အသန့်လွန်ရောဂါရှိနေတဲ့ သူငယ်ချင်းကို ထူးထူးခြားခြား နောက်ပြောင်ခဲ့တဲ့ အမျိုးသား

Iva/Imgur

Mysophobia သို့မဟုတ် Germophobia လို့ အမည်ရတဲ့ ရောဂါဟာ ရောဂါပိုးကူးစက်ခံရမှာ ကြောက်ပြီး နေရာတကာမှာ ပုံမှန်ထက် ပိုအသန့်လွန်နေတဲ့ အဓိပ္ပါယ်မရှိတဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါဝေဒနာရှင်တွေဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ မိမိရဲ့ တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းတွေကို သန့်ပြန့်နေအောင် သန့်ရှင်းနေအောင် တယုတယထားကြပါတယ်။ သူတို့ပစ္စည်းကို သူများက ထိကိုင်လိုက်ရင်ပဲ ရောဂါကူးမယ်ဆိုပြီး တစ်ဖက်စွန်းရောက် အတွေးရှိသူတွေလည်း ဖြစ်ပါတယ်။

Iva/Imgur

ဘူဂေးရီးယားမှာ နေထိုင်နေတဲ့ အီဗာမှာလည်း ဒီလိုရောဂါမျိုး ရှိပါတယ်။ သူမဟာ တစ်နေ့တော့ သူမရဲ့ သူငယ်ချင်းဖြစ်သူ ပီတာကို သူမရဲ့ကြောင် ထိန်းပေးဖို့ အကူအညီတောင်းပါတယ်။ သူမက ခရီးထွက်မှာဖြစ်တဲ့အတွက် အိမ်လည်း စိတ်ချရအောင်၊ ကြောင်တွေကိုလည်း ကြည့်ရအောင် ပီတာကို အကူညီတောင်းခဲ့တာပါ။ ပြီးတော့ ပီတာကလည်း အိမ်ရှာနေတာမို့ အီဗာခရီးသွားနေတဲ့ တစ်ပတ်အတွင်းမှာ ပီတာဟာ အီဗာအိမ်မှာ လာရောက်နေထိုင်နေခဲ့တာ ဖြစ်ပါတယ်။

READ
ဉာဏ်တိမ်တိမ်နဲ့ တွေးခဲ့ပုံပေါ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက ဟာသများ
Iva/Imgur
Iva/Imgur
Iva/Imgur

အီဗာအိမ်မှာ လာနေရတာက အဆင်ပြေပေမယ့် ပီတာအတွက် စိတ်ရှု့ပ်စရာတစ်ခုတော့ ရှိပါတယ်။ အဲဒါက မနက်တိုင်း (၁၀) နာရီမှာ ကြောင်စာ ထထကျွေးရတာပါ။ တစ်နေ့တော့ ပီတာဟာ ညဘက်မှာ ရေချိန်လွန်လာတဲ့အတွက် မနက်မှာ အိပ်ရာကနေ လုံးဝမထချင်ခဲ့ပါဘူး။ ဒါပေမယ့် ကြောင်စာကလည်း ကျွေးရမယ်ဆိုတော့ စိတ်ပေါက်ပေါက်နဲ့ သူငယ်ချင်းဖြစ်သူ အီဗာကိုလည်း သူ့လိုပဲ စိတ်အနှောင့်အယှက်ဖြစ်ရအောင်လုပ်ဖို့ စဉ်းစားခဲ့ပါတယ်။ အဲဒါကတော့ အီဗာရဲ့ အသုံးအဆောင် ပစ္စည်းတွေကို သူက လိုက်ပြီးတို့ထိခဲ့တာပါ။

Iva/Imgur
Iva/Imgur

ပုံမှန်ဆိုရင် အသန့်ကြိုက်လွန်းသူတွေက သူတို့ပစ္စည်းတွေကို သူများထိရင် လုံးလုံးမကြိုက်ပါဘူး။ ဒါကိုသိတဲ့ ပီတာက အီဗာရဲ့ အိမ်ထဲက ပစ္စည်းတွေကို လိုက်တို့ပြီး “ ငါတို့လိုက်ပြီနော်၊ ဒါလည်း ငါထိလိုက်ပြီ ၊ ဒါလေးလည်း ထိတယ်၊ နင့်ကြောင်လည်း ထိလိုက်ပြီ ၊ နင့်ကြောင်ရဲ့ ပစ္စည်းတွေကိုလည်း ငါထိတယ်နော်၊ ငါ့ကိုငါ ထိပြီး နင့်ပစ္စည်းကို ပြန်ထိလိုက်ပြီ…” စတဲ့ caption တွေ ရေးပြီး အီဗာကို နောက်ပြောင်ခဲ့တာပါ။

READ
ဝှက်ထားတဲ့ဖိနပ် ဘယ်မှာလဲမေးတော့ ချစ်စရာကောင်းစွာ တုံ့ပြန်ခဲ့တဲ့ခွေးလေး
Iva/Imgur
Iva/Imgur

ကံကောင်းတာကတော့ အီဗာက စိတ်ဆိုးခဲ့ပုံမရပါဘူး။ မှင်သေသေနဲ့ အီဗာရဲ့ပစ္စည်းတွေကို လက်ညှိုးတစ်ချောင်းထုတ်ပြီး လိုက်တို့နေတဲ့ ပီတာရဲ့ ဓာတ်ပုံတွေကတော့ သေချာကြည့်လေ၊ ရယ်စရာကောင်းလေ ဖြစ်ရတဲ့အတွက် Boredpanda ကနေ တဆင့် အခုလို မျှဝေလိုက်ရခြင်းပဲ ဖြစ်ပါတော့တယ်။

Iva/Imgur
Iva/Imgur

လင်းလင်း (ShweMom)

SHARE