ကမ္ဘာ့ နှင်းအကျဆုံး မြို့ (၁၀) မြို့ (အဆင့် သတ်မှတ်ချက်အတိုင်း)

ရန်ကုန်မှာ မွေးတဲ့ ကျွန်တော့်မှာ ဆုတောင်းတစ်ခုရှိတယ်။ အဲ့ဒါကတော့ ဘ၀မှာ မသေခင် နှင်းကျတာကို မြင်ချင်ပါတယ်ဆိုပါပဲ…။ နှင်းကျတာဟာ မြန်မာနိုင်ငံအထက်ပိုင်းမှာ မွေးဖွားတဲ့သူတွေ၊ ပီပြင်တဲ့ ဆောင်ရာသီရှိတဲ့ နိုင်ငံတွေကို ရောက်ဖူးသူတွေ၊ နေထိုင်နေကြသူတွေ အဖို့တော့ မထူးခြားပေးမယ့် မကြုံဖူးတဲ့ သူအဖို့တော့ စိတ်ကူးယဉ်  သိပ်ဆန်နေတာပါ။

ဒါကြောင့် နှင်းကျတာကို မြင်ဖူး တွေ့ဖူးချင်သူတို့ သွားနိုင်တဲ့ အခါ သွားလို့ရအောင် ကမ္ဘာပေါ်က နှင်း အကျဆုံး မြို့ကြီးတွေကို AccuWeather ရဲ့ အဆင့်သတ်မှတ်ချက်အတိုင်း ဖော်ပြပေးလိုက်ပါတယ်။

Buffalo, U.S
Shutterstock

Niagara မြစ်ကမ်းအထက်မှာ ရှိပြီး နယူးယောက်ခ့်မြို့အထက်ပိုင်းမှာ တည်ရှိတဲ့ မြို့တစ်ခုဖြစ်ပါတယ်။ နှစ်စဉ် ပျှမ်းမျှ (၈) ပေထုလောက် နှင်းတွေ ဖုံးလွှမ်းနေတဲ့ မြို့ဖြစ်တယ်။ များသော အားဖြင့် ဒီဇင်ဘာနဲ့ မတ်လ အကြားမှာ နှင်းတွေ သိပ်ကျတယ်။

Rochester, U.S
Dailymail

Rochester က နယူးယောက်ခ့်မြို့ရဲ့ တောပိုင်းမှာ ရှိပြီး အပေါ်မှာ ဖော်ပြခဲ့တဲ့ မြို့နည်းတူ (၈) ပေထုလောက် နှင်းတွေ ဖုံးလွှမ်းနေမြဲရှိပါတယ်။ အေးတဲ့လတွေမှာဆို နေ့အပူအချိန်ဟာ သုည ဒီဂရီ ဖာရင်ဟိုက်ထိ ကျဆင်းနေတတ်တယ်။ ဒါပေမယ့် နွေရာသီမှာတော့ အပူချိန်ဟာ (၂၉) ဒီဂရီ ဆဲစီးယပ်အထိ တက်နေနိုင်ပါတယ်။

Akita, Japan
kyodo news

Japan နိုင်ငံရှိ Hoshu ကျွန်းရဲ့ အနောက်မြောက် ကမ်းရိုးတန်းမှာတည်ရှိတဲ့ ဒီမြို့လေးဟာ တစ်နှစ်ကို နှင်းထု (၉) ပေလောက်ထိ နှင်းကျတတ်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ဒီ မြို့လေးမှာဟာ တောင်ပေါ်ဒေသတစ်ခုဖြစ်ပြီး နှင်းလျှောစီးတဲ့ စခန်းတွေလည်း အများအပြားရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ အနက်ဆုံး ကန်ကြီးတစ်ကန်ဖြစ်တဲ့ Tazawa ကန်ကြီးလည်း ရှိပါတယ်။

READ
နာမည်ကြီးလွန်းတဲ့သရဲမMary အကြောင်း တစ်စေ့တစ်စောင်း
Saguenay, Canada
Shutterstock

နံပါတ် (၇) နေရာမှာရှိနေတာကတော့ ကနေဒါနိုင်ငံ Quebec ပြည်နယ်မှာရှိတဲ့ Saguenay မြို့ဖြစ်ပါတယ်။  နှင်းထု နှင်းထု ပျှမ်းမျှ (၁၀.၂၅) ပေ ဖုံးလွှမ်းတဲ့ မြို့ဖြစ်ပါတယ်။ Saguenay မြို့ဟာ ဆောင်းရာသီ လှုပ်ရှားမှုတွေ အများဆုံး လုပ်နိုင်တဲ့ မြို့တစ်မြို့လည်းဖြစ်တယ်။

Syracuse, US
shutter stock

နယူးယောက်ခ့် မြို့ရဲ့ အနီးမှာပဲရှိတဲ့ Syracuse မြို့ဟာ အမေရိကန်ရဲ့ နှင်းကျ အသိပ်အသည်းဆုံးမြို့တစ်မြို့ အဖြစ်ရပ်တည်လျက်ရှိနေပါတယ်။

