အမြောက်တွေ လေဆာတွေ ပါတဲ့ ဂြိုဟ်တုမျိုး လွှတ်တင်တော့မယ်ဆိုတဲ့ ပြင်သစ်

Shutterstock/Dima Zel

၂၀၁၉ ဇူလိုင်လလယ်တုန်းကလောက်မှာတော့ ပြင်သစ်နိုင်ငံ သမ္မတ Emmanuel Macron ကနေ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ ပြင်သစ်စစ်တပ်ကနေ နိုင်ငံပိုင် ဂြိုဟ်တုတွေကို ကာကွယ်မယ့် ဗျူဟာသစ်တစ်ခု ရေးဆွဲထားပြီဆိုတဲ့အကြောင်း ဖြစ်ပါတယ်။ အစီအစဉ်ရေးဆွဲထားရုံသက်သက် မဟုတ်တော့ဘဲ ဘတ်ဂျက်ပါ သတ်မှတ်ထားပြီဖြစ်ပြီး ၂၀၃၀ အမီ လက်တွေ့ဖော်ဆောင်သွားဖို့ ရှိနေတဲ့ ကာကွယ်ရေးဗျူဟာအကြီးစားတစ်ခု ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် သတင်းဌာနဖြစ်တဲ့ Le Point ကနေ ဖော်ပြထားတာပါ။

ပြင်သစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Florence Parly ရဲ့ ပြောကြားချက်အရတော့ အာကသထဲ လွှတ်တင်မယ့် ကာကွယ်ရေးစနစ် ဂြိုဟ်တုတွေအတွက် ဘတ်ဂျက်ငွေကို ယူရို သန်း ၇၀၀ သတ်မှတ်ထားပါတယ်။ ၂၀၂၅ ခုနှစ်မှာ ဘီလီယံယူရို ၄.၃ သန်းအထိ ရင်းနှီးသုံးစွဲသွားကြမှာ ဖြစ်ပါတယ်။ ပြင်သစ်ပိုင် ဂြိုဟ်တုတွေကို ကာကွယ်ဖို့ လွှတ်တင်မယ့် အဆိုပါ ဂြိုဟ်တုစနစ်ကိုတော့ နာနိုနည်းပညာနဲ့ တည်ဆောက်သွားမှာ ဖြစ်ပြီး ဂြိုဟ်တုမှာ အမြောက်တွေ၊ လေဆာတွေပါ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ ရန်သူ့ဂြိုဟ်တုတွေကို ထောက်လှမ်းနိုင်မယ့် ကင်မရာတွေလည်း ပါရှိမှာ ဖြစ်ပြီး အခြားဂြိုဟ်တုတွေကို ဖျက်ဆီးပစ်နိုင်မယ့် စွမ်းဆောင်ရည်မျိုးလည်း ရှိမယ့် ဂြိုဟ်တုစနစ်ဖြစ်တယ်လို့ သိရပါတယ်။

READ
အသက် ၁၀ နှစ်အရွယ်မှာ နည်းပညာကိုယ်ပိုင်ကုမ္ပဏီ စထောင်ခဲ့တဲ့ ကောင်မလေး
Shutterstock/Andrey Armyagov

Task & Purpose သတင်းဌာနအရ Parly က အထက်ဖော်ပြပါ ကာကွယ်ရေးဂြိုဟ်တုစနစ်နဲ့ ပတ်သက်လို့ ရည်ရွယ်ချက်ကို ဆက်လက်ရှင်းပြခဲ့ပါသေးတယ်။ လက်နက်တွေ ပါဝင်မယ့် ဂြိုဟ်တုဟာ မိမိနိုင်ငံနဲ့ နိုင်ငံပိုင် ဂြိုဟ်တုတွေကို ကာကွယ်ဖို့ သက်သက်သာဖြစ်ပြီး အခြားနိုင်ငံတွေအပေါ် စတင်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ၎င်းဂြိုဟ်တုစနစ်ဟာ နျူကလီးယားလက်နက်တွေနဲ့ ပျက်စီးမှုကြီးတွေကို ဖြစ်စေနိုင်တဲ့ အခြားလက်နက်တွေအတွက် UN နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကိုလည်း လုံးဝဖောက်ဖျက်မှု မရှိကြောင်း အာမခံထားပါတယ်။

Shwemom

SHARE