အိမ်မှာနေရင်းကြွက်သားတက်စေမယ့် ကိရိယာလွတ် Full Body Workout (၅) မျိုး

Freepik- bristekjegor

Quarantine ကာလာတွေမှာ ဒီအတိုင်းပဲ အိပ်လိုက်၊ စားလိုက်၊ ဖုန်းသုံးလိုက်နဲ့ နေကြတော့မလို့လား။ ဒီလိုသာဆို အဆီတွေတက်လာမှာနော်။ ဒီတော့ အိမ်မှာပဲ လွယ်လွယ်ကူကူ လုပ်လို့ရမယ့် full body workout လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Full body workout ဆိုတာ ခန္ဓာကိုယ်ရဲ့တစ်နေရာတည်းကိုမဟုတ်ဘဲ ဗိုက်၊ ပေါင်၊ လက်မောင်း၊ တင် စတဲ့နေရာစုံကို တစ်ခါတည်းထိရောက်စေမယ့် လေ့ကျင့်ခန်းလုပ်နည်းလေးတွေပါ။ အမျိုးသားရော၊ အမျိုးသမီးရော လုပ်နိုင်တာမလို့ အောက်ကနည်းလေးတွေအတိုင်း ရက် ၃၀ လောက် ကိုယ့်ကိုယ်ကို challenge ခေါ်ပြီး စမ်းကြည့်ကြပါလား။

(၁) Plank

တံတောင်ဆစ်နဲ့ထောက်တဲ့ Plank ကတော့ full body workout ရဲ့ အခြေခံအကျဆုံး နည်းလမ်းတစ်မျိုးပါပဲ။ စစချင်း စက္ကန့် ၃၀ ရအောင် အနည်းဆုံးထောက်ကြည့်ပါ။ တဖြေးဖြေးနဲ့တော့ ၄၅ စက္ကန့်၊ စက္ကန့် ၅၀၊ တစ်မိနစ် စသဖြင့် အချိန်ကို တိုးတိုးသွားပေးပါ။

READ
ကျန်းမာစွာဝချင်တဲ့သူတွေ စားသင့်တဲ့ ပရိုတိန်းဓာတ်အပြည့်ဝဆုံးအစားအစာများ

သတိထားရမယ့်အချက်ကတော့ plank ထောက်တဲ့အခါ တင်ပါးကြီး ကျနေတာတို့၊ တင်ပါးကြီးထောင်နေတာတို့ မဖြစ်ရဘဲ ခန္ဓာကိုယ်ကို တစ်ဖြောင့်တည်းထားပါ။ ခေါင်းကိုလည်း ငုံ့နေတာမျိုး၊ မေ့နေတာမျိုး မလုပ်ရပါဘူး။

Freepik-drobotdean

(၂) Burpees

Burpees ဟာလည်း full body workout ထဲ မထည့်လို့မဖြစ်တဲ့ အရေးကြီး workout နည်းတစ်မျိုးပါပဲ။ သူ့တစ်ခုတည်းဆော့ပြီးတောင် ကိုယ်အလေးချိန်ကျစ်အောင်ဆော့နိုင်ပါတယ်။ နည်းလမ်းကတော့ ဒီလိုပါ။

(၃) Squad Jump

Squad ကတော့ အရပ်အခေါ်အရ ထိုင်ထလုပ်တယ်ပေါ့။ အခု squad jump ဆိုတာက ထိုင်ထလုပ်ပြီးတာနဲ့ ခြေထောက်တွေကိုဆန့်ပြီး တစ်ခါတည်းခုန်ရတာမျိုးပါ။

သတိထားရမှာ နှစ်ချက်ရှိနေပါတယ်။ ပထမတစ်ချက်ကတော့ squad ထိုင်တဲ့အခါမှာ တင်ကိုအနောက်ကိုပစ်ပြီး ဒူးအကွေးကို ထောင့်မှန်ပုံသဏ္ဍာန်ဖြစ်အောင် ထားရပါမယ်။ ဒုတိယတစ်ခုကတော့ ခုန်ပြီး ခြေထောက်ပြန်ချတဲ့အခါ ခြေထောက်ကို ဆောင့်ချလိုက်တာမျိုးမဟုတ်ဘဲ ခြေဖျားလေးထောက် ထိန်းချပေးပါ။ နှင့်မို့ဆို ခြေချင်းဝတ်နာတတ်ပါတယ်။

READ
ကမ္ဘာတစ်ဝှမ်းမှာ လူပေါင်းများစွာ သေဆုံးရခြင်းရဲ့ အကြောင်းရင်းလက်သည် သွေးတိုးရောဂါ

(၄) Push-up

ဒိုက်ထိုးတာပါ။ ဒိုက်ထိုးခြင်းက လက်မောင်းကြွက်သား၊ ပုခုံးအနောက်၊ ဝမ်းဗိုက်သားတွေကို အထူးကျစ်လစ်စေပါတယ်။ တစ်ခါထက်တစ်ခါ အကြိမ်ရေတိုးပေးပါ။

(၅) Jumping Jack

Full body workout ထဲ အလွယ်ဆုံးပါပဲ။ Cardio ပိုင်းမှာ ပါဝင်တဲ့ jumping jack ကတော့ တစ်ကိုယ်လုံးက အဆီတွေကို ကျစေမှာနော်။

အားလုံးပဲ stay at home ကာလမှာ လေ့ကျင့်ခန်းလေးတွေလုပ်ပြီး အခြေအနေတွေ ပုံမှန်ပြန်ဖြစ်လို့ အားလုံးနဲ့ပြန်တွေ့တဲ့အချိန် ပါးစပ်အဟောင်းသားဖြစ်အောင် လုပ်လိုက်ကြစို့လား။

Penny

SHARE