ကီလိုမီတာ ထောင်ချီကနေတောင် လိုင်စင်ပြားကို မြင်အောင် ရိုက်နိုင်တဲ့ စောင့်ကြည့်ကင်မရာ

FUJIFILMglobal/ Youtube

ကင်မရာအရည်အသွေးကောင်းတဲ့ သတင်းနဲ့ ကျော်ဇောတဲ့ brand တွေထဲမှာ Fujifilm လည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ အခုဆိုရင်တော့ The Verge နည်းပညာမီဒီယာမဂ္ဂဇင်းက ဖော်ပြထားချက်အရ Fujifilm ကနေ အားလုံးကို အံ့အားသင့်သွားစေလောက်တဲ့ မှန်ဘီလူး ထည့်သွင်းထားတဲ့ စောင့်ကြည့်ကင်မရာတစ်ခု ဖန်တီးလိုက်တဲ့အကြောင်းကို သိရှိရပါတယ်။

ကင်မရာထဲမှာ built-in အနေနဲ့ ပါရှိထားတဲ့ lens ကတော့ “FUJIFILM SX800” ပါ။ ကင်မရာအမျိုးအစားကတော့ အကွာအဝေးရှည် စောင့်ကြည့်ကင်မရာ ဖြစ်ပြီး 40x အထိ အနီးကပ် zoom ဆွဲကြည့်နိုင်ပါတယ်။ Focal length အများဆုံးနဲ့ အနည်းဆုံး 20mm-800mm အထိ အသုံးပြုလို့ရပြီး digital zoom က 1.25x ဆွဲနိုင်ပါသေးတယ်။ ဒါကြောင့် ဒီ ၂ မျိုးပေါင်းတဲ့အခါ focal length 1000 mm အထိ သုံးနိုင်ပါတယ်။

READ
စမတ်ဖုန်းအသစ်မဝယ်ခင် ဝယ်ပြီးမှ နောင်တမရစေဖို့ စဉ်းစားရမယ့် အချက် ၅ ချက်
FUJIFILMglobal/ Youtube

အလွန်ကွာဝေးလွန်းတဲ့ နေရာတွေက အရာဝတ္ထုတွေ စာတွေကို မြင်ရတဲ့အထိ အထက်ဖော်ပြပါစောင့်ကြည့်ကင်မရာက စွမ်းဆောင်နိုင်တဲ့ အကြောင်းကိုတော့ ကုမ္ပဏီကနေ ဗီဒီယိုနဲ့ တကွ ပြသထားခဲ့ပါတယ်။ ကင်မရာစွမ်းဆောင်ရည်ကို သက်သေပြထားချက်မျာကတော့ ကီလိုမီတာ ၂၀၀၀ (၁.၃၆ မိုင်) အကွာက လက်နဲ့ ကိုင်ထားတဲ့ ဆိုင်းဘုတ်က စာကို ကင်မရာကတစ်ဆင့် မြင်ရတယ်၊ ကီလိုမီတာ ၃၀၀၀ (၁.၈၆ မိုင်) အကွာ တိုကျိုတာဝါပေါ်က ပလက်ဖောင်းကို ကြည်လင်နေအောင် လှမ်းရိုက်ပြနိုင်တယ်၊ ၁၀၀၀ ကီလိုမီတာ (၀.၆ မိုင်) အကွာမှာ ရပ်ထားတဲ့ ကားရဲ့ လိုင်စင်ပလိတ်ပြားကို ဖတ်ကြည့်နိုင်ပါတယ်။ Autofocus ကလည်း ၀.၃ စက္ကန့်အတွင်း ရနိုင်ပြီး မြူနဲ့ အပူလှိုင်းရဲ့ သက်ရောက်မှုကို လျှော့ချပေးနိုင်တဲ့ image processing engine လည်း ပါရှိပါတယ်။ ညဘက် ရိုက်ချက်တွေအတွက်လည်း ISO level 819200 အထိတောင် သုံးလို့ရနိုင်ပါတယ်။

READ
ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် လေပေါ်ထိုင်နိုင်သူတစ်ဦးရဲ့ ပြကွက်ဆန်း
FUJIFILMglobal/ Youtube

ကင်မရာကို အသုံးပြုစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပတ်ဝန်းကျင်တွေကတော့ လေဆိပ်တွေ၊ သစ်တောတွေ၊ နယ်စပ်လုံခြုံရေးကဏ္ဍတွေအတွက်မှာ ဖြစ်ပါတယ်။ အကွာအဝေးတော်တော် ဝေးတဲ့အထိ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်လို့ ကင်မရာရဲ့ တန်ဖိုးကလည်း မသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် စောင့်ကြည့်ရေး ကင်မရာတွေ အများကြီး တပ်စရာလိုတော့မှာလည်း မဟုတ်တဲ့အတွက် ကင်မရာ အရေအတွက် နည်းနည်းနဲ့ လုံခြုံရေးအတွက် စိတ်ချသွားရမှာလည်း ဖြစ်ပါတယ်။

White

SHARE