မိသားစုထမင်းဝိုင်းထဲ ဖုန်းသုံးခွင့် ပိတ်ပင်ခဲ့တဲ့ အင်္ဂလန်ရဲ့ ပထမဆုံး စားသောက်ဆိုင်

အင်္ဂလန်နိုင်ငံ တစ်နိုင်ငံလုံးကို လေ့လာချက်အရ ကလေးငယ်(၈) ယောက်မှာ (၇) ယောက်ဟာ ၄င်းတို့နဲ့ ထမင်းစားနေစဉ် မိဘတွေ ဖုန်းသုံးနေတာမျိုးကို မနှစ်သက်ကြဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မိသားစုစားသောက်ဆိုင် တစ်ဆိုင်ဖြစ်တဲ့ ဖရန်ကီနဲ့ ဘန်နီက စားသောက်ဆိုင်ထဲ မိဘတွေ လုံးဝဖုန်းမသုံးရဘူးလို့ ပိတ်ပင်ခဲ့ပါတယ်။ စစ်တမ်းကောက်ယူချက်အရ (၈) ရာခိုင်နှုန်းသော ကလေးငယ်တွေဟာ မိဘတွေရဲ့ ဂရုစိုက်တာကို ခံရဖို့ ဖုန်းကို ၀ှက်ထားလေ့ရှိပါတယ်။ ကလေး (၁၅) ရာခိုင်နှုန်းကတော့ မိဘတွေဟာ ဖုန်းတွေအပေါ်မှာ အရမ်းစွဲလန်းလွန်းတာကြောင့် သူတို့ထက် ဖုန်းတွေကို ပိုချစ်တယ်လို့ ယူဆကြကြောင်း ဆိုပါတယ်။

Dailymail

ဖရန်ကီနဲ့ ဘန်နီစားသောက်ဆိုင်ဟာ ဆိုင်ခွဲပေါင်း (၂၅၀) ရှိတဲ့ စားသောက်ဆိုင်ပါ။ နောက်အပတ်ကစပြီး ထိုဆိုင်ခွဲတွေမှာ ဆိုင်ဝန်ထမ်းတွေက လာရောက်စားသုံးသူတွေကို ဖုန်းသိမ်းဖို့ တောင်းဆိုမှာဖြစ်ပါတယ်။ တကယ်လို့ မိဘတွေက ကြည်ကြည်ဖြူဖြူနဲ့ ဆိုင်ကို ဖုန်းအပ်နှံပြီး ကလေးနဲ့ အတူ စားသောက်မယ်ဆိုရင် ဆိုင်က ကလေးတစ်ယောက်စာ အခကြေးငွေမယူပဲ အလကားကျွေးမွေးမှာ ဖြစ်ပါတယ်။

READ
အိမ်ရှင်မိသားစုကို ပီဇာအပြင် ဖျော်ဖြေမှုလေးတစ်ခုပါ တင်ဆက်သွားခဲ့တဲ့ ပီဇာပို့သမား
Dailymail

ဒီကမ်ပိန်းကို “ဖုန်းမသုံးရဇုံ” လို့ စားသောက်ဆိုင်က အမည်ပေးထားပြီး မိသားစုတွေ့ဆုံချိန်ကို တန်ဖိုးထား အချိန်ဖြုန်းကြဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ ဆိုင်ထဲရောက်လာတဲ့ မိဘတွေကို ဖိနပ်ဘူးအရွယ်ရှိတဲ့ သေတ္တာလေးတစ်ခုကမ်းပေးပြီး ထိုထဲမှာ ဖုန်းသိမ်းပြီး အပ်နှံဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ မိဘတွေကို ကလေးတွေရဲ့ အတူ စားသောက်ရင်း အတူအချိန်ဖြုန်းနိုင်ဖို့ ရောင်စုံခြယ်ပစ္စည်းတွေကိုလည်း လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ၄င်းကမ်ပိန်းကို ဖရန်ကီနဲ့ ဘန်နီစားသောက်ဆိုင်က နိုဝင်ဘာ(၂၉) ရက်ကနေ ဒီဇင်ဘာ(၇) အထိ ကျင်းပမယ်လို့ သိရပါတယ်။

Dailymail

ဆိုင်က တာဝန်ရှိသူတစ်ဦးကတော့ ၄င်းကမ်ပိန်းကို ယာယီပြုလုပ်ရာကနေ ရလဒ်ပေါ်မူတည်ပြီး အမြဲတမ်းလုပ်ဖြစ်ရင်လည်း လုပ်ဖြစ်မယ်လို့ ပြောပါတယ်။ မိသားစုစားသောက်ဆိုင် ပရိုမိုးရှင်းအစီအစဉ်မှာ ကလေးတွေရဲ့ အသက်အရွယ်ကိုတော့ အသက်(၁၄) နှစ်အထိ ကန့်သတ်ထားပါတယ်။ ဖုန်းမသုံးရဇုံကမ်ပိန်း အစီအစဉ်ကို မိဘတွေနဲ့ ကလေးတွေတော်တော်များများက သဘောကျနှစ်ခြိုက်လျက်ရှိပါတယ်။

READ
တရုတ်ပြည်က သက်ရှိထင်ရှားရှိနေတဲ့ အရုပ်မလေး Kina Shen
Dailymail

လေ့လာချက်တစ်ခုထဲမှာတော့ ထမင်းစားချိန်အတွင်း ဖုန်းသုံးနေတဲ့ မိဘတွေရဲ့ ဖုန်းကို လွှင့်ပစ်ချင်တဲ့ ကလေးအရေအတွက်ဟာ (၄၆) ရာခိုင်နှုန်း၊ တီဗီကြည့်နေတုန်း ဖုန်းသုံးတာ မကြိုက်တဲ့ ကလေးဦးရေဟာ (၂၉) ရာခိုင်နှုန်းနဲ့ အားလပ်ရက်အပန်းဖြေခရီးသွားစဉ်မှာ ဖုန်းသုံးတာမကြိုက်တဲ့ ကလေးဦးရေဟာ (၂၄) ရာခိုင်နှုန်း ရှိကြောင်း သိရပါတယ်။ မိဘတွေအနေနဲ့ကတော့ မိဘ(၂၆) ရာခိုင်နှုန်းဟာ ထမင်းစားနေစဉ်မှာ ဖုန်းသုံးလေ့ရှိပြီး (၂၃) ရာခိုင်နှုန်းဟာ ကလေးတွေက သူတို့ တစ်နေ့တာဖြစ်စဉ်တွေ ပြောပြနေတုန်းမှာ ဖုန်းသုံးကြောင်းနဲ့ (၇) ရာခိုင်နှုန်းကတော့ ကလေးတွေကို ဟိုဟိုဒီဒီ ကားနဲ့ လိုက်ပို့နေရင်း ဖုန်းသုံးတတ်ကြောင်း သိရပါတယ်။

Dailymail

လင်းလင်း (ShweMom)

Ref: Dailymail

SHARE