အနံ့အရသာလေးနဲ့ပြည့်စုံပြီး စားလို့အရမ်းကောင်းတဲ့ အသားသီးစုံထမင်းကြော်နည်း

ခုဖော်ပြပေးမယ့်နည်းလမ်းလေးကတော့ အရမ်းကို စားကောင်းပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အသားသီးစုံ ထမင်းကြော်နည်းလေးဖြစ်ပါတယ်။

လိုအပ်သောပစ္စည်းများ
  • ထမင်းဖြူ နှစ်ယောက်စာ
  • ကြိုက်နှစ်သက်ရာအသား အနည်းငယ်
  • ရွှေပဲသီး အနည်းငယ်
  • ပဲစေ့ အနည်းငယ်
  • ပဲပင်ပေါက်
  • စပါးလင်
  • ကြက်သွန်ဖြူ
  • ငရုတ်ပွ
  • နံနံပင်
  • ခရုဆီအနည်းငယ်
  • ဆား
  • ထောပတ်ဆီအနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်

  • စပါးလင်နှင့်  ကြက်သွန်ဖြူကိုထောင်းပါ။
  • ငရုတ်ပွကို ပါးပါးသေးသေးလေးတွေ လှီးပါ။
  • ဒယ်အိုးထဲတွင်ထောပတ်ဆီထည့်၍ ဆီပူလာလျှင် စပါးလင်နှင့် ကြက်သွန်ဖြူကိုထည့်ကာ ဆီသတ်ပါ။
  • အသားကို ပါးပါးလေးလှီး၍ ထည့်ပါ။
  • အသားကျက်လျှင် ရွှေပဲသီးနှင့် ပဲစေ့၊ ပဲပင်ပေါက်၊ နံနံပင်တို့ကို ထည့်ပါ။
  • ဆားထည့်ပါ။ ခရုဆီထည့်ပါ။
  • ပြီးလျှင် ထမင်းဖြူကိုထည့်၍ အဆက်မပြတ်မွှေပေးပါ။
  • ၁၀ မိနစ်လောက်မွှေပေးပြီးလျှင် မီးဖိုပေါ်မှချ၍ သုံးဆောင်နိုင်ပါပြီ။
READ
အမျိုးသမီးတွေအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်များ

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE