အသစ်ထွက်ရှိတော့မယ့် စကားအပြန်အလှန်ပြောနိုင်တဲ့ ရေခဲသေတ္တာအမျိုးအစား

ရေခဲသေတ္တာကြီးကို စိုက်ကြည့်ပြီး ဘာလုပ်ရမလဲ အကြာကြီးစဉ်းစားနေတတ်သူတွေအတွက် အကူအညီရောက်လာပါပြီ။ အသုံးပြုသူတွေ စကားပြောနိုင်ပြီး ညွှန်ကြားချက်ပေးနိုင်တော့မယ့် ရေခဲသေတ္တာအမျိုးအစားသစ်ကို တောင်ကိုရီးယား brand တစ်ခုဖြစ်တဲ့ Samsung ကနေ ထုတ်လုပ်တော့မှာဖြစ်ကြောင်း သိရပါတယ်။ Alexa နဲ့ Siri တို့အသံနဲ့ ပြန်လည်ဖြေကြားမယ့် Bixby အသံထိန်းချုပ်မှုဆော့ဖ်ဝဲကို သုံးပြီး ရေခဲသေတ္တာအမျိုးအစားသစ်ကို တီထွင်ထားခြင်းဖြစ်ပါတယ်။

၎င်းရေခဲသေတ္တာအမျိုးအစားသစ်ဟာ လူတစ်ဦးချင်းစီရဲ့ အသံတွေကို မှတ်ထားပြီး တုံ့ပြန်နိုင်ကာ အချက်အလက်တွေ ပေးနိုင်မယ်လို့ သိရပါတယ်။ Wi-Fi ချိတ်ဆက်အသုံးပြုနိုင်တဲ့ Touch Screen ပါရှိပြီး ထည့်ထားတဲ့ ပစ္စည်းတွေကို စီမံနိုင်တဲ့အပြင် အခြားမိသားစုဝင်တွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ရေခဲသေတ္တာမှာ အသံစနစ်ကောင်းတဲ့ AKG စပီကာတွေလည်း ပါဝင်ပြီး အလင်းနဲ့ အပူချိန်တို့ကို အတိုးအလျှော့လုပ်နိုင်တဲ့အပြင် လုံခြုံရေးကင်မရာပါ ပါရှိမှာဖြစ်တဲ့အတွက် Sumsung ရဲ့ SmartThings ထုတ်ကုန်အုပ်စုထဲက တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ ၄င်းရေခဲသေတ္တာမှာ ဟင်းချက်နည်းတွေနဲ့ မတည့်တဲ့အစားအသောက်တွေကိုလည်း ဖော်ပြပေးမယ့် အစားအသောက် စီစဉ်မှုစနစ်လည်း ထည့်သွင်းထားပြီး သတ်မှတ်ရက်ကျော်လို့ မစားသုံးသင့်တဲ့ အစားအစာတွေကိုပါ ဖော်ပြပေးနိုင်မှာပါ။

READ
ကလေးတွေအတွက် ‘Facebook for kids’ app ကို ဗြိတိန်ကျောင်းများတွင် စတင်အသုံးပြု

HomeAdvisor, Pinterest စတဲ့ ကုမ္ပဏီများနဲ့လည်း ပူးပေါင်းလုပ်ဆောင်သွားမယ့် Sumsung ကုမ္ပဏီက ၄င်းရေခဲသေတ္တာမှာ အခြားလုပ်ဆောင်ချက်တွေလည်း ထည့်သွင်းသွားဦးမှာဖြစ်ပြီး ဈေးနှုန်းကိုတော့ အတိအကျမသိရသေးဘဲ လာမယ့်နွေဦးမှာ စတင်ဖြန့်ချိမှာဖြစ်ကြောင်းသိရပါတယ်။ ရေခဲသေတ္တာက သင့်ရဲ့ ညွှန်ကြားချက်ကို ငြင်းဆန်နိုင်တဲ့ “No” လို့ပြန်ပြောမယ့် လုပ်ဆောင်ချက် ပါဝင်မှုရှိ မရှိတော့ မသိရသေးဘူးဖြစ်ပါတယ်။

White (Shwemom)

Ref: Metro

SHARE