သရဲခြောက်တဲ့ ထောင်အခန်းမှာ လာနေဖို့ တရားဝင်ဖိတ်ခေါ်ခဲ့တဲ့ ရဲဌာန

အင်္ဂလန်နိုင်ငံ West Midland ရဲဌာနရဲ့ တရားဝင် Twitter စာမျက်နှာပေါ်မှ ထူးဆန်းတဲ့ ဖိတ်စာတစ်ခုကို တင်ထားခဲ့ပါတယ်။

အကြောင်းကတော့ သရဲအလွန်ခြောက်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ စိတ္တဇကွင်းစက်လူသတ်သမား Fred West နေသွားခဲ့တဲ့ ထောင်အခန်းမှာ တစ်ညတာတည်းခိုဖို့အတွက် တရားဝင်ဖိတ်ခေါ်ထားတာပဲဖြစ်ပါတယ်။

AP News

စိတ္တဇကွင်းစက်လူသတ်သမား Fred West အကြောင်း ဒီနေရာမှာ နည်းနည်းလေးပြောပြပါရစေ။ Fred West အကြောင်းပြောရင်တော့ သူ့မိန်းမဖြစ်တဲ့ Rosemary အကြောင်းလည်း မပါမဖြစ်ပါပဲ။ (၁၉၆၇) ခုနှစ်မှ (၁၉၈၇) ခုနှစ်အထိ နှစ် (၂၀) အတွင်း Fred West ဦးဆောင်ကာ Rosemary ကြံရာပါအဖြစ် Fred West ရဲ့ အစ်မအရင်းနဲ့ ပထမမိန်းမနဲ့ သမီးလေးအပါအဝင် အမျိုးသမီးအယောက် (၂၀) နဲ့ ကလေး (၁) ယောက်တို့ကို ပြန်ပေးဆွဲ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်းပြီး သတ်ပစ်ကာ နေထိုင်ရာ အိမ်အောက်တွေမှာ မြှုပ်ထားခဲ့ကြတာပါ။ ဒါတင်မကသေးပဲ Fred West ဟာ သူ့သားသမီးတွေကိုလည်း လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ (၁၉၉၅) ခုနှစ်မှပဲ Fred West အဖမ်းခံခဲ့ရပြီး ထောင်အခန်းထဲမှာပဲ ဆွဲကြိုးချသတ်သေခဲ့ပါတယ်။

READ
(၂၃၈) ပေါင်စီ ၀ိတ်ချနိုင်ခဲ့တဲ့ ဗြိတိန်က သားအမိ

နှစ်တွေကြာလာတော့ Fred West ထောင်နန်းစံခဲ့ရာ လန်ဒန်မှ အကျဉ်းထောင်ဟာ (၁၉၉၆) ခုနှစ်မှာ ပိတ်ခဲ့ရပေမယ့် အဆောက်အဦကတော့ Malmaison ဟိုတယ်အဖွဲ့အစည်းမှ ဆက်လက်ထိန်းသိမ်းခဲ့ပြီး မွန်းမံပြင်ဆင်မှုတွေ ပြုလုပ်ကာ Clink 78 တည်းခိုခန်းအဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

AP News
AP News
AP News
AP News
AP News

ဟိုတယ်ဖွင့်လှစ်ပြီးနောက်ပိုင်း Fred West သတ်သေခဲ့တဲ့ ထောင်အခန်းဟာလည်း ဟိုတယ်ခန်းအဖြစ် ပြောင်းလဲခဲ့ပြီး ဧည့်သည်တချို့ရဲ့ အတွေ့အကြုံအရ သရဲခြောက်တယ်ဆိုပြီး သတင်းတွေ အရင်ကတည်းက ပျံ့နှံ့နေခဲ့ပါတယ်။ ဒီသတင်းကြောင့်ပဲ လာမယ့် Halloween ပွဲနေ့ဖြစ်တဲ့ အောက်တိုဘာလ (၃၁) ရက်နေ့ ဒီအခန်းမှာ တစ်ညတာ တည်းခိုခွင့်နဲ့ အခြားသော အစီအစဉ်တွေအတွက် ဟိုတယ်နဲ့ ရဲဌာနတို့ပူးပေါင်းကာ ကြော်ငြာစာတစ်ခု ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

Source: news.com.au

READ
Goodnight,I love you-လို့ အမေ့ကိုနှုတ်ဆက်ပြီး​​ သေဆုံးသွားတဲ့ကလေးငယ်

Penny

 

SHARE