Social distancing အတွက် စက်ဝိုင်းနေရာတွေ ဆွဲခဲ့ပေမယ့် ဟာသဆန်သွားတဲ့ ဖြစ်ရပ်

[email protected]

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့ အချိန်ဖြစ်တာကြောင့် အပြင်ထွက်ရင်တောင် Mask ကို မဖြစ်မနေတပ်သွားပြီး Socail distancing လုပ်ပြီး နေထိုင်ရမှာ ဖြစ်ပါတယ်။ Social distancing ဆိုတာကတော့ လူတစ်ဦးနဲ့တစ်ဦး အနည်းဆုံး ၃ ပေ အကွာမှာ ရှိနေရမယ့် နေထိုင်မှု ပုံစံအသစ်တစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် လူသွားလူလာများတဲ့ ဈေးတွေ၊ ဘူတာရုံတွေ၊ လေဆိပ်တွေမှာ Social distancing ပုံစံနေထိုင်ဖို့အတွက် စက်ဝိုင်းလေးတွေ ဝိုင်းပေးထားတာကို တော်တော်များများ သတိထားမိကြမှာပါ။ ဒါပေမယ့် အိန္ဒိယနိုင်ငံက ဘူတာရူံတစ်ခုရဲ့ Social distancing စက်ဝိုင်းလေးတွေကတော့ တော်တော်လေးကို ဟာသဖြစ်နေပြီး ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]
[email protected]

အဆိုပါ ဘူတာရုံဟာ အိန္ဒိယနိုင်ငံ၊ Bengal ပြည်နယ်ရှိ မီးရထားဘူတာရုံတစ်ခုပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိလူကြီးတွေဟာ ပအဆိုပါ ဘူတာရုံမှာ လက်မှတ်ဝယ်ဖို့အတွက်နဲ့ ရထားလာတာကို စောင့်ဖို့လူတွေအတွက် Social distancing လုပ်ပြီး နေနိုင်အောင် စက်ဝိုင်းလေးတွေ ဆွဲပေးခဲ့ပါတယ်။ ဒါပေမယ့် ဆွဲတဲ့လူဟာ မဆွဲသင့်တဲ့ နေရာတွေမှာပါ ထည့်ဆွဲခဲ့လို့ ဟာသဆန်ဆန် ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကို လူတစ်ယောက်က ပုံစံအမျိုးမျိုးနဲ့ အဲဒီစက်ဝိုင်းလေးတွေထဲမှာ ဟာသဆန်ဆန် မတ်တပ်ရပ်ပြီး ပို့စ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

READ
အမြင်တွေကိုေ၀၀ါးစေတဲ့ ကမ္ဘာကြီးထဲက သက်ရှိ သက်မဲ့ ဖြစ်တည်မှုများအကြောင်း

 

အဆိုပါပို့စ်ကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့တာကတော့ Anamika လို့ အမည်ရတဲ့ Twitter အသုံးပြုသူတစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ ပို့စ်ဟာ ဆိုရှယ်မီဒီယာမှာ တစ်ခဏအတွင်း လူကြည့်များခဲ့ပြီး လူတော်တော်များများက comment တွေမှာ ဝိုင်း troll ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာတော့ လူတွေကြားထဲသွားရင် Social  distancing လုပ်ပြီး နေတာ အကောင်းဆုံးပါပဲ။

READ
ကာတွန်းကားထဲက ခွေးလေးလို အရမ်းချစ်ဖို့ ကောင်းတဲ့ ခွေးကလေး Winnie

 

Pyi Hein Kyaw

SHARE