ခေါင်းလျှော်ရည်ကြာ်ငြာမော်ဒယ်ဖြစ်နေပြီဖြစ်တဲ့ သာမန်ထက်ဆံပင်သန်တဲ့ကလေးလေး

Baby Chanco လေးဟာ မိခင်ဗိုက်ထဲမှ စစထွက်လာကတည်းက သာမန်ကလေးတွေထက် ပိုရှည်ပြီးပိုထူထဲတဲ့ ဆံကေသာကို ပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။

Instagram

မိခင် Mami Kano ဟာ ကလေးလေး (၄) လအရွယ်အရောက်မှာ Baby Chanco လေးရဲ့ပုံလေးတွေကို Instagram မှာစတင်ခဲ့ပါတယ်။ ကလေးလေးရဲ့ဆံပင်ကြောင့်ပဲ Instagram မှာ လူသိများကျော်ကြားခဲ့ပြီး ဂျပန်နိုင်ငံတစ်နိုင်ငံလုံးမှာလည်း Baby Chanco လေးကို မချစ်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ကလေးလေးရဲ့ Instagram account ကတော့ အခုအချိန်မှာ Follower ပေါင်း (၃) သိန်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။

Instagram

Baby Chanco လေးဟာ ၂၀၁၈ ဒီဇင်ဘာ (၂၃) ရက်နေ့မှာ (၁) နှစ်သမီးလေးဖြစ်သွားခဲ့ပါပြီ။ မိခင်ဖွင့်ထားတဲ့ Instagram မှ ပုံလေးတွေကို သတိထားမိတဲ့ ကုမ္ပဏီတစ်ခုရှိပါတယ်။

READ
ရော်နယ်ဒို ကို ပညာကောင်းကောင်းပေးလိုက်တဲ့ အီရန်ပရိသတ်တွေ

ကမ္ဘာ့နာမည်ရခေါင်းလျှော်ရည်ကြော်ငြာဖြစ်ပြီး Baby Chanco လေးကို ကြော်ငြာရိုက်ကူးဖို့အတွက်ကမ်းလှမ်းခဲ့ပါတယ်။ Baby Chanco လေးနဲ့အတူ ကြော်ငြာမှာသရုပ်ဆာင်ရမယ့်နောက်ထပ်တစ်ဦးကတော့ ဂျပန်နိုင်ငံကျော် ရုပ်သံတင်ဆက်သူ Sato Kondo ပဲဖြစ်ပါတယ်။ Sato Kondo ဟာ သူမရဲ့မွေးရာပါဆံပင်ဖြူလေးတွေကြောင့် ရေပန်းစားသူတစ်ဦးပါ။

 

ခေါင်းလျှော်ရည်ကြော်ငြာမှာတော့ Baby Chanco လေးရဲ့ လူ့လောကထဲရောက်လာပုံလေးတွေကို ကာတွန်းခဲခြစ်များဖြင့် ပူးပေါင်းရိုက်ကူးထားတာပါ။

မိခင်ဖြစ်သူ Mami Kano ဟာ အနာဂတ်မှာ ကလေးလေးရဲ့ဆံပင်တွေကို ညှပ်ပစ်ဖို့အစီအစဉ်မရှိဘူးလို့လည်းဆိုပါတယ်။ ဆံပင်ကိုဒီထက်ပိုရှည်အောင်ထားပေးပြီး ကျစ်ဆံမြီးလေးတွေကျစ်ကာ လှလှပပလေးဖြစ်အောင် ပြင်ကြည့်ချင်တယ်လို့ဆိုပါတယ်။

Instagram
Instagram

Source: Asia One

Penny

 

SHARE