပြင်သစ်မှာ ဖြစ်ပွားတဲ့ မီးလောင်မှု ဗီဒီယိုဖိုင် အွန်လိုင်းမှာ လူကြည့်များနေ

Image:twitter/@ianbremmer

ပြင်သစ်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု ဗီဒီိယိုဖိုင် က တော့  အွန်လိုင်း မှာ တော် တော် လေး နာမည်ကြီး နေပါတယ်။တွစ်တာ ၊Facebook တို့ မှာ အဲ့ဒီ ဗီဒီိယို ဖိုင် ကိုရှယ်တဲ့သူတွေ ၊ကြည့်တဲ့ သူတွေ အများကြီးပါ။မီးလောင်မှု က တော့ ပြင်သစ်နိုင်ငံ Grenoble မှာ ဖြစ်ပွားခဲ့တာပါ။ဇူလိုင်လ (၂၁) ရက်နေ့က မီး လောင်မှု ဖြစ်ပွားခဲ့တာပါ။ဒီအ ကြောင်းကိုတော့ The Guardian နဲ့ Indiatoday တို့ မှာ ဖော်ပြခဲ့တာပါ။မီးလောင်မှု က တော့ Grenoble မြို့က လူနေတိုက်ခန်းတစ်ခုရဲ့ (၃)လွှာ မှာ  ဖြစ်ခဲ့တာပါ။မီးတောက် ကြီးက တိုက်ခန်းမှာ အရှိန် ပြင်းပြင်း နဲ့ လောင် ကျွမ်း နေ ခဲ့ပါတယ်။မီးသတ် သမားတွေ လည်း ရောက်မလာ သေးတဲ့ အ နေ အထား လို့ ယူဆရပါတယ်။

Image:twitter/@ianbremmer

မီးထဲမှာ ပိတ်မိ နေတဲ့ က လေး ငယ်တွေ ကို တော့ အန္တရာယ်များတဲ့ နည်းကို သုံးပြီး ကယ်ခဲ့တာပါ။အသက် (၁၀)နှစ်နဲ့ (၃) နှစ်အရွယ် က လေး နှစ်ယောက် ကို (၃)လွှာ တိုက်ခန်း ပေါ် က နေ ပစ် ချ ခဲ့တာပါ။အောက်မှာရှိတဲ့ လူအုပ်ကြီးကို ယုံစားပြီး ကလေးတွေကို တိုက် ခန်း ပေါ် က နေ တစ်ယောက် ပြီး တစ်ယောက် ပစ်ချ ခဲ့တာပါ။အရမ်း အန္တရာယ် များ တဲ့ နည်းလမ်း ဆို ပေမယ့်လည်း အောက်မှာရှိတဲ့ လူအုပ်ကြီး က ပစ်ချ လာတဲ့ က လေးတွေကို  ကြိုးစား ပမ်း စား ရ အောင် ဖမ်းနိုင် ခဲ့ပါတယ်။လူအုပ်ကြီးက သာ မဖမ်းနိုင်ခဲ့ပဲ တစ်ခုခုလွဲ ချော် ခဲ့ရင် က လေးတွေရဲ့ ဘ၀ ကေ တာ့ တကယ့် ကို မ တွေးရဲစရာပါ။က လေးနှစ်ယောက်မှာ အစ်ကို ဖြစ်တဲ့ က လေး က တော့ပြူ တင်း ပေါက် မှာ တန်း လန်းကြီး နဲ့ နောက်မှ လက်လွှတ်ခုန်ချ ခဲ့တာပါ။(၃)နှစ် က လေး က တော့ အ ပေါက် က နေ ပစ်ချ ပေး ခဲ့တာပါ။က လေး နှစ်ယောက် လုံး နဲ့ အဲ့ဒီတိုက်မှာ နေတဲ့ လူ(၁၇)ယောက်ကိုတော့ ဆေးရုံ တင်ပို့ ခဲ့ရပါတယ်။ပစ်ချတဲ့ က လေးတွေကို ဖမ်းယူခဲ့တဲ့ လူ (၄)ေ ယာက်ကို တော့ အရိုးတစ်စုံ တစ်ရာ ထိခိုက်မှု ရှိ မရှိသိနိုင် ဖို့ ဆေးရုံမှာ  ဆေးစစ် ပေးခဲ့ပါတယ်။

READ
တူရကီစစ်သား နှစ်ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ IS အဖွဲ့
Image:twitter/@ianbremmer

Athoumani Walid ဆိုတဲ့ အသက် (၂၅)နှစ်အရွယ် ကျောင်းသား က တော့ ပစ်ချ လာတဲ့ က လေးတွေကို ဖမ်း ဖို့ ကြိုးစားရင်း လက် ကောက် ၀တ် ကျိုး ခဲ့ပါတယ်။က လေး အော် သံ တွေ ကို ကြား လို့ သူနဲ့ အတူ လူ လေး ငါး ယောက် လောက်က ပြေး သွားခဲ့ ကြောင်း၊ဘာ လုပ်ရမှန်း မသိ ဖြစ် နေ ခဲ့ ကာ တံ ခါး ရိုက်ချိုး စိတ်ကူး ရခဲ့ ပေမယ့်လည်း မဖြစ်နိုင် တဲ့ အတွက် က လေး တွေကို ခုန်ချ လိုက် ဖမ်းမယ် လို့ အော် ပြော ခဲ့ကြတာပါ။အစ ပိုင်း တုန်းက တော့ က လေးတွေ တစ်ခုခု ဖြစ်မှာကို အရမ်း စိတ်ပူ ခဲ့ ပေမယ့် သူတို့ လေးတွေ ခုန် ချ နိုင်ခဲ့တာကို တွေ့ရ တော့ စိတ်သက်သာရာ ရခဲ့တယ်လို့ Walid က ပြောခဲ့ပါတယ်။

#SHWEMOM

SHARE