ရုရှား၊ ယူကရိန်း၊ ရိုမေးနီးယားနိုင်ငံတွေမှာ နှင်းပွင့်အဖြူအစား အဝါရောင်နှင်းတွေကျဆင်းခဲ့

ရုရှား၊ ယူကရိန်း၊ ရိုးမေနီးယား၊ ဘူဂေးရီးယား အစရှိတဲ့နိုင်ငံတွေမှာ နှင်းပွင့်အဖြူတွေအစာ လိမ္မော်ရောင် နှင်းပွင့်တွေ ကျဆင်းခဲ့တဲ့အတွက် ဒေသခံတွေအနေနဲ့ အထူးတဆန်းဖြစ်ခဲ့ရပါတယ်။ တော်တော်များများကတော့ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ အမျိုးမျိုးခန့်မှန်း ပြောဆိုနေကြသလို၊ တစ်ချို့ကလည်း ဘာကြောင့်ဖြစ်ရတယ်ဆိုတာ တိတိကျကျ သိလိုနေကြပါတယ်။

Instagram-margarita_alshina

(၂၀၁၄)ခုနှစ်တုန်းက ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကျင်းပခဲ့တဲ့ ရုရှားနိုင်ငံ ဆိုချီမြို့အနီးက စကိတ်အားကစားစခန်းတွေမှာလည်း လိမ္မော်ရောင်နှင်းတွေ ဖုံးလွှမ်းနေပါတယ်။ ယခင်က ရုရှားမှာ အပြာရောင်ပျော့ပျော့ နှင်းတွေ၊ နှင်းခဲတွေဖုံးလွှမ်းခဲ့တုန်းက လေထုထဲမှာ ဓာတုအဆိပ်ငွေ့တွေ မျှောလွင့်နေတယ်ဆိုပြီး သတင်းထွက်ပေါ်လာခဲ့ပါသေးတယ်။

Instagram-margarita_alshina

ထိုစဉ်က ဆေးဝါးထုတ်လုပ်ရေးစက်ရုံက ထုတ်လွှတ်တဲ့ မီးခိုးတွေဟာ နှင်းနဲ့ရောပြီး အပြာရောင်ကို ပြောင်းသွားစေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ဖူးပါတယ်။ အခု နှင်းတွေကတော့ ဘာဖြစ်လို့ အဝါရောင်၊ လိမ္မော်ရောင်တွေ ပြောင်းလဲရတာလဲဆိုတာ လူတွေက သိချင်နေကြပါတယ်။

Instagram-margarita_alshina

တကယ်တော့ အခုအဖြစ်အပျက်မှာ ဆာဟာရသဲကန္တာရက သဲမှုန်တွေနဲ့ နှင်းတွေရောစပ်ပြီး အဖြူရောင်အစား အဝါရောင်တွေ လိမ္မော်ရောင်တွေ ဖြစ်သွားစေခဲ့တယ်လို့ ဆိုပါတယ်။  Sochi Centre of Hydrometeorology and Monitoring of the Black and Azov Sea အဖွဲ့မှာ ပညာရှင်တွေက ဒီအချက်ကို ထုတ်ပြန်ခဲ့တာပါ။

READ
ကင်ဆာကို အရည်ကျည်ဖုလို့ ထင်မြင်ခဲ့ရာမှ မျက်လုံးတစ်လုံးဆုံးရှုံးခဲ့ရသည့်အမျိုးသမီး

ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Daily Express နဲ့ တွေ့ဆုံစဉ်မှာ ဒါဟာ လေနဲ့အတူ ရောပြီးပါလာတဲ့ ဆာဟာရသဲကန္တာရမှ သဲမှုန်တွေဟာ နှင်းပွင့်တွေနဲ့အတူ ရောထွေးလုံးယှက်သွားတဲ့အခါမှာ အခုလို လိမ္မော်ရောင်နှင်းတွေကို ဖြစ်စေခဲ့တာလို့ ဆိုပါတယ်။ ပုံတွေထဲမှာတော့ ယခင်က စွတ်စွတ်ဖြူနေတဲ့ ရေခဲပြင်စကိတ်စခန်းတွေဟာ ဝါညစ်ညစ်တွေ ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Instagram-margarita_alshina

နတ်စည်တော် (Shwemom)

source : metro.co.uk

 

SHARE