(၁၃) ရက် သောကြာမှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပျက်ခဲ့ကြတဲ့ ဖြစ်ရပ်ဆိုးများ

Unsplash/Waldemar Brandt

တကယ်လို့ ဘယ်လမဆို (၁၃) ရက်ကျရောက်တဲ့နေ့ဟာ သောကြာနေ့သာ ဖြစ်ခဲ့မယ်ဆိုရင် ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ ကြုံတွေ့ရတတ်ကြောင်း ယူဆသူတွေရှိပါတယ်။ Stree Management Center and Phobia Institute အရ (၁၃) ရက်သောကြာနေ့တွေမှာ ဒေါ်လာသန်းပေါင်း (၇၀၀) ကနေ (၈၀၀) ကြား ဆုံးရှုံးကြပါတယ်တဲ့။ အကြောင်းရင်းတော့ လူတွေဟာ အဲ့ဒီနေ့မှာ ဈေးဝယ်တာ၊ ခရီးထွက်တာနဲ့ စီးပွားရေးကိစ္စတွေကို မပြုလုပ်ကြတာကြောင့်ပါ။ အချို့ကလည်း ဒါဟာ အယူသီးမှုသက်သက်ပါလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် (၁၃) ရက် သောကြာမှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားခဲ့တဲ့ အဖြစ်ဆိုးတွေလည်း ရှိနေခဲ့တာကို insider ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

ကွန်ပြူတာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့ခြင်း

unsplash/Markus Spiske

(၁၉၈၉) ခုနှစ် ဇန်န၀ါရီလ (၁၃) ရက်နေ့မှာ ကွန်ပြူတာဗိုင်းရပ်စ်တစ်မျိုးဟာ အင်္ဂလန်မှာ ပြန့်ပွားနေခဲ့ပါတယ်။ ဗိုင်းရပ်စ်အမည်က “Friday the 13th Virus” ဖြစ်ကာ ရာပေါင်းများစွာသော ကွန်ပြူတာတွေဟာ ဗိုင်းရပ်စ်ဒဏ်ကို ခံခဲ့ရပါတယ်။ ၄င်းဗိုင်းရပ်စ်ဟာ သိမ်းထားတဲ့ ကိုယ်ပိုင်ဖိုင်တွေအားလုံးကို ဖျက်ပစ်ပြီး ကွန်ပြူတာတွေကို နှေးကွေးစေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းတာကတော့ ဗိုင်းရပ်စ်ဟာ အတ္တလန္တိတ်သမုဒ္ဒရာကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

READ
(၂၀၁၈) ခုနှစ်တွင်း တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားခြင်းခံရဆုံး သတင်းများ

ရေကြီးရေလျှံမှုတွေနဲ့ ကြုံခဲ့ရတဲ့ ကန်းဆတ်ပြည်နယ်

Marion Doss/Flickr

(၁၉၅၁) ခုနှစ် ဇူလိုင်(၁၃) ရက်နေ့မှာ အမေရိကန်နိုင်ငံ ကန်းဆတ်ပြည်နယ်ထဲ မုန်တိုင်းကြောင့် မိုးရေချိန်(၂၅) လက်မနဲ့အထက် ရွာသွန်းပြီး ပြည်နယ်တစ်ခုလုံး ဒုက္ခရောက်ခဲ့ရပါတယ်။ မိုးရေတွေကြောင့် နယ်မြေဧကပေါင်း (၂) သန်း ရေမြှုပ်ခဲ့ရတဲ့အပြင် မုန်တိုင်းဟာ လောင်စာဆီတိုင်ကီကြီးတွေကိုပါ မီးလောင်ပေါက်ကွဲပျက်စီးစေခဲ့ပါတယ်။

အသက်(၁၃) နှစ်အရွယ် ဗြိတိန်ကောင်လေးတစ်ဦး မိုးကြိုးပစ်ခံရခြင်း

အင်္ဂလန်နိုင်ငံမှာ အမည်မသိဆယ်ကျော်သက်ကောင်လေးတစ်ဦးဟာ လေယာဉ်ရှိုးကြည့်နေတုန်း ပုခုံးကို ရှပ်ပြီး မိုးကြိုးပစ်ခံလိုက်ရပါတယ်။ ကောင်လေးဟာ အံ့သြဖွယ်ရာ အသက်မသေပဲ ရှိခဲ့ကြောင်း သိရပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဘက်ကင်ဟမ်နန်းတော် ဗုံးကြဲခံရခြင်း

ဒုတိယကမ္ဘာစစ်အတွင်း (၁၉၄၀) ခုနှစ် စက်တင်ဘာ (၁၃) ရက်မှာ ဂျာမန်စစ်တပ်ဟာ ဘက်ကင်ဟမ်နန်းတော်ကို ဗုံးကြဲချခဲ့ပါတယ်။ ဗုံးဟာ နန်းတော်ရော၊ နန်းတော်ထဲက ဘုရားကျောင်းကိုရော ထိမှန်ပါတယ်။ ပိုထိတ်လန့်စရာကောင်းတာက ဗုံးကြဲတဲ့အချိန်မှာ ဘုရင်ရော၊ ဘုရင်မကြီးရော နန်းတော်မှာ ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

READ
ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းချင်ရင် ခါးသီးတဲ့ ဒီအမှန်တရားတွေကို လက်ခံလိုက်ပါ

အမျိုးသမီးတစ်ဦး ရက်စက်စွာ သတ်ဖြတ်ခံရခြင်း

Wikipedia

အမေရိကန် နယူးယောက်မြို့Queens မှာနေထိုင်သူ ကစ်တီဂျီနိုဗိစ်အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ (၁၉၆၄) ခုနှစ် မတ်လ (၁၃) ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ သူမဟာ ၀င်စတန်မောစ်စလေအမည်ရှိသူ အမျိုးသားရဲ့ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ထူးခြားတာက အခင်းဖြစ်စဉ် ၀ရုန်းသုန်းကားဖြစ်နေတဲ့ အသံတွေကို လူပေါင်း(၃၈) ဦးနီးပါး ကြားခဲ့ရပေမယ့် တစ်ဦးမှ ရဲမခေါ်ခဲ့ကြဘူးလို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE