မီးဖိုချောင်သုံးပစ္စည်းများဖြင့် အသုံးပြုနိုင်တဲ့ ဖြတ်လမ်းနည်းများ

သင့်ရဲ့အစားအသောက်ထဲကို ပိုးကောင်တွေ ကျကျနေလို့ စိတ်ညစ်နေပါသလား။
ဒါမှမဟုတ် CD/DVD အခွေတွေ ညစ်ပါတ်နေလို့ သန့်ရှင်းချင်ပါသလား။ Imgur မှာ ဖော်ပြခဲ့တဲ့ ဘ၀အတွက်အသုံးဝင်တဲ့ ဖြတ်ထိုးနည်းလမ်းလေးတွေဟာ သင့်ရဲ့ ဘ၀ကို ပိုပြီးအဆင်ပြေသွားစေမှာ ဖြစ်ပါတယ်။

၁။ CD/DVD ခွေများကို ငှက်ပျောသီးဖြင့်သန့်ရှင်းနည်း။

CD/DVD ခွေတွေမှာ အစင်းကြောင်းတွေပေါ်နေတယ်ဆိုရင် ငှက်ပျောသီး ကို အခွံနွှာပြီး ပွတ်တိုက်ပေးခြင်းဖြင့် အသစ်အတိုင်း ဖြစ်စေမှာပါ။

၂။အာလူးများကို အစို့အညှောက်မထွက် စေရန်ပြုလုပ်နည်း။

အာလူးများကို အစို့အညှောက်မထွက်စေဘဲ ကြာရှည် သိမ်းဆည်းချင်တယ်ဆိုရင်တော့ အာလူးအိတ်ထဲ ကို ပန်းသီး တစ်လုံးလုံးထားထားပြီး သိမ်းဆည်းထားနိုင်ပါတယ်။

၃။ဆလတ်ရွက်များကို မပုပ်သိုးစေရန်ပြုလုပ်နည်း

ဆလတ်ရွက်များကို လတ်ဆတ်စေချင်တယ်ဆိုရင်တော့ ဆလတ်ရွက်ထည့်ထားတဲ့ ပန်းကန်လုံးထဲကို စာရွက်တစ်ရွက်နဲ့ အုပ်ထားနိုင်ပါတယ်။

READ
တစ်ဘ၀စာအတွက် ထာဝရအချစ်စစ်ဆိုတာ ရှိသေးကြောင်း ဖော်ပြနေတဲ့ ဓာတ်ပုံများ

၎။အင်္ကျီကော်လာများကို တောင့်နေအောင်ပြုလုပ်နည်း။

သင်အင်္ကျီကော်လာများကို မာမာတောင့်တောင့်ဖြစ်စေချင်တယ်ဆိုရင်တော့ ဆံပင်ဖြောင့်ကိရိယာနဲ့ တစ်ချက်နှစ်ချက် ဆွဲချပေးခြင်းဖြင့် ကော်လာတောင့်တောင်လေးတစ်စုံကိုရရှိစေမှာဖြစ်ပါတယ်။

၅။ပီဇာများကို မမာလာအောင်ထားနည်း။

ပီဇာများကို စားလို့မကုန်လို့ မမာလာအောင် သိမ်းဆည်းထားချင်တယ်ဆိုရင်တော့ Microwave မီးဖိုထဲမှာ ရေခွက်တစ်ခွက်နဲ့ အတူထားပြီး သိမ်းဆည်းထားနိုင်ပါတယ်။

၆။သောက်စရာများထဲသို့  ပိုးကောင်များကျလာခြင်းကို ကာကွယ်နည်း။

ညနေပိုင်းပါတီတွေမှာ သောက်စရာခွက်ထဲကို ပိုးကောင်တွေ ကျလာလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ ကိတ်မုန့်များမှာ ပါဝင်တဲ့ အောက်ခံအစွပ်လေးနဲက အုပ်ထားနိုင်ပါတယ်။

၇။ဖုန်းကို ကားမှာ အလွယ်တကူချိတ်ဆွဲနည်း။

ဖုန်းကိုကားမှာ အလွယ်တကူချိတ်ထားလို့တယ်ဆိုရင်တော့ ခေါင်းစည်းကြိုးတစ်ခုနဲ့ ပုံပါအတိုင်းချိတ်ထားနိုင်ပါတယ်။

၈။ရေအလွယ်တကူ ဖြည့်နည်း။

ရေဘုံဘိုင်ခေါင်း အနီးအနားမှာ မရှိရင် ရေဖြည့်နိုင်တဲ့ နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။

၉။အင်္ကျီအ၀တ်အစားများအလွယ်တကူသိမ်းနည်း။

သင့်ရဲ့ အ၀တ်အစားများကို မခေါက်တော့ဘဲ အမြန်သိမ်းဆည်းလိုသူများ ပုံပါနည်းလမ်းအတိုင်းပြုလုပ်နိုင်ပါတယ်။

READ
ရေသူထီးဘ၀ကိုအားကျလို့ ပေါင်တစ်ထောင်ကျော်အကုန်ခံပြီး ငါးအမြီးဝတ်စုံချုပ်ဝတ်ခဲ့သူ

၁၀။Laptop များကို မပူအောင် ထားနည်း။

Laptop Fan ၀ယ်ဖို့ကလည်း အခွင့်မကြုံသေးဘဲ Laptop ကလည်း အရမ်းပူလာပြီဆိုရင် ကြက်ဥကဒ်လေးနဲ့ ပုံပါအတိုင်း အပူတွေကို လျှော့ချနိုင်ပါတယ်။

Slash (Shwemom)

Ref : The Sun

SHARE