ကင်းမွန်ကြော် မွမွကြွပ်ကြွပ်လေး အိမ်မှာ ကိုယ်တိုင် ကြော်စားချင်သူများအတွက်……

ဒီတစ်ခါတော့ အိမ်မှာနေရင်းနဲ့ တီဗီကြည့်ရင်းနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် အတူတူ လုပ်စားလို့ရတဲ့ ကင်းမွန်ကြော်နည်းလေးကို ဖော်ပြပေးမယ်နော်။ ကြွပ်ကြွပ်ရွရွလေးနဲ့ အရမ်းကို မွှေးပြီး အိနေတာကြောင့် လက်မချတမ်းစားနေရမှာပါ။
လိုအပ်သောပစ္စည်းများ
  • ကင်းမွန် အကောင်ကြီး ၅ ကောင်
  • အကြော်မှုန့် တစ်ထုပ်
  • ပဲစိမ်းမှုန့် တစ်ထုပ်
  • ရေအနည်းငယ်
  • ဆီ
  • ဆိုဒါမှုန့် အနည်းငယ်
  • ဆား
  • ရှာလကာရည် နှစ်ဇွန်း
  • ကြက်သားမှုန့်
  • ရှာလကာရည်အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်
  • ကင်းမွန်ကို ရေဆေးပြီး အကွင်းလိုက်လှီးလိုက်ပါ။ ပြီးရင် ကြက်သားမှုန့်၊ ရှာလကာရည်တို့နဲ့ နယ်လိုက်ပါ။
  • ပဲစိမ်းမှုန့်နဲ့ ဆိုဒါ၊ အကြော်မှုန့်တို့ကို ရေနဲ့ ခပ်ပျစ်ပျစ်လေးဖျော်လိုက်ပါ။
  • ပြီးရင် ကင်းမွန်နဲ့ အကြော်မှုန့်ဖျော်ထားတာတွေကို ရောပြီးနယ်လိုက်ပါ။
  • ဒယ်အိုးထဲမှာ ဆီကိုအပူပေးလိုက်ပါ။
  • ဆီအရမ်းမပူခင်မှာ ကင်းမွန်တွေကိုထည့်လိုက်ပါ။
  • ရွှေဝါရောင်သမ်းလာတဲ့အခါကျရင် ဆယ်ပြီး ဆီတွေကို စစ်လိုက်ပါ။
  • ပြီးရင်တော့ မိယောနိစ် ဒါမှမဟုတ် ဆော့စ် ကြိုက်နှစ်သက်ရာတစ်ခုခုနဲ့ တွဲပြီး စားသုံးနိုင်ပါပြီ။
READ
အစားအသောက်ကောင်းကြိုက်သူတွေအတွက် ရန်ကုန်မြို့ကနေရာလေးတစ်ခု

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE