အမျိုးသားအင်္ဂါမှာ ကြုံရလေ့ရှိတဲ့ သဘာဝနဲ့အကြောင်းပြချက်များ

အမျိုးသားတော်တော်များများဟာ အောက်ပါ အခြေအနေတွေကို ကြုံတွေ့နေရပေမယ့် ဂဃနဏ သဘောမပေါက်ကြပါဘူး။ ဒီတော့ အမျိုးသားအင်္ဂါမှာ ကြုံရလေ့ရှိတဲ့ သဘာဝနဲ့ အကြောင်းပြချက်တွေကို Shwemom က ဗဟုသုတအနေနဲ့
ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘာကြောက့် ရေထိလျှင်/ရေစိုလျှင် ကျုံ့သွားရတာလဲ .. ?

အမျိုးသားတော်တော်များများ ကြုံဖူးမယ်ဆိုတာ သေချာပါတယ်။ အမျိုးသားအင်္ဂါဟာ ရေနဲ့ထိမိတဲ့အခါမှာ ကျုံ့သွားတာမျိုးပေါ့။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အမျိုးသားအင်္ဂါဟာ အပူချိန် ပူခြင်းအေးခြင်းကို အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက်  ပိုပြီး သိရှိသလို၊ တုန့်ပြန်မှုကလည်း လျှင်မြန်လို့ ဖြစ်ပါတယ်။ ရေနဲ့မှ မဟုတ်ပါဘူး။ အေးမြတဲ့ ရာသီဥတုမှာဆိုရင်လည်း ကျုံ့နေတာ များပါတယ်။

(၂) အိပ်ယာထချိန် ထောင်မက်ခြင်း

အမျိုးသားအများစုဟာ အိပ်ယာက ထပြီဆိုတာနဲ့ ဟိုကိစ္စ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ထောင်မက်နေတတ်ပါ
တယ်။ ဒါကို သိပ္ပံပညာအားဖြင့် Nocturnal Penile Tumescence လို့ ခေါ်ပြီး ကျန်းမာတဲ့ အမျိုးသားတိုင်း ကြုံရလေ့ ရှိပါတယ်။ ဒီပုံစံကို ကျန်းမာတဲ့အမျိုးသားတိုင်း တစ်ညကို သုံးကြိမ်မှ ငါးကြိမ်အထိ ကြုံရလေ့ရှိပြီး Testosterone Level ကို ခန္ဓာဗေဒနည်းအရ အားပြန်ဖြည့်တဲ့ သဘောဖြစ်ပြီး မနက်လင်းပိုင်း အိပ်ယာထချိန်ရောက်မှ အားပြန်ပြည့်တဲ့ သဘောလို့ ဆိုပါတယ်။

READ
လိင်ပညာပေးမေးခွန်းတွေကို ပွင့်လင်းစွာမေးနိုင်တဲ့App

(၃) လိင်နဲ့မကင်းသော အိပ်မက်

ဒီလို အိပ်မက်မျိုးကို မက်ဖူးကြပါလိမ့်မယ်။ ဒီလို အိပ်မက်မျိုးကို ကိုယ် တက်မက်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်နဲ့ အတူတွဲမက်လေ့ရှိပြီး တစ်ခါတရံမှာတော့ ကိုယ်မသိတဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမြဲတမ်းကြီး မက်တာတော့ မဟုတ်ပါဘူး။ Testosterone Level မြှင့်တင်မှု အားအလွန်ကောင်းတဲ့အချိန်မျိုးမှာ ဖြစ်တတ်ပြီး ဘာမှ လုံ့လမပြုရပါဘဲလျှက် စိုခြင်းရွှဲခြင်းလည်း ဖြစ်တတ်ပါတယ်။

(၄) ဘာရယ်မှန်းမသိပဲ ထောင်မက်ခြင်း

တစ်ခါတလေ အစည်းအဝေးခန်းထဲမှာ၊ လူမြင်ကွင်းမှာ စကားပြောချိန်၊ အရေးနဲ့အကြောင်း ချစ်သူရဲ့ မိဘနဲ့တွေ့ချိန်မှာ ကိုယ့်ညီလေးက ခေါင်းထောင်ကြည့်တတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အမျိုးသားတွေ ထိုင်ရမလို၊ ထသွားရမလို ဂွတီဂွကျ ဖြစ်တတ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ တစ်ခုခု အခက်အခဲဖြစ်တဲ့အခါ နှလုံးခုံ မြန်တယ်၊ သွေးပြန်
ကြောမှတစ်ဆင့် အမျိုးသား အင်္ဂါထဲကို သွေးစီးဆီးမှု မြန်ဆန်လို့ ဒီလို ဖြစ်ရတာပါ။ မကြာခင်မှာ အဲဒီလူဟာ အစည်းအ
ဝေးမှာ စကားပြောနေတာပဲဖြစ်ဖြစ် အခက်အခဲတစ်ခုတည်းမှာပဲဖြစ်ဖြစ် တည်ငြိမ်တဲ့ အနေအထားကို ရောက်သွားစေ
ပါတယ်။

READ
အမျိုးသမီးအသုံးအဆောင်အထဲကနေပြန်ထုတ်မရလို့ ဆေးရုံပြေးခဲ့ရတဲ့ကောင်မလေး

(၅) ကျားအချင်းချင်း ကွာခြားချက်

တစ်ခါတလေ အမျိုးသားအချင်းချင်း သာမန်အခြေအနေမှာ အရွယ်အစားတိုင်းတာမျိုး ရှိကြပါလိမ့်မယ်။ တစ်ချို့က သေးတယ်။ တစ်ချို့က ကြီးတယ်ပေါ့။ ဒါဟာ အပူချိန် အတူတူလောက် အခြေအနေမှာ ဘာဖြစ်လို့ ကွဲပြားတာလဲဆိုတော့ အမျိုးသား အင်္ဂါအမျိုးအစား နှစ်မျိုးရှိပါတယ်။ တစ်မျိုးကိုတော့ shower လို့ ခေါ်ပြီး အခြားတစ်မျိုးကိုတော့ grower လို့ ခေါ်ပါတယ်။

Shower အမျိုးအစားကတော့ သဘာဝအတိုင်း ရှိနေချိန်မှာ သာမာန်အရွယ်အစားထက် ကြီးနေတတ်ပြီး ကာမဆက်ဆံ
ချိန်မှာ ရှည်တဲ့လိင်တံကို ဖြစ်စေပါတယ်။ Grower ကတော့ အဲဒီလို မဟုတ်ပဲ သာမာန်အချိန်မှာ သေးနေတတ်ပြီး စိတ်ပါတဲ့အချိန်ဆိုရင် သုံးဆမှ လေးဆအထိ ရှိတတ်ပါတယ်။

ညီလင်းထက် (Shwemom)

source : lovepanky.com

SHARE