အမြဲပျော်ပျော်နေတတ်သူတွေကို ချစ်သူတော်သင့်တဲ့ အချက်များ

လူတိုင်းလူတိုင်းက ပျော်ရွှင်မှုဆိုတဲ့အရာကို လိုချင်ကြပါတယ်။ ကိုယ့်ကို ပျော်ရွှင်အောင် အမြဲလုပ်ပေးတတ်တဲ့သူကို စိတ်ထဲမှာ အမြဲသတိတရနေတတ်ကြပါတယ်..ဒီစာလေးက ပျော်ပျော်နေတတ်တဲ့သူတွေကို ဘာလို့ချစ်သူတော်သင့်လဲဆိုတဲ့အကြောင်းလေးဖြစ်ပြီး အကြောင်းတိုက်ဆိုင်လို့ သင့်မှာ ဒီလိုချစ်သူမျိုးရှိနေပြီဆိုရင်တော့ လုံးဝလက်လွှတ်မခံနဲ့နော်….

(၁) လူတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းတတ်တယ်။

သူရဲ့ ဟာသညဏ်ရွင်တဲ့အပြောလေးတွေ၊ သူရဲ့ အမြဲတမ်းရယ်နေတတ်တဲ့ သူရဲ့ သွင်ပြင်တို့ကြောင့် လူတော်တော်များများက သူ့ကို ချစ်တတ်ကြပါတယ်။ ဒီလိုလူမျိုးကို ချစ်သူတော်ထားပြီဆိုရင် သင် မိသားစု၊ အသိုင်းအဝိုင်း၊ သူငယ်ချင်းတွေနဲ့ မတည့်မှာကို စိတ်ပူစရာမရှိပါဘူးတဲ့အပြင် အနာဂတ်သင်တို့နှစ်ယောက်ရဲ့ မိသားစုဘ၀လေးက သာယာချမ်းမြေ့မှာ ဧကန်အမှန်ပဲနော်

(၂) ဟာသညဏ်ရှိတယ်…

လူတစ်ယောက်မှာ ဟာသညဏ်ရှိပြီး သူကြောင့် တစ်ပါးသူကို ပျော်ရွင်ကြည်နူးအာင် လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတော့ အတော်ကို ပါရမီထူးတဲ့ လူမျိုးတွေပါ…ဒီလိုဟာသညဏ်ရှိပြီး သင့်ကို အမြဲပြုံးပျော်အောင်လုပ်နိုင်တဲ့ သူမျိုးကို ချစ်သူတော်ထားပြီဆိုရင် သင်ကိုယ်တိုင်လည်း ပျော်ရွှင်ရသလို၊ စိတ်တွေပေါ့ပါးနေမှာဖြစ်ပါတယ်။

READ
သင်တစ်ယောက်တည်းကိုပဲ အကြီးကြီးစွဲလမ်းမိနေပြီဆိုတာသိနိုင်မည့် အချက်များ

(၃) ပွင့်ပွင့်လင်းလင်းနေတတ်တယ်။

ဒီလိုလူမျိုးတွေက သူတို့ရဲ့ ရင်ထဲမှာ ရှိတဲ့ ခံစားချက်တွေကို မြိုသိပ်ပြီး အငြိုးအတေမထားတတ်ကြပါဘူး။ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တာကြောင့် သင်တို့နှစ်ယောက် ဘာခံစားနေရလဲဆိုတာ ရှင်းရှင်းလင်းလင်းသိနိုင်မှာဖြစ်ပြီး စိတ်ကသိကအောက် ဖြစ်စရာတွေ လျော့နည်းသွားမှာပါ။

(၄) တိုင်ပင်ဖော် တိုင်ပင်ဖက်ရတယ်။

သူများအတွက် ခက်ခဲထွေပြားနေတဲ့ အရာတွေကို ပျော်ပျော်နေတတ်တဲ့သူတွေက ပေါ့ပါ့ပါးပါးပဲ တွေးခေါ်စဉ်းစား သူတို့လိုချင်တဲ့ ရလဒ်ရတဲ့အထိ ရိုးရိုးလေးဖြေရှင်းနိုင်သူတွေ ဖြစ်ပါတယ်။ သူတို့လိုလူမျိုးတွေကို ချစ်သူတော်ထားမယ်ဆိုရင် သင်ရဲ့ အခက်အခဲ ပြသာနာတွေကို သူတို့က အသာလေးကူညီဖြေရှင်းပေးသွားမှာပဲဖြစ်ပါတယ်။

SHARE