Covid ၀င်မွှေလို့ Friday the 13th မှာ စိတ်ညစ်နေရတဲ့ Jason ရဲ့ ဟာသပို့စ်

[email protected]

Friday the 13th ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားကြည့်တဲ့သူတွေ၊ စိတ္တဇလူသတ်သမားဇာတ်ကား ကြည့်တဲ့သူတွေကတော့ တစ်ကယ်ကို ကျောချမ်းကြမှာ အမှန်ပါပဲ။ အနောက်တိုင်းအယူအဆအရဆိုရင် လတစ်လရဲ့ ၁၃ ၇က်နေ့နဲ့ သောကြာနေ့တစ်ထပ်တည်းကျခဲ့ရင် အဲဒီနေ့မှာ လူတော်တော်များများ ကံဆိုးမိုးမှောင်ကျတဲ့နေ့လို့ အယူအဆ ရှိတတ်ကြပါတယ်။ အခုလည်း ဒီ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလဟာ ၁၃ ရက်နေ့ဟာ Friday the 13th အဖြစ် ကျရောက်ခဲ့တာကိုတော့ တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ ဒါပေမယ့် အခုပြောပြချင်တဲ့ Friday the 13th ကိစ္စကတော့ ဆိုရှယ်မီဒီယာမှာ ခေတ်စားနေတဲ့ ဟာသဆန်ဆန် Friday 13 ပို့စ်တစ်ခုပဲ ဖြစ်ပါတယ်။

 

 

ပုံထဲမှာ တွေ့ရတဲ့ လူသတ်သမားကြီး Jason ကိုတော့ တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ အဆိုပါ ပို့စ်ကို တင်ခဲ့တာကတော့ Suekichii လို့ အမည်ရတဲ့ ဂျပန်နိုင်ငံက Twitter အသုံးပြုသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပုံထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့က Jason ကြီးဟာ ပြက္ခဒိန်ကို လှမ်းကြည့်ပြီး ဒီနိုင်ဝင်ဘာလ ၁၃ ရက်နေ့ဟာ သောကြာနေ့ကျရောက်ကြောင်း သတိထားမိခဲ့တာပါ။

READ
ဉာဏ်တိမ်တိမ်နဲ့ တွေးခဲ့ပုံပေါ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက ဟာသများ

 

အဲဒီနောက်မှာတော့ အပေါ်က ပုံမှာ တွေ့ရတဲ့အတိုင်း နိုဝင်ဘာလ ၁၃ ရက်နေ့မှာ သူ့အနေနဲ့ လူတွေတောက်လျှောက် လိုက်သတ်တော့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူသတ်ဖို့ အလေးတွေမပြီး အားကစားလုပ်လိုက်၊ မုတ်ဆိတ်မွေးတွေ ရိတ်လိုက်၊ သူ့ရဲ့ လူသတ်လက်နက်ဖြစ်တဲ့ ပုဆိန်ကို သန့်ရှင်းရေးလုပ်လိုက်နဲ့ အလုပ်တွေ ရှုပ်နေခဲ့ပါတယ်။

 

 

 

ဒါပေမယ့် နိုင်ဝင်ဘာလ ၁၂ ရက်နေ့မှာ သူ့ရဲ့ ဖုန်းကို အမှတ်မထင်ထုတ်ကြည့်မိလိုက်ပြီး ကမ္ဘာကြီးမှာ COVID 19 ကပ်ရောဂါဖြစ်နေတယ်ဆိုတာကို သိရှိသွားခဲ့ပြီး Friday the 13th မှာ လူမသတ်တော့ပဲ Stay home မယ့်အကြောင်းကို မီဒီယာတွေကို ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကြောင့်ပဲ သူ့ရဲ့ ဘော်ဒါဖြစ်သူ Freddy Krueger က စိတ်ပျက်သွားတဲ့ပုံပါပဲ။

READ
ဓာတ်ပုံရိုက်တိုင်း ပြုံးရယ်နေတတ်တဲ့ ကမ္ဘာ့အပျော်ရွှင်ဆုံးဖြူကောင်လေး ဟာဘီ

 

 

ဒီလိုနဲ့ နောက်ဆုံးမှာတော့ Jason ကြီးတစ်ယောက်ဟာ သူ့ရဲ့ နေအိမ်မှာပဲ Chucky နဲ့ Sadako ကို အဖော်ပြုကာ ဆာကေးနဲ့ Hotpot ကို စားသောက်ရင်း Friday the 13th ကို အချိန်ကုန်ခဲ့ရှာပါတော့တယ်။

 

Pyi Hein Kyaw

SHARE