ပြင်သစ်နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့ဖြစ်တဲ့ Lyon မြို့လေးက လမ်းမတွေပေါ်မှာ မထင်ရင်မထင်သလို အနုပညာလက်ရာပန်းချီကားလေးတွ တွေ့ရတတ်ပါတယ်။ များသောအားဖြင့် ကာတွန်းပုံလေးတွေပေါ့။


အဲဒီကာတွန်းပုံလေးတွေရဲ့ ဖန်တီးရှင်ကတော့ Cal ပါတဲ့။ Cal ဟာ vandal artist တစ်ဦးအဖြစ် ခံယူထားတဲ့ အနုပညာရှင်ပေါ့။ အများပိုင်လမ်းမတွေပေါ်မှာ ပန်းချီလေးတွေ၊ အရုပ်လေးတွေဆွဲတာမျိုးပါ။
View this post on Instagram
သူ့ရဲ့အထင်ကရ လက်ရာဆိုရင် လမ်းဘေးက ရေဆင်းပိုက်ထဲကနေပြီး ငါးနီနီလေးတွေ လွတ်အောင် ကူးနျေတဲ့ ပုံလေးပဲဖြစ်ပါတယ်။

လူတွေက သူ့ရဲ့လက်ရာတွေကို ပေါ့ပါ့ပါးပါးလေးပါပဲလို့ မှတ်ချက်ပေးပြေမယ့်လို့ Cal ကတော့ ဒီလိုလက်ရာတွေကိုဖန်တီးဖို့အတွက် ဘယ်လိုမျိုးတွေ အသေးစိတ်လုပ်ခဲ့ရလဲဆိုတာကို Boredpanda ကိုပြောပြခဲ့ပါတယ်။ သူ့ရဲ့လက်ရာလေးတွေဟာ ပုံနဲ့နေရာနဲ့ အခြေအနေနဲ့ အမြဲတမ်း ကိုက်ညီမှုရှိနေဖို့ဆိုတာ အဓိကသော့ချက်ပါပဲတဲ့။ ဆိုလိုတာ ဒီပုံလေးကိုပဲကြည့်ပါဦး။ Cal ဆွဲထားတဲ့ ခိုလေးတွေနဲ့ ခိုအစစ်တို့ ရိုက်ထားတဲ့ပုံပါ။ အဲဒီနေရာဟာ အမြဲတမ်း ခိုလေးတွေ ကျက်စားနေတဲ့နေရာဆိုတာ Cal တစ်ယောက်မသိထားရင် အခုလိုမျိုး သူ့ရဲ့လက်ရာဟာ ပနံသင့်နေမှာမဟုတ်ပါဘူး။

ဒါကြောင့် Cal တစ်ယောက် အမြဲတမ်း လမ်းလျှောက်နေပြီးတော့ ချောင်ချိုချောင်ကြားပါမကျန် အမြင်အာရုံစူးရှစွာ လိုက်ကြည့်တတ်ပြီး စိတ်ကူးကလည်း ဖန်တီးနိုင်မှုစွမ်းအားကောင်းနေမှပဲ အခုလိုလက်ရာလေးတွေရမှာဖြစ်ပါတယ်။


ဒါကတော့ Cal ရဲ့ လက်ရာလေးတွေထဲက တစ်ချို့ပဲဖြစ်ပါတယ်။ တစ်ချို့သောလက်ရာလေးတွေဟာ ရာသီဥတုအခြေအနေနဲ့ ဖျက်ပစ်ခံရ၊ မခံရပေါ်မှာမူတည်ပြီး နှစ်အများကြီးကို ကြာတတ်ကြပါတယ်တဲ့။



၂၀၂၀ ရဲ့ ပရောဂျက်ကိုတော့ Cal တစ်ယောက် စာအုပ်အတုလေးတွေ လုပ်ဖြစ်နေပါတယ်လို့လည်း ပြောထားပါတယ်။ Cal တစ်ယောက် အုပ်ခဲနဲ့ စာအပ်အတု ၁၀ အုပ်ကို ရေးဆွဲခဲ့ပြီး ၅ အုပ်ကိုတော့ လမ်းမတွေပေါ်မှာ သူ့လက်ရာကိုချစ်မြတ်နိုးတဲ့ ပရိတ်သတ်တွေ လိုက်ရှာလို့ရအောင် Lyon မြို့လေးထဲမှာ ဝှက်ထားပါတယ်တဲ့။ နောက် ၅ အုပ်ကတော့ သူ့ရုံးခန်းမှာ အလှထားထားပါတယ်။
အကယ်၍များ သင်ဟာ Lyon ကိုရောက်ဖြစ်ခဲ့မယ်ဆိုရင် Cal ရဲ့ လက်ရာလေးတွေကို လိုက်ရှာပြီး ခံစားဖို့မမေ့နဲ့နော်။

Penny