လမ်းမပေါ်က အကြမ်းဖက်မှုတွေကြားမှာ ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေတဲ့ Free Hugs Guy

Instagram/Ken Nwadike Jr

သူ့နာမည်ကတော့ Ken Nwadike Jr. ပါတဲ့။ San Diego မှာ နေထိုင်သူတစ်ဦးပါ။ သူဟာ documentary filmmaker တစ်ဦးဖြစ်သလို peace activist (ငြိမ်းချမ်းရေးလိုလားတဲ့ တက်ကြွလှုပ်ရှားသူ) တစ်ဦးလည်းဖြစ်ပါတယ်။ လူတော်တော်များများကတော့ သူ့ကို “Free Hugs Guy” ဆိုပြီး လူသိများကြပါတယ်။

ပထမဆုံး Free Hugs guy ဆိုပြီး နာမည်တွင်ခဲ့တာကတော့ ၂၀၁၄ ခုနှစ်တုန်းက ဘော့စတွန်မှာ ပြုလပ်ခဲ့တဲ့ မာရသွန်အပြေးပွဲမှာပါ။ မာရသွန်ပြိင်ပွဲမှာ ဗုံးဖောက်ခဲ့တဲ့ အဖြစ်အပျက်နောက်ပိုင်း တစ်နှစ်အကြာမှာ မှတ်မှတ်ရရပြုလုပ်ခဲ့တဲ့ ပွဲပဲဖြစ်ပါတယ်။ ဒီပွဲကို Ken ဟာ “Free Hugs” အခမဲ့ဖက်ပေးသည် ဆိုတဲ့ အင်္ကျီလေးဝတ်ကာ ရောက်သွားရင်း ပွဲမှာရှိတဲ့ ပြိုင်ပွဲဝင်တွေနဲ့ ပွဲကြည့်ပရိတ်သတ်တွေကို ဖက်လဲတကင်း မေတ္တာတွေ မျှဝေပေးခဲ့တာပါ။

လူတစ်ဦးနဲ့တစ်ဦး ဖက်တယ်ဆိုတာ တစ်ဦးမှာရှိတဲ့ မေတ္တာတရားတွေကို နောက်တစ်ဦးဆီကို ပို့ပေးရင်း အချင်းချင်းမေတ္တာဖလှယ်တဲ့ အပြုအမူလေးပါ။ ဖက်ခြင်းကြောင့် စိတ်ဖိဆီးမှုတွေ၊ ပင်ပမ်းနွမ်းနယ်မှုတွေပြေပျောက်စေပြီး လုံခြုံနွေးထွေးစေတယ်၊ ချစ်ခြင်းမေတ္တာတွေ ပိုမိုခိုင်မြဲစေတယ်။

READ
မဖြစ်နိုင်ဘူးဆိုတာမရှိကြောင်း သက်သေပြနေတဲ့ လက်မပါတဲ့ ဆံသဆရာလေး

အခုလည်း Ken ဟာ အမေရိကန်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကြားထဲ Charlotte နယ်မှာ လူထုထဲ ဝင်ရောက်ကာ ကြမ်းတမ်းမှုတွေနဲ့ သွေးဆူမှုတွေကို ဖြေဖျောက်ပေးဖို့ဆိုပြီး လုပ်နေကျအလုပ်အတိုင်း မေတ္တာတွေကို ဖက်ခြင်းမှ လိုက်လံဖလှယ်နေခဲ့ပါတယ်။ ပြည်သူတွေအပြင်ကိုမှ သက်ဆိုင်ရာဖက်မှ လုံခြုံရေးဝမ်းထမ်းတွေ၊ ရဲတွေနဲ့ စစ်သားတွေကိုပါ မေတ္တာတွေ ဖလှယ်ပေးနေခဲ့တာပါ။ ဒီပုံရိပ်တွေဟာလည်း Ken ရဲ့ ကိုယ်ပိုင် YouTube channel မှာပဲဖြစ်ဖြစ် တခြားလူတွေနဲ့ မီဒီယာတချို့တင်ထားခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေမှာပဲဖြစ်ဖြစ် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

View this post on Instagram

Peace and justice are possible. #ShareTheLove

A post shared by Ken Nwadike Jr. (@kennwadikejr) on

View this post on Instagram

Community Clean Up

A post shared by Ken Nwadike Jr. (@kennwadikejr) on

အခုဆိုရင် Ken ရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ Free Hugs campaign ဟာ ကမ္ဘာတစ်လွှားအရမ်းကို နာမည်ကြီးသွားခဲ့ပြီး 2020 Super Bowl ရဲ့ ပြိုင်ပွဲရဲ့ ကြော်ငြာအစီအစဉ်မှာတောင် ပါဝင်ခွင့်ရခဲ့ကြောင်း Fox News သတင်းဌာနရဲ့ ရေးသားချက်တွေကို ကိုးကားပြီး Ken ရဲ့ ပရဟိတလုပ်ငန်းစဉ်တွေ အကြောင်းကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

READ
ဆိုရှယ်မီဒီယာပေါ်မှာ အပြန်အလှန် ကြင်နာနေကြတဲ့ John Cena နဲ့ Shah Rukh Khan

Penny

SHARE