ကြက်အူချောင်း သုံးထပ်သား ခေါက်ဆွဲကြော်ပြုလုပ်နည်း

ဒီတစ်ခါ ကြက်အူချောင်း၊ သုံးထပ်သားတို့နဲ့ ခေါက်ဆွဲကြော်ပြုလုပ်နည်းလေးကို ဖော်ပြပေးပါ့မယ်။

လိုအပ်သောပစ္စည်းများ

  • အသင့်စားခေါက်ဆွဲ ၃ ထုပ်
  • ကြက်အူချောင်း ၅ ချောင်း
  • သုံးထပ်သား ၁၀ သား
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငံပြာရည် အနည်းငယ်
  • ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သားမှုန့် အနည်းငယ်
  • ဆီ အနည်းငယ်
  • ပြောင်းဖူးနု ၆ ချောင်း

ပြုလုပ်ပုံအဆင့်ဆင့်

  • ခေါက်ဆွဲကို အရမ်းမနူးအောင် ပြုတ်ပြီး ရေစစ်ထားပါ။
  • ဒယ်အိုးထဲကို ဆီထည့်ပြီး အပူပေးပါ။
  • ဆီပူပြီဆိုရင် ခရုဆီ၊ ပဲငံပြာရည်တို့ကိုထည့်ပါ။
  • သုံးထပ်သားကိုထည့်ပါ။
  • သုံးထပ်သားကျက်ရင် ကြက်အူချောင်းကို လှီးပြီးထည့်ပါ။
  • ပြီးရင် ပြောင်းဖူးနုလေးတွေကို လှီးထည့်ပါ။
  • နောက်ဆုံးမှာ ခေါက်ဆွဲ၊ ကြက်သားမှုန့်၊ ငံပြာရည်တို့ကို ထည့်ပါ။
  • သေသေချာချာ မွှေပြီး ခေါက်ဆွဲကျက်ရင် မီးပေါ်မှချပြီးတော့ သုံးဆောင်နိုင်ပါပြီ။
  • ချက်ပြုတ်နေစဉ် မီးမရမ်းမပြင်းစေရန် သတိပြုပါ။
READ
ပုဇွန်အာလူးလိပ်ပြုလုပ်နည်း

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE