ဆရာဝန်ဖြစ်ချင်လို့ စာအရမ်းကြိုးစားခဲ့ကြတဲ့ အချစ်ဆုံး ငယ်သူငယ်ချင်း(၃)ဦး

Facebook/Ching Macarubbo

ကျောင်းတက်ပြီဆိုတာနဲ့ ကိုယ့်မိကိုယ့်ဖတွေက သားတွေသမီးတွေကို မေးတတ်ကြပါတယ်။ သားကြီးလာရင် ဘာလုပ်မှာလဲ … သမီးလေး ကြီးလာရင် ဘာဖြစ်ချင်လဲဆိုပြီးပေါ့။ မိဘတွေကတော့ သူတို့သားသမီးတွေကို တော်တဲ့ထက်တဲ့လူတွေ၊ နောင်တစ်ချိန်မှာ သက်တောင့်သက်သာနဲ့ စီးပွားရှာနိုင်သူတွေအဖြစ် မြင်ချင်ကြပါတယ်။

Facebook/Ching Macarubbo

တကယ်တော့ ကျောင်းဆိုတာက နုနယ်လွန်းတဲ့ ကလေးတွေအတွက် အလွန်ကြီးမားတဲ့ စစ်မြေပြင်ကို ထွက်ခိုင်းရတာနဲ့ တူပါတယ်။ တချို့က ကျောင်းတက်ရင်းနဲ့ ပညာတွေရတယ်၊ တချို့က ကျောင်းတက်ရင်းနဲ့ ဂုဏ်တုဂုဏ်ပြိုင်တွေ တက်မြောက်သွားတယ်၊ တချို့က ကျောင်းတက်ရင်းနဲ့ အချိန်မတိုင်မီ ကြင်ဖော် ကြင်ဖက်တွေ ရသွားတယ်။

Facebook/Ching Macarubbo

အခု မောင်မယ်တို့ အတုယူစရာ စံပြသူငယ်ချင်းသုံးယောက်အကြောင်း မျှဝေပေးလိုက်ချင်ပါတယ်။ သူတို့ သူငယ်ချင်းသုံးယောက်ကတော့ ငယ်ငယ်ကတည်းက လက်ပွန်းတတီး နေခဲ့ကြသူတွေဖြစ်ပြီး၊ သူငယ်ချင်းအရင်းတွေ ဆိုသော်လည်း စာဘက်မှာ အလွန်ပြိုင်ကြပါတယ်။ သုံးယောက်စလုံး တူညီစွာ ဆရာဝန်ဖြစ်ချင်ခဲ့ကြပါတယ်။

မကြာသေးခင်မှာပဲ ဆေးတက္ကသိုလ်ကနေ ဒေါက်တာဘွဲ့တွေ ရယူနိုင်ခဲ့ကြပါတယ်။ ဒါဟာ သူငယ်ချင်းတွေအချင်းချင်းကြားမှာ ထားရှိသင့်တဲ့ Friendship Goal ဖြစ်ပါတယ်။ သူငယ်ချင်းသုံးယောက်ရဲ့အမည်ကတော့ Joieanne Marie “Ching” Macarubbo နဲ့ သူမရဲ့သူငယ်ချင်း Marie Clare Perez နောက်၊ သူငယ်ချင်းဖြစ်သူ Jovine Martin တို့ ဖြစ်ပါတယ်။

Facebook/Ching Macarubbo

(၂၀၁၁)ခုနှစ်က အထက်တန်းကျောင်းမပြီးသေးခင်မှာ သူငယ်ချင်းသုံးယောက် အမှတ်တရ ဓာတ်ပုံရိုက်ထားခဲ့တာကို Macarubbo အမည်ရ ကောင်မလေးက သူမရဲ့လူမှုကွန်ရက်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ သူတို့ သုံးယောက်ရဲ့နောက်က ဘလက်ဘုတ်မှာ “ THE Doctors”ဆိုပြီး အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်ထားတဲ့ စာလေးကို ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။

Macarubbo က “ ဒီဓာတ်ပုံလေး ရိုက်ခဲ့တဲ့နေ့ကို ကျွန်မ ကောင်းကောင်းသတိရနေပါတယ် … ကျွန်မတို့ အိပ်မက်တွေရဲ့ ဖောင်ဒေးရှင်းတွေဆိုပါတော့ … (၂၀၁၁)မှာ ကျွန်မတို့ အထက်တန်း ပြီးခဲ့တယ် … ဒီကောင်မလေးနှစ်ယောက်နဲ့ ကျောင်းအတူတူတက်ရမယ် … ဘွဲ့အတူတူ ယူရမယ်လို့ ထင်မထားခဲ့ပါဘူး ”လို့ ရေးခဲ့ပါတယ်။

I can still vividly remember the day we took the first photo. The foundation of our dreams. Year 2011, the year we…

Posted by Ching Macarubbo on Saturday, July 25, 2020

သူမက “ အခု အဒီဓာတ်ပုံးလေးရိုက်လို့ (၉)နှစ်အကြာမှာ ကျွန်မတို့ ကိုယ်ပိုင်အမြင်တွေနဲ့ လမ်းလျှောက်နေကြပြီ … အိပ်မက်စိတ်ကူးတွေရဲ့ လှပမှုကို ယုံကြည်တဲ့သူတွေအတွက် ကောင်းမွန်တဲ့အနာဂတ်ကို ပိုင်ဆိုင်ကြမှာပါ .. .ဒါက တကယ့် အမှန်တရားပါ … သူတို့နှစ်ယောက်မပါရင် ဆေးတက္ကသိုလ်ကို ကျော်ဖြတ်ဖို့ မလွယ်ပါဘူး ”လို့ ရေးခဲ့ပါတယ်။ အားလုံးအတွက် ဂုဏ်ယူစရာပါ။

လင်းသူရိန်

SHARE