ရယ်စရာဖြစ်စေခဲ့တဲ့ လူမှုကွန်ယက်ပေါ်က ကမ္ဘာကျော်ဓာတ်ပုံအလွဲများ

ဒီတစ်ပတ်မှာတော့ Shwemom ရဲ့ ပရိသတ်ကြီး အပန်းဖြေ-ရယ်မော ပျော်ရွှင်နိုင်ဖို့အတွက် လူမှုကွန်ယက်အသီးသီး
ပေါ်မှာ hot ဖြစ်သွားစေခဲ့တဲ့ ကမ္ဘာကျော် ဓာတ်ပုံအလွဲတွေကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်း …။

(၁) နောက်ခံဘက်ဂရောင်းဆိုတာ ရွေးတတ်ရတယ်

ဒီပုံလေးကတော့ ထင်မှတ်မထားပဲ၊ နာမည်ကြီးသွားစေခဲ့တဲ့ ပုံလေးပါ။ အရွယ်မရွက်သေးတဲ့ ကလေးမလေးမို့ ဓာတ်ပုံကို Blur လုပ်ပေးထားပါတယ်။

(၂) ဂုဏ်ပြုပါတယ်

ဒီဓာတ်ပုံကို ပြန်လည်ဖြန့်ဝေသူကတော့ စုံတွဲနှစ်တွဲစလုံးအတွက် ဂုဏ်ယူပါတယ်ဆိုပြီး ရေးသားခဲ့ပါတယ်။ တစ်ခါတလေ ဓာတ်ပုံလေးတွေက ကောင်းချင်ပါရက်၊ သတိမထားမိတဲ့ ပတ်ဝန်းကျင်က ရယ်စရာ ဖြစ်စေပါတယ်။

(၃) မြင်းပေါ်မှာ ခန့်ခန့်ကြီး ဆိုပေမယ့်

ဒီပုံလေးကတော့ အမျိုးသားက မြင်းပေါ်မှာ စစ်သည်တော် တစ်ဦးရဲ့ မျက်နှာပေးနဲ့ အိုက်တင်အပြည့်ပါဘဲ။ ဒါပေမယ့် နောက်မှ ကလေးက အီးကုန်းနေတာက သူရဲ့ သမာဓိတွေကို ဖျက်လိုဖျက်ဆီးလုပ်လိုက်သလိုပါဘဲ။

(၄) ဘာလဲဟ … ?

တကယ်တော့ ဓာတ်ပုံပိုင်ရှင် အမျိုးသမီးက See Weed လို့ ခေါ်တဲ့ အနီရောင် ပင်လယ်ရေညှိပင်ကို ခွပြီး၊ ကဗျာဆန်လွန်းတဲ့ ဓာတ်ပုံလေးကို ဖန်တီးခဲ့တာပါ။ သို့ပေမယ့် ဒါက အမျိုးသမီးတွေ လစဉ် ကြုံရလေ့ရှိတဲ့ ဓမ္မတာကိစ္စဆိုပြီး ၀ိုင်းဖွခဲ့တော့ ကောင်မလေးခမျာ ပို့စ်ကို ဖြုတ်လိုက်ရတဲ့အထိပါဘဲ။

(၅) သမီးတို့နဲ့ မဆိုင်ပါဘူးရှင်

ဒီဓာတ်ပုံထဲက ဆယ်ကျော်သက်လေးတွေကတော့ ဒီဓာတ်ပုံကို အွန်လိုင်းမှာ ဖြန့်ဝေပြီးလို့ မိနစ်ပိုင်းအတွင်းမှာ ပြန်ဖြုတ်ချခဲ့ရပါတယ်။ အကြောင်းကတော့ နောက်မှာ အမျိုးသမီးနှစ်ယောက် တစ်ပြိုင်တည်းအသုံးပြုလို့ရတဲ့ အာသာဖြေလက်တုကြီးက တွဲလောင်းကြီး ဖြစ်နေလို့ပါ။ အားလုံးက ၀ိုင်းဝန်း လှောင်ပြောင်မှ သူတို့နှစ်ယောက်က တွဲလောင်းကြီးကို မြင်ခဲ့မိတာတဲ့။

READ
သူများတွေရဲ့သာယာနေတဲ့ကမ္ဘာထဲ မမျှော်လင့်ဘဲ ဝင်ရောက်နှောင့်ယှက်ခဲ့ကြသူများ

(၆) မဟုတ်ရပါဘူး မောင်ရယ်

ဒီဓာတ်ပုံကတော့ လင်မယားနှစ်ယောက် ကွဲသွားစေတဲ့အထိ ထွန်းအားပေးခဲ့ပါတယ်။ အမျိုးသမီးဖြစ်သူနဲ့ သူမရဲ့ လင်ယောက်ျားတို့ Snap chat နဲ့ စကားပြောနေစဉ် အမျိုးသမီး ပို့လိုက်တဲ့ ဓာတ်ပုံထဲမှာ တစ်ခြားအမျိုးသားတစ်ယောက်နဲ့ အတူရှိနေတဲ့ သက်သေကို သတိမထားမခဲ့ပါဘူး။ ဒါကတော့ အမျိုးသားတွေ စီးလေ့ရှိတဲ့ ဘွတ်ဖိနပ် စင်အောက်မှာ ရှိနေတာပါဘဲ။ အမျိုးသမီးကတော့ မဟုတ်ရပါဘူး မောင်ရယ်လို့ ငြင်းပေမယ့် လက်ဆုပ်လက်ကိုင်က ရှိနေကမင့်ကိုး။

