အွန်လိုင်းရှော့ပင်းမှာ ပစ္စည်းမှာပြီး အကြီးအကျယ် နောင်တရခဲ့ကြသူများ

တိုးတက်လာတဲ့ခေတ်ကြီးမှာ အွန်လိုင်းကတစ်ဆင့် ဈေးဝယ်နိုင်လာတာ ကောင်းတဲ့အရာတစ်ခုပါ။ ဈေးနှုန်းတွေလည်း သင့်တင့်ကာ မှာယူရလွယ်ကူပြီး လက်လီဈေးသည်တွေအတွက်လည်း အခွင့်အရေးဖြစ်လာပါတယ်။ ဒါပေမယ့် အဆိုးဘက်လည်းရှိပါတယ်။

ပစ္စည်းတွေကို အလွယ်တကူမှာလိုက်ပြီး ရောက်လာဖို့ စိတ်လှုပ်ရှားစွာ စောင့်ရတာဟာ အွန်လိုင်းရှော့ပင်းတွေရဲ့ အရသာပါ။ ဒါပေမယ့် မျှော်လင့်ထားသလိုတွေ မဖြစ်လာတဲ့အခါမျိုးတွေလည်း ရှိတတ်ပါတယ်။ ကြော်ငြာထားတဲ့ ပုံထဲမှာ မော်ဒယ်ဝတ်ပြထားတာ လှနေပေမယ့် ကိုယ့်ဆီရောက်လာတဲ့အခါ တလွဲဖြစ်နေတတ်ပါတယ်။

ဈေးကြီးပေးဝယ်လိုက်ရတဲ့ ရှူးဖိနပ်တွေကလည်း ရောက်လာတဲ့အခါ အရုပ်ဖိနပ်သေးလေးတွေ ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်ရံ ရှော့ပင်းမောတွေမှာ ကိုယ်တိုင်သွားဝယ်သင့်တယ်လို့ သက်သေပြနေတဲ့ အွန်လိုင်းရှော့ပင်းက အလွဲအချော်လေးတွေကို Shwemom ပရိသတ်ကြီးအတွက် စုစည်းတင်ပြလိုက်တယ်နော်။ ပုံနဲ့စာလေးတွေလည်း တွဲပေးထားပါတယ်။

# စွပ်ကျယ်တစ်ထည်မှာလိုက်ပေမယ့် အမျိုးသားတို့ရဲ့ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေတဲ့ ဂါဝန်တစ်ထည်ရောက်လာခဲ့ပါတယ်။

Jeremy Russel Priola

# မိမိမျက်နှာပုံနဲ့ ခေါင်းအုံးလုပ်ပြီး ချစ်သူကို လက်ဆောင်ပေးချင်သော်လည်း…

locky95

# ပြထားတဲ့ပုံစံအတိုင်း ရောက်လာသော်လည်း ဆိုဒ်လေးပဲ ကွာသွားသောအခါ

whoaaintitfun

# ဒီဇိုင်နာက ဂါဝန်ချုပ်ဖို့ ပိတ်စကို မှားများဖြတ်မိထားလေသလား

isis1231

# ၁၀ ဒေါ်လာတန်ထိုင်ခုံဆိုတာနဲ့ တန်းမှာမိလိုက်တဲ့ လူရဲ့ နောင်တ

READ
ခွေး(၃) ကောင်ကြောင့် ရွှံ့စေးစစ်သည်တော်အဖြစ် ဘ၀ပြောင်းခဲ့ရတဲ့ အမျိုးသား

# ပေါင်ချိန်စက်မှာလိုက်ပေမယ့် ပေါင်ချိန်စက် အရုပ်လေးရောက်လာခဲ့ပါတယ်။

Anna Fuzzana Ridduan

# Adidas Yeezy ဖိနပ်ကို ဒေါ်လာ (၇၅၀)ပေးပြီး မှာလိုက်သော်လည်း..

Max Hoang Trinh

# ဒီတစ်ခါဆိုဒ်လွဲတာကတော့ တော်တော်များသွားပါပြီ

# လက်စွပ်မှာလိုက်တာတဲ့။ လက်စွပ်မှာရင် ဆိုဒ်လေးကြည့်မှာကြပါ။

alwaysgreat

# ရေစိမ်ကန်လေးမှာလိုက်တာ ခြေဆေးကန် ရောက်လာတာလား

thebon74

# တိုင်ကပ်နာရီမှာမိလိုက်သူတစ်ဦး

bellacleaninginc

# ဒီဇိုင်းကာလာ ဘာညာအနေအထား

shopventure

# ကြောက်စရာကြီးကို မှာလိုက်တာ ကြောက်စရာလေးရောက်လာခဲ့ပါတယ်။

doctorscurvy

# တော်တော်ပုံကျပါတယ် အောက်ဘက်ကို ပုံပြီးကျနေတာကိုပြောတာပါ

White (Shwemom)

Ref: Bored Panda

SHARE