“Style Not Size” ဆိုတဲ့ Challenge လုပ်ရင်း နာမည်ကြီးလာတဲ့ သူငယ်ချင်းနှစ်ယောက်

Image:IG/Denise Mercedes

ပိန်မှ လှမယ်၊၀ရင် မလှဘူး၊ပိန်ရင်အလှ ဘူး၊၀မှ လှမယ်ဆိုတဲ့ အလှအပစံနှုန်းတွေကို ပတ်ဝန်းကျင်မှာ မကြာခဏ ဆိုသလို ကြားဖူး တွေ့ ဖူးကြမှာပါ။တကယ်တော့ လူတိုင်းမှာ အလှကိုယ်စီ ရှိပါတယ်။ပိန်တဲ့ လူမှာရော ၀ တဲ့ လူမှာပါ အလှ တစ်မျိုးရှိပါတယ်။Denise Mercedes နဲ့ Maria Castellanos ဆိုတဲ့ သူငယ်ချင်း နှစ်ယောက် က တော့ ဗီဒီယို ဖိုင် လေးတွေရိုက်ပြီး ဒါကို သက်သေ ပြခဲ့ပါတယ်။တူညီတဲ့ ၀တ်စုံတွေကို ၀တ်ပြီး တစ်ယောက် ဗီဒီယိုဖိုင် လေးတွေ ရိုက်ခဲ့တာပါ။သူတို့ရဲ့ ဗီဒီယို လေး တွေ ကတော့ အခုဆိုရင် အရမ်းကို နာမည်ကြီးနေပါပြီ။ဒီ  အ ကြောင်း ကိုတော့ boredpanda မှာ ဖော်ပြထားတာပါ။

Plus-size model ဖြစ်တဲ့ Denise Mercedes က “Style Not Size” ဆိုတဲ့ Tik Tok Challenge ကို သူမရဲ့ သူငယ်ချင်း Maria Castellanos နဲ့ အတူ စမ်း လုပ်ခဲ့တာပါ။သူငယ်ချင်းနှစ်ယောက်ရဲ့ Body Size က တော့ လုံးဝ တခြားစီပါ။ဒါပေမယ့်လည်း ဆင်တူ ၀တ်စုံတွေကို ၀တ်ပြပြီး Body Size ဘယ်လိုပဲ ဖြစ်ဖြစ် စတိုင် ကျ ရင် လှပ တယ်ဆိုတဲ့ အကြောင်းကို သက်သေ ထူခဲ့ပါတယ်။အစပိုင်းတုန်းက တော့ သူတို့ရဲ့ ဆိုရှယ်မီဒီယာ အေ ကာင့်မှာ Follower (1.7)သန်းပဲရှိပေမယ့်လည်း အခုဆိုရင် တော့ (၃၀.၆)သန်းအထိ တဖြည်းဖြည်း တိုးလာခဲ့ပါပြီ။

Denise Mercedes က တော့ သူမ အသက် (၁၆)နှစ်သမီးတည်းက ပြည့်ပြည့်လေးပါ။မော်ဒယ်ဖြစ်ချင်လို့ အေဂျင်စီ တွေကို ဓါတ်ပုံတွေ ပို့ ခဲ့ ပေမယ့်လည်း အရပ်ပုတဲ့ အပြင် ၀ပါ ၀ နေတဲ့ အတွက် မော်ဒယ် အလှအပ စံနှုန်း နဲ့ မကိုက် ဘူး ဆိုပြီး ပယ်ချ ခံခဲ့ရပါတယ်။အသက် (၂၁)မှာတော့ ပြည့်ပြည့်၀၀ လေးဖြစ်လာခဲ့ပါတယ်။အစပိုင်းမှာတော့ Deni se  က သူငယ်ချင်းနဲ့ ပုံလေးတွေ ရိုက်ပြီး တင်ရုံပဲ တင်ခဲ့တာပါ။

 

View this post on Instagram

 

Back at it with @mariacastellanos_ri for #stylenotsize ❤️ Looks from @boohoo shop the link on my bio for these looks !

A post shared by Denise Mercedes 🇩🇴 (@denisemmercedes) on

နောက်ပိုင်းကျမှ အမျိုးသမီးတွေ အ နေနဲ့ ကိုယ့်ရဲ့ Body ကို ကျေနပ် လက်ခံ လာနိုင် စေဖို့ ဆိုတဲ့ ရည်ရွက်ချက်နဲ့ #becauseitsmybody  ဆိုတဲ့ Camp aign ကို လုပ်ခဲ့ပါတယ်။အခုဆိုရင်တော့ နာမည်ကြီးလာတဲ့ အတွက် Forever21, Target,  JCPenney တို့ လို  Fashion Brand တွေ ကပါ သူတို့နဲ့ လက်တွဲ ပြီး အလုပ်လုပ် ကြတဲ့ အထိ အောင်မြင်လာခဲ့ပါပြီ။

SHARE