ဓာတ်ပုံတစ်ပုံကြောင့် လူမုန်းများခံနေရရှာတဲ့ ဂျပန်ဝန်ကြီးချုပ်လောင်းလျာ

[email protected]

လက်ရှိအချိန်မှာ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ Shinzo Abe ဟာ ကျန်းမာရေးအခြေအနေကြောင့် ရာထူးကနေ ရုတ်တရက် နှုတ်ထွက်သွားခဲ့ရတာကို တော်တော်များများသိကြပြီး ဖြစ်မှာပါ။ ဒါ့ကြောင့် မကြာခင်အချိန်အတွင်း အဆိုပါ ဂျပန်ဝန်ကြီးချုပ်နေရာကို ဆက်ခံဖို့အတွက် Liberal Drmocratic ပါတီမှာ နိုင်ငံခြားရေးဝန်ကြီးတစ်ဦးဖြစ်တဲ့ Fumio Kishida ဟာ ဂျပန်ဝန်ကြီးချုပ်နေရာအတွက် အလွန်ကို ရေပန်းစားလျက်ရှိပါတယ်။ အဓိကအကြောင်းအရင်းကတော့ နိုင်ငံရေးနယ်ပယ်ထဲမှာလဘ်း ကျင်လည်နေတာ ကြာမြင့်နေပြီ ဖြစ်တဲ့အပြင် တိုင်းပြည်အပေါ် အရမ်းသံယောဇဉ်ရှိတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် ဂျပန်ပြည်သူတွေကလည်း Fumio ကို ဝန်ကြီးချုပ်နေရာမှာ ဆက်ခံဖို့ ဆန္ဒရှိနေကြပါတယ်။

 

ဒါ့အပြင် Fumio ဟာ လူလတ်ပိုင်း အရွယ်လောက်ကတည်းက နိုင်ငံရေးမှာ ပါဝင်ခဲ့တာကြောင့် နိုင်ငံရေးနယ်ပယ်မှာ အင်မတန် လူချစ်လူခင်ပေါပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့က Fumio ဟာ သူ့ရဲ့ Twitter အကောင့်မှာ တင်ခဲ့တဲ့ဓာတ်ပုံတစ်ပုံကြောင့် အခုအချိန်မှာတာ့ ဂျပန်ပြည်သူတွေအပါအဝင် အတိုက်အခံပါတီတွေရဲ့ ဝေဖန်မှုတွေပါ ခံခဲ့ရကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
အိမ်နီးချင်းနိုင်ငံတွေဆီ ၀က်အပြင်းဖျားရောဂါကူးစက်ပြန့်ပွားမှာ စိုးရိမ်နေတဲ့ ဗီယက်နမ်

 

ပုံထဲမှာ တွေ့ရတာကတော့ Fumio ရဲ့ မိန်းမဖြစ်သူပဲ ဖြစ်ပါတယ်။ အဲဒီနေ့တုန်းက Fumio ဟာ Tokyo မြို့မှ အစည်းအဝေးတစ်ခုကနေ Break ယူနေတဲ့အချိန်မှာ Hiroshima မှာ ရှိနေတဲ့ Fumio ရဲ့ ဇနီးဟာ Fumio အတွက် စားဖို့သောက်ဖို့ တကူးတက လာပြင်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒါကို Fumio ဟာ သူ့မိန်းမက သူ့ကိုဘယ်လောက်ချစ်ကြောင်း ချပြချင်တာနဲ့ ဓာတ်ပုံရိုက်ပြီး သူ့ရဲ့ Twitter အကောင့်မှာ တင်ခဲ့ပါတယ်။

READ
ရောဂါရှာဖွေမှု မှားယွင်းခြင်းကြောင့် ဦးနောက်ကင်ဆာနဲ့ သေဆုံးခဲ့ရတဲ့ ကျောင်းသူမလေး

ဒါပေမယ့် ပြည်သူတော်တော်များများက Fumio ဟာ သူ့မိန်းမကို တစ်ကယ်ချစ်တဲ့ လူတစ်ယောက်သာဆိုရင် အနားမှာ ထိုင်ခိုင်းထားမှာဖြစ်ကြောင်း၊ အခုပံစံက မိန်းမကို အစေခံတစ်ယောက်လို မတ်တပ်ရပ်ခိုင်းထားတာ တော်တော်လေး ရှက်ဖို့ကောင်းကြောင်း၊ ဒီလိုပုံစံနဲ့ တိုင်းပြည်ရဲ့ ဝန်ကြီးချုပ်လုပ်ချင်နေတာ မဖြစ်သင့်ကြောင်း အစရှိသဖြင့် comment တွေ ဝိုင်းရေးပြီး အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။ Fumio ဖက်ကနေပြီးတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှပြန်မဖြေရှင်းခဲ့ပါဘူး။

 

Pyi Hein Kyaw

SHARE