သေသူနဲ့လူချင်းတောင်မတွေ့ဖူးခဲ့တဲ့ ပရိသတ်ထောင်ပေါင်းများစွာနဲ့ စည်ကားခဲ့တဲ့ အသုဘ

ဖလော်ရီဒါပြည်နယ်နေ စစ်မှုထမ်းဟောင်း Edward Pearson ဟာ သြဂုတ်လ(၃၁) ရက်နေ့ အသက်(၈၀)နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ Edward Pearson ရဲ့ အသုဘကို လူပေါင်း(၂) ထောင်ကျော်တက်ရောက်ခဲ့ပေမယ့် အသုဘပွဲလာပရိသတ်အများစုဆိုရင် Edward နဲ့လူချင်းတောင် တွေ့ဖူး သိကျွမ်းဖူးကြတာ မဟုတ်ပါဘူး။

ဒါပေမယ့် ဒီလိုသူစိမ်းတွေအများကြီး အသုဘလိုက်ပို့ကြတဲ့အကြောင်းရင်းကတော့ အခုလိုပါ။ စစ်ပြန်ကြီး Edward မှာ လတ်တလော သူ့အသုဘအတွက် အသုဘရှင်ဆွေမျိုးရင်းခြာတွေ တစ်ယောက်မှ မရှိရှာပါဘူး။ စစ်ပြန်ကြီး အသက်ရှင်စဉ်တုန်းက ပြည်သူ့အကျိုးဆောင်ရွက်ခဲ့တာတွေကို လေးစားတဲ့အနေနဲ့ နောက်ဆုံးခရီးမှာ တစ်ဦးတည်းသွားရမယ့် စစ်ပြန်ကြီးအတွက် အသုဘလိုက်ပို့ပေးနိုင်တဲ့အကြောင်း တွစ်တာပေါ် သတင်းတက်လာခဲ့တာ ဖြစ်ပါတယ်။

twitter/DC_Draino

ခုလို နာရေးသတင်းတက်လာပြီးနောက်မှာတော့ လူပေါင်းများစွာတို့က စစ်ပြန်ကြီးရဲ့ နောက်ဆုံးခရီးကို အတူလိုက်ပါပို့ဆောင်ပေးဖို့ ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ပရိသတ်တစ်ဦးဖြစ်သူ  ၀ီလျံဘိုးမန်းကတော့ “ကျွန်တော်က ဒီလူနဲ့ တစ်ခါမှတောင် မတွေ့ဖူးဘူးဗျ။ ဒါပေမယ့် သူက စစ်ပြန်၊ ကျွန်တော်ကလည်း စစ်ပြန်ဆိုတော့ ညီအစ်ကိုတွေပေါ့ဗျာ။ ဒါကြောင့် သူ့အသုဘလိုက်ပို့တာပါ…” လို့ ဆိုပါတယ်။

READ
အကြောင်းတစ်ခုကြောင့်ကွဲကွာခဲ့ရတဲ့ ဇနီးသည်နဲ့ ပြန်ပေါင်းထုပ်နိုင်ခဲ့တဲ့ အဖိုးအို
twitter/DC_Draino

Edward ရဲ့ အသုဘကို တက်ရောက်ခဲ့တဲ့ အခြားသူတစ်ဦးကတော့ ပက်တီသရက်ရှာဆိုသူပါ။ သူမဟာ (၂၀၁၇) တုန်းက အမေရိကန်ကို တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းအီမာအပြီး Edward နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူမနဲ့တွေ့တုန်းက Edward ဟာ ဟာရီကိန်းကြောင့် သူ့ရဲ့ရွေ့လျားအိမ်ခေါင်မိုးလေး ပျက်စီးသွားလို့ ပြင်ဆင်ဖို့လုပ်နေတဲ့အချိန်ပါ။ Edward မှာ အိမ်ပိုင်မရှိပါဘူး။ အိမ်ဝယ်ဖို့ စုထားတဲ့ငွေတွေကိုလည်း လူလိမ်က လိမ်ပြေးသွားပါတယ်။ ဒါကြောင့် ဟာရီိကိန်းဒဏ်ခံရတဲ့အခါမှာတော့ Edward ဟာ ခိုကိုးရာမဲ့ခဲ့တာကြောင့် အစိုးရကိုအကူညီတောင်းခဲ့ပါသေးတယ်။ အဲ့ချိန်မှာပဲ Edward ဟာ ပက်တီနဲ့ တွေ့ခဲ့ပြီး အိမ်ပြောင်းဖို့ လုပ်နေရင်းကနေ တိမ်းပါးသွားခဲ့တာ ဖြစ်ပါတယ်။

twitter/DC_Draino

ပက်တီကတော့ “တကယ်လို့ Edward သာ ဒီမြင်ကွင်းကို မြင်ခဲ့ရင် တော်တော်လေး ကြည်နူးသွားမှာ။ စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တောင် ကျလောက်တယ်။ အခုဆိုရင်တောင်မှ သူ့အသုဘကို လိုက်ပို့သူတွေများလွန်းလို့ ကောင်းကင်ပေါ်ကနေ ကြည့်ပြီး နင့်နင့်သီးသီး ငိုချင်ငိုနေမှာ….” လို့ ပြောပြခဲ့ပါသေးကြောင်းလည်း simplemost သတင်းအရ သိရှိရပါတယ်။

READ
မြေပြိုပြီး လမ်းတွေပျက်စီးနေပေမယ့် ကျောင်းကိုမရောက်ရောက်အောင် သွားခဲ့တဲ့ ဆရာမ
twitter/DC_Draino

 

လင်းလင်း (ShweMom)

SHARE