IT ရုပ်ရှင်ထဲ Bill အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jaeden Lieberher က ဒါတွေကိုကြိုက်ပါသတဲ့

@jaedenwesley/Instagram

IT ထဲမှာ Bill Denbrough အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ချာတိတ်လေး Jaeden Lieberher ကို အားလုံး မှတ်မိကြမယ်ထင်ပါတယ်နော်။ စကားလေး ထစ်ကာထစ်ကာနဲ့ ညီလေးရဲ့သေဆုံးမှုအတွက် ယူကျုံးမရဖြစ်နေခဲ့တဲ့ Bil နဲ့ Loser Club တို့ ပေါင်းပြီး ပထမကားမှာ Pennywise ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ခဏပေါ့။

@jaedenwesley/Instagram

Jaeden ဟာ ၂၀၀၃ ခုနှစ်မှာ မွေးဖွားခဲ့တယ်လို့ သိခဲ့ရပြီး အခုဆိုရင်တော့ ၁၆ နှစ်သားလေးဖြစ်လို့နေခဲ့ပါပြီ။ Philadelphia မှာနေထိုင်သူဖြစ်ပြီး မိန်းကလေးတွေကြားထဲမှာ ချစ်ဖို့ကောင်းပြီး နုနယ်တဲ့ရုပ်ရည်လေးကြောင့် နာမည်ကျော်ကြားနေခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက သရုပ်ဆောင်အဖြစ် ရုပ်ရှင်လောကထဲ ဝင်လာခဲ့ပေမယ့်လို့ IT နဲ့ကျမှပဲ တော်တော်လေး ကမ္ဘာကျော်သွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကဲဒီတော့ Jaeden လေးအကြောင်းကို သိရဖို့အတွက် သူ့ရဲ့ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာအချက်လေးတွေအကြောင်း Sweety High မှ ကိုးကားဖော်ပြလေးလိုက်ပါတယ်။

READ
လေတစ်ချက်အရမ်းမှာ အရှက်တွေဗြန်းဗြန်းကွဲခဲ့ရတဲ့ မင်းသမီးကြီး

(၁) Jaeden ဟာ ဖုန်းနဲ့မျက်နှာနဲ့မခွာနိုင်တဲ့ ဆယ်ကျော်သက်တွေထဲမပါပေမယ့်လို့ သူ့ရဲ့အကြိုက်ဆုံး social app ကတော့ Snapchat ပါတဲ့။

@jaedenwesley/Instagram

(၂) DC comic တွေဖတ်ရင်း ကြီးပြင်းခဲ့ပေမယ့်လို့ X-Men တို့ Guardians of the Galaxy တို့လို Marvel ရုပ်ရှင်တွေကိုလည်း ကြိုက်နှစ်သက်ပါတယ်။

(၃) တစ်နှစ်လုံး သူ့ရဲ့အကြိုက်ဆုံး ရက်ကတော့ ခရစ်စမတ်ပဲဖြစ်ပါတယ်။

@jaedenwesley/Instagram

(၄) မနက်စောစောမထနိုင်တဲ့ အိပ်ပုတ်လေးပါတဲ့။

(၅) အကြိုက်ဆုံး Disney ကာတွန်းကတော့ Monster Inc ဖြစ်ပြီး

(၆) လက်ရှိသဘောအကျရဆုံး အနုပညာရှင်တွေကတော့ Tyler the Creator, Mac Demarco, Frank Ocean, King Krule နဲ့ Rex Orange County တို့ပဲဖြစ်ပါတယ်တဲ့။

READ
Hearty Heart ရဲ့ပွဲမှာ Project Kအဖွဲ့နဲ့အတူ ကပြဖျော်ဖြေခဲ့တဲ့ ဘာဘီမလေး ချီချီ
@jaedenwesley/Instagram

Penny

 

SHARE