ချိစ်နဲ့ သကြားလုံးတွေ စားချင်တယ်လို့ မြေပြင်ကို လှမ်းတောင်းဆိုခဲ့တဲ့ အာကာသယာဉ်မှူးများ

Twitter/PopSci

အာကာသယာဉ်မှူးအလုပ်ဆိုတာ ရဖို့တော်တော်ခက်ခဲသလို အဲဒီအလုပ်ရသွားပြန်တော့လဲ အလုပ်လုပ်ရတာ တော်တော်ပင်ပန်းခက်ခဲလွန်းလှပါတယ်။ ကမ္ဘာမြေကြီးရဲ့ အပြင်ဘက်မှာ အသင်းအဖွဲ့နဲ့နေရတယ်ဆိုပေမယ့် နေ့စဉ်နေ့တိုင်း ဒီလူတွေနဲ့ပဲ တွေ့ရတာများလာတဲ့အချိန်မှာ ကြာရင် အထီးကျန်လာနိုင်ပါတယ်။ ကမ္ဘာမြေမှာနေထိုင်တဲ့ လူတွေမှာတော့ နေ့နဲ့ည ဆိုတာရှိပြီး မှောင်ရင်အိပ်ရမယ်၊ လင်းရင်အိပ်ယာထရမယ်ဆိုတဲ့ အသိက လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ မွေးကတည်းကပါလာပြီးသားပါ။

ဒါပေမယ့်အာကာသထဲမှာ မှောင်တယ်ဆိုတာမရှိတော့ အိပ်ချိန်သတ်မှတ်ဖို့ဆိုတာ အခက်အခဲဆုံးအလုပ်ပါ။ ဒါကြောင့် အာကာသယာဉ်မှူးအလုပ်ဆိုတာ ကိုယ်ရောစိတ်ပါ တော်တော်ပင်ပန်းလွန်းလှတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။

Pixabay-WikiImages

ဒီလိုပင်ပန်းလွန်းတဲ့ အလုပ်ကို လုပ်ကိုင်နေရတဲ့ အာကာသယာဉ်မှူးတွေထဲကမှ နိုင်ငံတကာအာကာသယာဉ်စခန်းမှ အာကာသယာဉ်မှူးသုံးယောက်ကတော့ သူတို့ဆီကို ချိစ်တွေရယ်၊ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေရယ်နဲ့ သကြားလုံးတွေ ကို နိုင်ငံတကာအာကာသယာဉ်စခန်းထဲကို အမြန်ဆုံးပို့ပေးဖို့ တောင်းဆိုခဲ့ကြောင်း Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
နှစ် (၁,၀၀၀) သက်တမ်းဓားကြီးတစ်လက်ကြောင့် ဆွီဒင်ဘုရင်မလို့ သမုတ်ခံနေရတဲ့ မိန်းကလေး
Pixabay-lipefontes0,silviarita,eismannhans

အဆိုစားစရာတွေကို ပြီးခဲ့တဲ့သောကြာနေ့ (၁၄.၂.၂၀၂၀) က The Northrop Grumman Antares Rocket အမည်ရှိ လွန်းပျံယာဉ်နဲ့ လွှတ်တင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ လွန်းပျံယာဉ်ထဲကို  ပေါင် ၇၅၀၀ ကျော် အလေးချိန်ရှိတဲ့ သုတေသတနပစ္စည်းတွေရယ်၊ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေရယ်နဲ့ အာကာသယဉ်အပိုပစ္စည်းတစ်ချို့ရယ်နဲ့ ပေါင် ၅၀၀ အလေးချိန်ရှိတဲ့ အာကာသယာဉ်မှူးသုံးယောက်မှာထားတဲ့ စားသောက်စရာတွေ ထည့်ပေးခဲ့ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE