အသီးဖျော်ရည်တွေဟာ ကင်ဆာဖြစ်ပွားနိုင်ခြေကို သိသိသာမြင့်တက်စေတယ်လို့ ဆို

Shutterstock/New Africa

လေ့လာချက်တစ်ခုအရ နေ့စဉ် သစ်သီးဖျော်ရည်တစ်ဖန်ခွက် သို့မဟုတ် အချိုများတဲ့လက်ဖက်ရည်တစ်ခွက်ကို သောက်သုံးခြင်းဟာ ကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်တက်စေတယ်လို့ လေ့လာချက်တစ်ခုက ဆိုပါတယ်။ လူတွေဟာ သဘာဝသစ်သီးဖျော်ရည်တွေက ကျန်းမာရေးကောင်းစေတယ်ဆိုပြီး တွေးထင်ကြပါတယ်။ ဒါပေမယ့် လတ်လတ်ဆတ်ဆတ် အရည်ညှစ်ထားတဲ့ အသီးဖျော်ရည်ပဲဖြစ်ဖြစ်၊ အသင့်သောက် အသီးဖျော်ရည်ပုလင်းတွေပဲ ဖြစ်ဖြစ် ရာနှူန်းပြည့်အသီးဖျော်ရည်လို့ ဆိုထားတဲ့ အသီးရည် (၁၀၀) မီလီလီတာခန့်ကို နေ့စဉ်သောက်သုံးမယ်ဆိုရင် ကင်ဆာဖြစ်ပွားနိုင်ခြေ (၁၂) ရာခိုင်နှူန်း တိုးလာနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ကြပါတယ်။

Shutterstock/ Africa Studio

တကယ်လို့ အသီးဖျော်ရည်စစ်စစ်မဟုတ်ပဲ ဈေးကွက်ထဲ အလွယ်တကူတွေ့ရတဲ့ အချိုများတဲ့ အအေးဘူးတွေနဲ့ ဖျော်ရည်တွေကို သောက်သုံးမယ်ဆိုရင်တော့ ကင်ဆာဖြစ်ပွားနိုင်ခြေကို (၁၉) ရာခိုင်နှူန်း တိုးစေနိုင်တယ်လို့ သိရပါတယ်။ ဒီတွေ့ရှိချက်နဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေကတော့ စိုးရိမ်လျက်ရှိနေပါတယ်။ အထူးသဖြင့် လူတွေရဲ့ အချိုဓာတ်စားသုံးမှူပမာဏဟာ တစ်နေ့ကို လူတစ်ယောက်မှာ ပျမ်းမျှရှိသင့်တဲ့ ပမာဏထက် များနေပြီး ကလေးငယ်တွေအဖို့ ပိုစိုးရိမ်ရကြောင်း ဆိုနေပါတယ်။

ကလေးငယ်တွေဟာ အချိုရည်နဲ့ ဖျော်ရည်တွေကို လူကြီးတွေထက်ပိုပြီး စွဲလန်းစွာ သောက်သုံးနေကြပါတယ်။ ဒါ့အပြင် ၄င်းအချိုရည်တွေဟာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေရဲ့ အာဟာရထဲ အချိုဓာတ်အများဆုံး ပေးသွင်းနေတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ အသက်(၁၁၁၈) နှစ်အတွင်းရှိတဲ့ ဆယ်ကျော်သက်တွေရရှိတဲ့ အချိုဓာတ် (၃၃) ရာခိုင်နှူန်းဟာလည်း ၄င်းအချိုရည်တွေကနေပဲ ဖြစ်ပါတယ်။

Shutterstock/9nong

အချိုဓာတ်ပမာဏများစွာပါဝင်နေတဲ့ သဘာဝဖျော်ရည်တွေလို့ ဆိုကြတဲ့ အဖျော်အမျိုးမျိုးဟာ ကျန်းမာရေးနဲ့ ပိုကိုက်ညီတယ်၊ ပိုသင့်တော်တယ်ဆိုပြီး ကုမ္ဗဏီကြီးတွေက ဈေးကွက်ဖန်တီးထားတာကြောင့် တစ်ကမ္ဘာလုံးမှာ ၄င်းအသီးဖျော်ရည်တွေဟာ ရောင်းအားကောင်းနေရတာ ဖြစ်ပါတယ်။ အချိုများတဲ့ ဖျော်ရည်တွေ သောက်သုံးတာများတဲ့အခါ အ၀လွန်ရောဂါကို ဖြစ်ပွားစေပြီး ထိုမှတဆင့် ကင်ဆာအမျိုးအစား(၁၃) မျိုးလောက်ကို ဦးတည်စေပါတယ်။ လေ့လာချက်သစ်အရတော့ ၄င်းအချိုများတဲ့ ဖျော်ရည်တွေဟာ ပိန်တဲ့သူတွေကိုတောင်မှ သောက်သုံးပါများရင် ကင်ဆာနဲ့ ဆက်စပ်ဝေဒနာတွေ ဖြစ်ပေါ်စေနိုင်တယ်ဆိုပြီး ဖော်ပြထားပါသေးတယ်။

လင်းလင်း (ShweMom)

SHARE