လက်မှတ်အစား စာအုပ်ပြသူတွေကို ရထားအလကားစီးခွင့်ပေးနေတဲ့ နယ်သာလန်

နယ်သာလန်က စာအုပ်ချစ်သူတွေဟာ နိုင်ငံက နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ဒတ်ရှ်စာပေ အခမ်းအနားတစ်ခုဖြစ်တဲ့ Boekenweek မှာ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေကြပါတယ်။ (၁၉၃၂) ခုနှစ်ကတည်းက ကျင်းပခဲ့တဲ့ ဒီပွဲဟာ အခုဆိုရင် စာအုပ်ချစ်သူတွေကို ရထားတောင် အလကားစီးခွင့်ပေးတဲ့အထိ ချီးမြှင့်ခဲ့ပါတယ်။

elitereaders

သတင်းဌာနတွေအရ ခရီးသွားသူတွေဟာ ရထားလက်မှတ်ပြမယ့်အစား စာအုပ်တစ်အုပ်ကို လက်မှတ်စစ်ဆီ ပြသဖို့ လိုပါလိမ့်မယ်။ ဒါဆိုရင်တော့ ရထားခကောက်ခံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သတ်မှတ်ထားတဲ့ စာအုပ်တစ်အုပ်တော့ ရှိပါတယ်။ ယခုနှစ်အတွက် သတ်မှတ်ထားတဲ့ စာအုပ်ကတော့ စာအုပ်ဆရာ Jan Siebelink ရဲ့Jas Van Belofte အမည်ရတဲ့ ၀တ္ထုပဲ ဖြစ်ပါတယ်။ စာအုပ်အရောင်းဆိုင်ဘယ်ဆိုင်မဆို အနည်းဆုံးယူရို(၁၂.၅၀) တန်ဖိုးရှိတဲ့ ဒတ်ရှ်စာအုပ်တွေ ၀ယ်ယူရုံနဲ့ Jas Van Belofte ၀တ္ထုကို အလကားရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ခရီးသွားသူတွေဟာ ထိုဝတ္ထုပိုင်ဆိုင်ထားရုံနဲ့ ရက်သတ္တပတ် တစ်ပတ်တာ အလကားရထားစီးခွင့်ရနေပြီ ဖြစ်ပါတယ်။

READ
ရင်ထဲထိရှစေမယ့် လူတစ်ဦးနဲ့ ခွေးတစ်ကောင်တို့ရဲ့ ကြည်နူးဖွယ် မြင်ကွင်းလေး
elitereaders

ရထားလမ်းကုမ္ဗဏီတစ်ခုဖြစ်တဲ့ Nederlandse Spoorwegen ဟာ များသောအားဖြင့် နယ်သာလန်နိုင်ငံတွင်း ပွဲတော်တွေကို ကြီးမှူးစီစဉ်တာပါ။ ထိုကုမ္ဗဏီက တာဝန်ရှိသူတစ်ဦးကတော့ NS အနေနနဲ့ ရထားအလကားစီးခွင့်တွေကို သတ်မှတ်စီစဉ်လာတာ အခုဆို (၁၈) တိုင်တိုင် ရှိပြီဖြစ်ကြောင်းနဲ့ ရထားပေါ်မှာ အချိန်ဖြုန်းဖို့ အကောင်းဆုံးဟာ စာအုပ်ဖတ်ခြင်းဖြစ်တာကြောင့် ကုမ္ဗဏီအနေနဲ့ အခုလို စီစဉ်ပေးတာဖြစ်ကြောင်း ပြောပြပါတယ်။

elitereaders

ထိုစဉ်မှာပဲ Jas Van Belofte ကိုရေးသားသူ စာရေးဆရာ Jas Van Belofte ကိုယ်တိုင်ဟာလည်း Utrecht မြို့စီကိုသွားတဲ့ ရထားပေါ်ကို စီးနင်းလိုက်ပါလာခဲ့ပါသေးတယ်။ သူကတော့ “..ခရီးသည်တွေရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာကို ကျွန်တော်တွေ့ရတာ စိတ်ချမ်းသာပါတယ်။ ကျွန်တော်တို့ လမ်းမှာ အကြောင်းအရာ အမျိုးစုံကို ပြောခဲ့ကြပါတယ်။ ရထားပေါ်မှာ ကလေးတွေနဲ့လည်း တွေ့ရတာကြောင့် သူတို့တွေလည်း စာအုပ်ဖတ်ကြလိမ့်မယ်လို့ ကျွန်တော်တော့ မျှော်လင့်တာပါပဲ။ ကလေးတွေ စာဖတ်လာအောင် လှူံ့ဆော်ပေးတဲ့ ပွဲလို့ ဆိုနိုင်ပါတယ်…” လို့ ပြောပြခဲ့ပါတယ်။

READ
ငါးစိမ်းရောင်းပြီး သားဖြစ်သူကို ဆရာဝန်ဖြစ်တဲ့အထိ ကျောင်းထားပေးခဲ့တဲ့ အာဂမေမေ

လင်းလင်း (ShweMom)

Ref: elitereaders, independent

SHARE