ရပ်နေတဲ့ကားဆီ အတင်းဝင်တိုးပြီး ဒရိုင်ဘာကိုငွေညှစ်ဖို့ ကြိုးစားခဲ့တဲ့အမျိုးသမီး

တရုတ်နိုင်ငံမှာ အမျိုးသမီးတစ်ယောက်ဟာ ကားတစ်စီးကို ၀င်တိုးပြီး ငွေအလျော်တောင်းဖို့ကြိုးစားခဲ့တဲ့ ရယ်စရာဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သူမရဲ့ကားတိုက်မိချင်ယောင်ဆောင်တဲ့ အပြုအမူဟာ မအောင်မြင်ခဲ့ပါဘူး။ စီစီတီဗီထဲမှာတော့ကားတစ်စီးက မောင်းနှင်လာပြီး လူကူးမျဉ်းကြားရှေ့မှာ အရှိန်လျော့ပြီး ရပ်လိုက်ပါတယ်။ ဒါကို ထိုအမျိုးသမီးဟာ သူ့သာသာသူ ပြေးလာပြီး ကားဘောနက်ဖုံးဆီကို ၀င်ဆောင့်ခဲ့တာဖြစ်ပါတယ်။

အဆိုပါအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဟောင်ကောင်ရဲ့ ကောလုံတုန်နေရာမှာ ဖြစ်ပွားခဲ့တာပါ။ သူမရဲ့လက်ထဲမှာတော့ ခရီးဆောင်အိတ်တစ်လုံးကို သယ်လာပါတယ်။ အိတ်ကြီးကိုင်ပြီး ကားဆီတဟုန်ထိုးပြေးလာတဲ့ ထိုအမျိုးသမီးရဲ့ အပြုအမူဟာ တကယ့်ကို ရယ်စရာကောင်းပါတယ်။

ASIAWIRE

ကားမောင်းလာသူ အမျိုးသားကတော့ အသက်(၄၃) နှစ်အရွယ် ‘ဆရာဝန်ယူ’ဆိုသူဖြစ်ပါတယ်။ ဒရိုင်ဘာယူတောင်မှ သူ့ကားဆီဝင်တိုက်တဲ့အမျိုးသမီးကို သဘောကျနေခဲ့ပါတယ်။ ဒါ့အပြင် ထိုအမျိုးသမီးကိုလည်း ကားတိုက်မှုမဖြစ်ပဲ သူမဘာသာ သူမကားဆီဝင်တိုက်တာနဲ့ပတ်သက်လို့ ရာဇ၀တ်မှုမမြောက်ရအောင် ကားဟွန်းတီးပြီး လမ်းဖယ်ခိုင်းခဲ့ပါသေးတယ်။

READ
ဖခင်ရဲ့ပေါင်5500ခန့်တန်ဖိုးရှိယွမ်ငွေများကို ဆော့ကစားရင်းဆုတ်ဖြဲခဲ့တဲ့ကလေး

ယင်းဗီဒီယိုဟာ ပြီးခဲ့တဲ့လတုန်းက ထွက်ရှိခဲ့တာဖြစ်ပြီး အွန်လိုင်းမှာ လူပေါင်းများစွာကကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ ထိုအမျိုးသမီးဟာ ဆေးရုံရောက်ခဲ့ပြီး လည်ပင်းဒဏ်ရာကြောင့် ဆေးကုသမှုခံယူခဲ့ပါတယ်။ ဒါပေမယ့် ရဲတွေကတော့ စီစီတီဗီကိုစစ်ဆေးချက်အရ သူမရဲ့ကားတိုက်မှုဟာ ရာဇ၀တ်မှုမမြောက်ကြောင်း အတည်ပြုပေးခဲ့ကြပါတယ်။

လင်းလင်း (ShweMom)

Ref: The Sun

SHARE