(၇) မှတ်ကရော

ဒီပုံလေးကလည်း ထင်မှတ်မထားပဲ ကုလားအုတ်နဲ့ အတူ ဓာတ်ပုံတွဲရိုက်စဉ်မှာ ကုလားအုတ် ကိုက်တာကို ခံခဲ့ရတာလေးပါ။ ကုလားအုတ်တွေဟာ သူတို့ သဘောမကျတဲ့သူဆိုရင် တံထွေးနဲ့ လှမ်းထွေးတတ်သလို၊ ကိုက်ခဲရန်ရှာတာမျိုးလည်း လုပ်တတ်တယ်လို့ သိရပါတယ်။

(၈) Single ဆိုပေမယ့် အဖော်ရှိပါတယ်

ဒီဆယ်ကျော်သက်မလေးကတော့ ရိုးတိရိုးကန်းမျက်နှာပေးနဲ့ ခုတင်ပေါ်မှာ ယဉ်ယဉ်လေး ပို့စ်ပေးခဲ့တာပါဘဲ။ ဒါပေမယ့် သူမရဲ့ နိစ္စဒူဝ အပေါင်းအသင်းကို ကွယ်ရာမှာ ၀ှက်မထားမိခဲ့တာက လူမှုကွန်ယက်မှာ ရယ်စရာ ဖြစ်စေခဲ့ပါတယ်။

READ
ဘီယာထဲပျားဝင်နေတာ မသိဘဲသောက်မိလို့ ပျားတုတ်ခံခဲ့ရသူ

(၉) မသာကို မျက်ခွက်လာပြောင်တာလား ?

လူမှုကွန်ယက်မှာ ဝေဖန်မှု အတော်လေး ခံခဲ့ရတဲ့ ဓာတ်ပုံပါ။ သူများတွေက အသုဘအခမ်းအနားမို့ မျက်နှာလေးတွေကို ရသမျှ ဇီးရွက်လောက်ကလည်း ငယ်ပြီး၊ သေသူရဲ့ မိသားစုနဲ့တကွ ထပ်တူဝမ်းနည်းရကြောင်း ပြခဲ့ကြပေမယ့်၊ အမျိုးသမီးတစ်ဦးကတော့ အလောင်းထည့်ထားတဲ့ အခေါင်းရှေ့မှာ ပါတီတတ်တဲ့ မျက်နှာပေးနဲ့ ဆယ်လ်ဖီတွေ ဆွဲခဲ့တာပါ။

(၁၀) မင်း ဘယ်လောက် သတ္တိရှိလဲ ဟျောာင့်

ဂိုဏ်းစတားပုံစံ မင်တည်တည် မျက်နှာပေးနဲ့ ဘာကိုမှ ထီမထင်၊ ခပ်မိုက်မိုက်၊ ခပ်ကြမ်းကြမ်းမှ နေတတ်သူတစ်ယောက်ရဲ့ Selfie ဓာတ်ပုံလေးကလည်း ကမ္ဘာကျော်သွားခဲ့ပါတယ်။

(၁၁) ဗလနဲ့ ဇနဲ့ ဟျောင့်

လူတိုင်းက ကိုယ့်ခန္ဓာကိုယ်အလှကို လူတွေသိအောင် ပြချင်ကြပါတယ်။ ဒါပေမယ့် တစ်ခါတလေကျတော့လည်း မဖော်တတတ်တော့ ဖြဲသလို၊ အထိုင်မတတ်တော့ ဆဲသလိုဆိုတာ ဖြစ်တတ်ပါတယ်။

(၁၂) ကောင်မလေးက ကျနော့်ကို Sneak Pic ရိုက်ဖို့ ချောင်းနေတော့တာပဲဗျာ

ဒီဓာတ်ပုံကတော့ သူ့ကို သူ့ကောင်မလေးက အမြဲတမ်း ဓာတ်ပုံတွေ လိုက်ရိုက်နေလို့ စိတ်ညစ်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ Status လေးပေါ့။ ဒါပေမယ့် နောက်က ကားမှန်ထဲမှာ သူ့ကို ဘယ်သူက ဓာတ်ပုံလိုက်ရိုက်နေသလဲဆိုတဲ့ တရားခံကို တကယ်တွေ့လိုက်ရတဲ့ အခါမှာတော့ …။

နတ်စည်တော် (Shwemom)

source : oddee.com

SHARE