နှစ်စဉ်  ပျမ်းမျှ (၁၀.၃) ပေ နှင်းထု ဖုံးလွှမ်းပြီး Ontario ရေကန်နဲ့လည်း နီးတယ်။ တစ်ခါတစ်ရံ နောအီစတာ ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကိုခံစားရလေ့ရှိတယ်။ ဒီ့အပြင် အမေရိကားရဲ့ ဂုဏ်သတင်းကြီးတဲ့ တက္ကသိုလ်များစွာရှိပြီး ပြင်းထန်တဲ့ ရာသီဥတုရှိတာကြောင့် နှင်းသည်းတဲ့ နေ့တွေနဲ့ ကျောင်းသားတွေဟာ ကြုံတွေ့ခွင့်ရကြပါတယ်။

Quebec, Canada
shutterstock

ကနေဒါရဲ့ စီရင်စုနယ်တစ်ခုဖြစ်တဲ့ Quebec ဟာ နှစ်ထု (၁၀.၃) ပေ နှစ်စဉ်ဖုံးလွှမ်းလျက်ရှိတဲ့ မြို့တစ်မြို့တစ်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီဇင်ဘာလကနေ ဧပြီလအထိ နှင်းကျတယ်။ ဆောင်ရာသီပွဲတော်ကိုလည်း နှင်း သိပ်ကျတဲ့ ဖေဖော်ဝါရီလမှာ နှစ်စဉ်ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။

St. John’s, Canada
bloomberg

ကနေဒါနိုင်ငံရဲ့ နယ်မြေသစ်တစ်ခုလို့ပြောလို့ရတဲ့ St. John မြို့ဟာ နှစ်စဉ် နှင်းထု (၁၁) ပေထိ ဖုံးလွှမ်းတယ်လို့ သိရပါတယ်။ ဒီ ဒေသက ပြင်းထန်းတဲ့ ရာသီဥတုရှိတာကြောင့် ထင်ရှားပြီး မြူအထူဆုံး၊ နှင်းအသည်းဆုံး၊ တိမ်အထူထပ်ဆုံးဆိုတဲ့ ဘွဲ့တွေလည်းရှိပါတယ်။ အအေးဆုံးလကတော့ ဖေဖော်ဝါရီလဖြစ်ကြောင်းသိရပြီး အပူချိန်ဟာ (-၈.၆) C အထိကျဆင်းနေတတ်ပါတယ်။

READ
အမှန်တကယ်ဖြစ်ခဲ့ကြောင်း ပေါ်ပေါက်လာခဲ့တဲ့ လျှို့ဝှက်သိပ္ပံစမ်းသပ်မှု (၈)ခု
Toyama, Japan
kyodo news

Toyama မြို့ဟာ ကမ္ဘာမှာ တတိယ နှင်းအကျဆုံးမြို့ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။ နှစ်စဉ် နှင်းထု (၁၂) ပေအထိ ဖုံလွှမ်းတဲ့ မြို့ဖြစ်တယ်။ နွေရာသီမှာဆို စိုးထိုင်းတဲ့ အပူလျော့ပိုင်း ရာသီဥတုမြို့ရှိပြီး နှင်းအသည်းဆုံးကျဆင်းတာကတော့ ဒီဇင်ဘာလနဲ့ မတ်လ အတွင်းလို့ သိရပါတယ်။ ကမ်းရိုးတန်းပေါ်မှာရှိပြီး ဒေသအနေအထားကြောင့် ဆောင်းရာသီမှာ နှင်းသည်းထန်စွာ ကျဆင်းမှုတွေ မကြာခဏဆို ကြုံတွေ့ရပါတယ်။

Sapporo, Japan
AFP

Sapporo မြို့ဟာ Hokkaido ကျွန်းပေါ်မှာတည်ရှိပြီး ကမ္ဘာ့ ဒုတိယ နှင်းအကျဆုံး မြို့ဖြစ်ပါတယ်။ ကမ္ဘာ့ နာမည်အကြီးဆုံး နှင်းလျှောအပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ Niseko လည်းရှိတယ်။ နှစ်စဉ် ရေခဲပန်းပု၊ နှင်းပန်းပုပွဲတော်ကိုလည်း ကျင်းပလျက်ရှိပါတယ်။ (၁၉၇၂) ခုနှစ်ရဲ့ ဆောင်းရာသီ အိုလံပစ်ပွဲတော်ကိုလည်း ကျင်းပဖူးခဲ့ရာ မြို့လည်းဖြစ်တယ်။

Aomori City, Japan
Shutterstock

ဂျပန်နိုင်ငံ Honshu ကျွန်း မြောက်ပိုင်းမှာတည်ရှိတဲ့ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်ပြီး နှစ်စဉ် နှင်းထု ပျှမ်းမျှ (၂၆) ပေအထိ ဖုံးလွှမ်းလေ့ရှိတာကြောင့် ကမ္ဘာ့ နှင်းအကျဆုံး မြို့တွေစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ နိုဝင်ဘာနဲ့ ဧပြီလအတွင်း နှင်းတွေ ဖွေးနေအောင် ကျတယ်။ နှင်းတွေ ပြင်းထန်စွာကျဆင်းတတ်ပြီး အာရှတိုက် အရှေ့မြောက်ပိုင်းရဲ့ အအေးဆုံး ဒေသတစ်ခုဖြစ်တယ်။ (၁၉၃၁) ခုနှစ်တုန်းက အပူချိန်ဟာ (-၂၄.၇) C အထိကျဆင်းပြီး စံချိန်တစ်ခုထားရှိဖူးခဲ့တယ်ဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

Source: Daily Mail

Matthew (ShweMOM)
SHARE