အနားက ဖြတ်လျှောက်သွားသူမှန်သမျှ လက်ဆွဲနှုတ်ဆက်ရမှ ကျေနပ်တဲ့ ခွေးကလေး

Facebook/Desiray Miracle-Wilder

တိရစ္ဆာန်လေးတွေဟာ သူတို့ကို လှောင်အိမ်ထဲထည့်ထားရင် မနှစ်သက်ကြပါဘူး။ လှုပ်ရှားဆော့ကစားချိန်မရှိတာ၊ လူတွေရဲ့ ဂရုစိုက်နွေးထွေးမှုကို မရရှိတာတွေက သူတို့ရဲ့ စိတ်ကျန်းမာရေးအပေါ်မှာ အများကြီး သက်ရောက်မှုဖြစ်စေပါတယ်။ ဒါကြောင့်လည်း တိရစ္ဆာန်ဂေဟာတွေက ဂေဟာတွင်းမှာရှိတဲ့ တိရစ္ဆာန်လေးတွေ သူတို့ကို မွေးစားမယ့်သခင်ကောင်းတွေနဲ့ အမြန်ဆုံး တွေ့အောင် ဆောင်ရွက်ပေးနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အချို့ပါးနပ်တဲ့ ခွေးလေးတွေမှာတော့ ဂေဟာက စီစဉ်ပေးတာကိုတောင် မစောင့်ပဲ သူတို့နည်း သူတို့ဟန်နဲ့ သူတို့ကို လူစိတ်ဝင်စားလာအောင် ၊ မွေးစားချင်လာအောင် လုပ်တတ်ကြပါတယ်။

Facebook/Desiray Miracle-Wilder

Boredpanda ကတဆင့် အခုဖော်ပြပေးမယ့် ခွေးလေးကတော့ Speck ဆိုတဲ့ ခွေးလေးတစ်ကောင် ဖြစ်ပါတယ်။ Speck ဟာ သူ့ကို မွေးစားမယ့် သခင်ကို ရှာဖွေနေတာ ဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ Speck ဟာ သူနေနေတဲ့ ခွေးအိမ်လေးဘေးကို ဖြတ်သွားတဲ့သူမှန်သမျှကို လက်ဆွဲနှုတ်ဆက်ပြီး သူ့ကို မွေးစားဖို့ အကူအညီတောင်းနေတာ ဖြစ်ပါတယ်။

READ
အရမ်းအေးတဲ့ညတစ်ညမှာ အိမ်ခြေမဲ့တစ်ဦးကို ကူညီခဲ့တဲ့ ဘတ်စ်ကားယာဉ်မောင်းအမျိုးသမီး
Facebook/Desiray Miracle-Wilderr

Speck ကို ပြုစုစောင့်ရှောက်ထားတဲ့ Bullock County Humane Society တိရစ္ဆာန်ဂေဟာက ဒါရိုက်တာကတော့ ခွေးလေးဟာ (၂) နှစ်သားအရွယ် ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။ Speck ကို သူ့သခင်က ဂေဟာမှာလာပြီး စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။ (၂၀၁၈) ခုနှစ် ဆောင်းဦးရာသီလောက်ကစပြီး ရောက်လာတာဖြစ်ကာ အခုဆို Speck ဟာ ဂေဟာမှာ သောင်တင်နေတာ တစ်နှစ်ခွဲလောက်ရှိနေပါပြီ။

Facebook/Desiray Miracle-Wilder

Speck ဟာ သူနေထိုင်တဲ့ ခွေးအိမ်လေးဘေးကို လူဖြတ်သွားတဲ့အခါတိုင်း သံဇကာနောက်ကနေ လက်ကလေးတစ်ဖက်ထုတ်ပြီး နွေးထွေးစွာ နှုတ်ဆက်တတ်ပါတယ်။ သံဇကာခြားနေပေမယ့် လူတစ်ယောက်ရဲ့လက်နဲ့ ထိတွေ့ရတာကို Speck က အရမ်းသဘောကျပါတယ်။ တစ်ခါတစ်လေ သံဇကာပေါက်ကြားထဲက အပြင်ကို နှုတ်သီးမရရအောင်ထွက်ပြီး လူတွေနဲ့ တွေ့ဆုံဆက်ဆံဖို့ ကြိုးစားပါသေးတယ်။ သူ့အနား လူရောက်သွားရင်တော့ သနားစရာကောင်းတဲ့ မျက်လုံးရွဲကြီးတွေနဲ့ ကြည့်ပြီး သူ့လက်ကလေးကို လူကိုင်ချင်လာအောင် လက်ကလေးထုတ်ထုတ်ပေးလေ့ရှိပါတယ်။

READ
သုံးဘီးလေးနဲ့ မက္ကစီကိုတစ်ခွင်လှည့်ပြီး အစွန့်ပစ်ခံခွေးတွေကို လိုက်ကယ်နေတဲ့ အမျိုးသား

မကြာသေးခင်ကတော့ ဂေဟာကနေပြီး Speck ကို ဗီဒီယိုရိုက်ကာ အွန်လိုင်းပေါ်တင်ခဲ့ပါတယ်။ Speck က ကံကောင်းပါတယ်။ ဗီဒီယိုကို လိုင်းပေါ်တင်ပြီး သိပ်မကြာခင်မှာပဲ Speck ကို မွေးစားချင်တယ်ဆိုတဲ့သူတွေက ဂေဟာဆီ ဆက်သွယ်လာကြပါတယ်။ အခုဆိုရင်တော့ ဂေဟာက Speck အတွက် အသင့်တော်ဆုံး သခင်ကို ရွေးချယ်ပြီးပါပြီ။ Speck ဟာ နယူးယောက်မှာ သူ့ရဲ့မွေးစားဖခင်သစ်ဖြစ်တဲ့ မိုက်ခ်နဲ့အတူ (၂၆) ဧက ကျယ်ဝန်းတဲ့ ယာတောကြီးထဲမှာ အတူနေထိုင်ရမှာပါတယ်။ လတ်တလောမှာတော့ Speck ကို မိုက်ခ်ဆီပို့ပေးဖို့ ဂေဟာက စီစဉ်နေကြောင်း သိရပါတယ်။

Facebook/Desiray Miracle-Wilder

လင်းလင်း (ShweMom)

SHARE