ပင်နယ်တီဧရိယာထဲမှာ ပင်နယ်တီမဟုတ်တဲ့ ပြစ်ဒဏ်ဘောအလန်းစားဂိုးများ

ပင်နယ်တီဧရိယာထဲမှာ ဂိုးသမားနဲ့ နောက်တန်းတွေ၊ ခံစစ်ကစားရင်း တစ်ဖက်ကစားသမားတစ်ဦးဦးကို မတော်တဆ ပြစ်ဒဏ်ကျူးလွန်ခဲ့ရင်၊ သို့မဟုတ် ပြစ်ဒဏ်လို့သတ်မှတ်လို့ရနိုင်တဲ့ လက်ထိဘောကဲ့သို့သော ကျူးလွန်မှုမျိုး ပြုလုပ်မိရင် ဒိုင်တွေက များသောအားဖြင့် တစ်ဖက်အသင်းကို ပင်နယ်တီကန်သွင်းခွင့် ပေးရလေ့ရှိပါတယ်။

ဒါပေမယ့် ကွင်းလယ်ဒိုင်လူကြီးတွေဟာ ပင်နယ်တီပြစ်ဒဏ်ကို ငြင်းပယ်ပြီး၊ နှစ်ဆင့်ကန်ပြစ်ဒဏ် ခွင့်ပြုမယ်ဆိုရင်လည်း ခွင့်ပြုလို့ရပါတယ်။ ယင်းနှစ်ဆင့်ကန် ပြစ်ဒဏ်ဘောမှာ တစ်ဘက်အသင်း ကစားသမားတစ်ဦးဦးက ဘောလုံးကို တို့ထိလိုက်မှသာ In play ဖြစ်ပြီး၊ ခံစစ်ကစားတဲ့အသင်းက လုခွင့် ဖျက်ခွင့်ရှိပါတယ်။

ပင်နယ်တီပြစ်ဒဏ်ဘောကိုလည်း ယခုလို နှစ်ဆင့် ကန်သွင်းချင်တယ်ဆိုရင်လည်း ကန်သွင်းလို့ ရပါတယ်။ (ထိုပုံစံဖြင့် မက်ဆီ-ဆွာရက်ဇ်တို့လည်း ဂိုသွင်းယူခဲ့ဖူး) အခု Shwemom ရဲ့ ပရိသတ်ကြီးအတွက် ပင်နယ်တီဧရိယာထဲမှာ ပင်နယ်တီမဟုတ်တဲ့ ပြစ်ဒဏ်ဘောကနေတစ်ဆင့် ကန်သွင်းယူခဲ့တဲ့ အလန်းစားဂိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ညီလင်းထက် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE