ရက်ထပ်ရက်မှာ ချစ်သူဆီချစ်ခွင့်ပန်မယ့် အမျိုးသမီးတွေကို အခမဲ့တည်းခိုခွင့်ပြုမယ့် ဟိုတယ်

Hotel Rangá

အိုက်စ်လန်နိုင်ငံက Rangá ဟိုတယ်ဟာ မြို့တော် Reykjavik ကနေဆို ကားနဲ့ တစ်နာရီ ခရီးသာ ရှိပါတယ်။ (၄) နှစ်မှ တစ်ရက်သာရှိတဲ့ ယခုနှစ် ဖေဖော်ဝါရီ (၂၉) ရက်အတွက်တော့ Rangá ဟိုတယ်က ထူးခြားတဲ့ ပရိုမိုးရှင်းတစ်ခု စီစဉ်ထားပါတယ်။ အဲ့ဒါက တကယ်လို့ အမျိုးသမီးတွေဟာ မိမိတို့ရဲ့ချစ်သူကို ဖေဖော်ဝါရီ (၂၉) မှာ ချစ်ခွင့်ပန်ပြီး လက်ထပ်ခွင့်ရခဲ့ရင် ဟိုတယ်က တစ်ည အလကားတည်းခိုဖို့ စီစဉ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Hotel Rangá

Insider ကနေတဆင့်သိရတဲ့ သတင်းမှာတော့ ဟိုတယ်ဟာ အမျိုးသမီးတွေကို Rangá ဟိုတယ်မှာ လက်ထပ်ခွင့်တောင်းနိုင်ဖို့ အစအဆုံး အကုန်စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။ ရေတံခွန်အောက်မှာ မိမိတို့ချစ်သူကို လက်ထပ်ခွင့်တောင်းမလား၊ ဒါမှမဟုတ် ဟယ်လီကော်ပတာငှားပြီး ဟိုတယ်ကို လာမလား စသဖြင့် ကိုယ်လိုချင်တဲ့ပုံစံကို ဟိုတယ်က စီစဉ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။

READ
2D ကမ္ဘာထဲ ရောက်သွားသလို ခံစားသွားရစေမယ့် ဂျပန်နိုင်ငံက ကော်ဖီဆိုင်လေး
Hotel Rangá

ဟိုတယ်ရဲ့ မားကတ်တင်းမန်နေဂျာဖြစ်သူ Eyrún Aníta Gylfadóttir ကတော့ “အိုက်စ်လန်က အမျိုးသမီးတွေအတွက်တော့ အရမ်းကောင်းတဲ့ နိုင်ငံပါ။ ရက်ထပ်နှစ်တွေရဲ့ဖေဖော်ဝါရီ (၂၉) မှာ အမျိုးသမီးတွေက ကိုယ်နှစ်သက်တဲ့ အမျိုးသားကို ချစ်ခွင့်ပန်နိုင်တဲ့ အစဉ်အလာရှိပါတယ်..”

Hotel Rangá

“.. အခု ကျွန်တော်တို့ ဟိုတယ်က ဖေဖော်ဝါရီ (၂၉) မှာ ချစ်သူကို ကိုယ်တိုင်ချစ်ခွင့်ပန်ချင်တဲ့ အမျိုးသမီးတွေကို ကူညီပေးနေပါတယ်။ ဟိုတယ်က အကုန်စီစဉ်ပေးမှာဖြစ်ပြီး စုံတွဲတွေနဲ့အတူ ပျော်စရာလေးတွေဖြစ်ဖို့ အစီအစဉ်တွေ ရှိပါတယ်။ ဟိုတယ်ရဲ့နေရာလေးက တော်တော်လှပါတယ်။ စုံတွဲတွေအတွက် ထူးထူးခြားခြားပွဲလေးတွေ ကျင်းပဖို့ အရမ်းအဆင်ပြေပါတယ်…” လို့ဆိုခဲ့တာ ဖြစ်ပါတယ်။

Hotel Rangá

Rangá ဟိုတယ်ကို (၁၉၉၉) ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး အခန်းပေါင်း (၅၂) ခန်းနဲ့ ဖွဲ့စည်းထားပါတယ်။ တကယ်လို့ ကိုယ်ချစ်ခွင့်ပန်တဲ့သူက ခေါင်းညိမ့်ခဲ့ရင်တော့ အိုက်စ်လန်ရဲ့ အထူးအစားအစာတွေဖြစ်တဲ့ ဟင်းလျာတွေနဲ့ ဟိုတယ်က ဧည့်ခံပေးဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဟိုတယ်မှာ ရေနွေးကန်တွေလည်း ရှိပြီး ညဘက်မှာတော့ ရေနွေးကန်ထဲ ရေစိမ်ရင်း ချစ်ရသူနဲ့အတူ northern lights ကြည့်ကာ အပန်းဖြေအနားယူနိုင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

READ
တစ်သက်မှာတစ်ကြိမ်တော့ အီဂျစ်နိုင်ငံဆီ သွားလည်သင့်တဲ့ အကြောင်းများ

လင်းလင်း (ShweMom)

SHARE