ဗီယက်နမ်မှာ နာမည်ကြီးနေတဲ့ ကြက်ဥဘီယာ

ဗီယက်နိုင်ငံက ဟန်နွိုင်းမြို့က Giang Café မှာ ထောပတ်၊ သကြား၊ ကြက်ဥ တို့ ခေါက်ထားတဲ့ အနှစ်နဲ့ ဘီယာကို တွဲဖက်သုံးဆောင်ရတဲ့ သောက်စရာတစ်မျိုးက နာမည်တော်တော်လေးကြီးတယ်လို့ သိရပါတယ်။

AFP

ပိုင်ရှင် ငုယင် ချီဟွာက ဒီ နည်းနာနဲ့ ၁၉၉၉ ခုနှစ်တည်းက စတင်ခဲ့ပြီး အောင်အောင် မြင်မြင်လည်းရှိခဲ့ပါတယ်။ အစကတော့ ကြက်ဥ ဘီယာကို သူ့အတွက်သူ လုပ်တာဖြစ်ပြီး တကယ် အရသာကောင်းတယ်လို့ ယူဆခဲ့တယ်။ အဲ့ဒီ့နောက် အားလုံးကို မြည်းစမ်းကြည့်ခိုင်းပြီး မြည်းတဲ့သူတိုင်းက သဘောတူထောက်ခံခဲ့ကြောင်း AFP သတင်းဌာနကို ပြောပြခဲ့ပါတယ်။

AFP

အခုဆို ဟန်နွိုင်းမြို့ တစ်ခွင်က ကော်ဖီဆိုင်တော်တော်များများမှာ ကြက်ဥ အမြုပ်ကို အပေါ်က စမ်းထားတဲ့ ဗီယက်နမ်ကော်ဖီဟာ လူကြိုက်များပြီး နိုင်ငံခြားသားတွေတောင်မှ နှစ်သက်တယ်လို့ သိရတယ်။

READ
EQမြင့်တဲ့သူတွေ လုပ်လေ့လုပ်ထမရှိတဲ့အပြုအမူများ

ကြက်ဥအနှစ်၊ အမြုပ်လုပ်တဲ့ နည်းလမ်းကို ၁၉၄၆ ခုနှစ်မှာ ဖခင်ဖြစ်သူက ပြင်သစ် ကိုလိုနီတွေဆီမှ တစ်ဆင့် လက်ဆင့်ကမ်း ရယူခဲ့တာဖြစ်ကြောင်း ဟွာက အခိုင်အမာဆိုပါတယ်။ အဲ့ဒီလိုနဲ့ ဆင်းရတဲ့သူတွေက ကြက်ဥကော်ဖီကို သောက်နိုင်ခဲ့ကြတယ်။ အကြောင်းကတော့ သူတို့က ကြက်ခြံတွေရှိပြီး ကြက်ဥလေးကို ဖောက် သကြားလေး ခေါက်လိုက်ရုံပဲလို့ ပြောပြပါတယ်။

AFP

ဆိုင်ပိုင်ရှင်က ကော်ဖီနဲ့ ဘီယာ ဆန်းသစ်မှုမှာတင် ရပ်မနေဘဲ.. ကြက်ဥ ခရင်မ်အနှစ်ကို ရမ်၊ မတ်ချာ၊ ချောကလက်နဲ့ ကိုကာကိုလာတို့ကိုလည်း ပြင်ဆင်ထားပါတယ်။ အဲ့ဒီလို့ ခရင်မ်တွေလုပ်နိုင်ဖို့အတွက် သမီးဖြစ်သူခမျာ မနက်တိုင်း ကြက်ဥ အလုံး (၁၀၀၀) လောက် ခွဲရတယ်လို့ သိရပါတယ်။

AFP

သူရဲ့ ဘီယာက ဂျာမနီလူမျိုးလို ဘီယာမိုင်နာတွေကို တစ်နေ့ အခွက် (၂၀) နဲ့ အထက် ရောင်းရတယ်လို့ သိရတယ်။ ဒါတောင် သူရဲ့ ဘီယာရဲ့ ထူးခြားမှုကို သံသယရှိနေတဲ့ သူတွေရှိနေသေးကြောင်းလည်း ပြောပြသွားပါသေးတယ်။

READ
အမြဲဗိုက်ဆာနေပြီး စားချင်သောက်ချင်နေတဲ့စိတ်ကို ဘယ်လိုထိန်းချုပ်ပစ်ရမလဲ။

Ref: Asia One

Matthew (ShweMOM)
SHARE