Home Alone ရုပ်ရှင်ထဲကလို ပရမ်းပတာဖြစ်နေတဲ့ သူခိုးသုံးယောက်ရဲ့ ဟာသဗီဒီယို

YouTube/FocusOn

တော်တော်များများ Home Alone ရုပ်ရှင်ကားကို ကြည့်ဖူးကြဟုတ်။ ခရစ်စမတ်ရာသီ ရောက်လာတာနဲ့ ဒီကားလေးကိုပြန်လည် အမှတ်တရကြည့်ရှုသင့်တဲ့ ဟာသကားတစ်ကားဆိုလည်းမမှားပါဘူး။

အခုပြောချင်တာကတော့ Home Alone ကားထဲက သူခိုးတွေလို ဗရမ်းပတာဖြစ်ခဲ့ကြတဲ့ အပြင်လောက သူခိုးသုံးယောက်ရဲ့ပုံတွေကတော့ အတော်လေးကို ရီစရာဖြစ်ခဲ့ပါတယ်။

တစ်ချို့ရာဇ၀တ်သားတွေက အင်မတန်ပါးနပ်ပြီး တော်တဲ့သူတွေရှိပေမယ့်၊ တစ်ချို့ရာဇ၀တ်သားတွေကျတော့လည်း အတော်လေး ညံ့ဖျင်းတတ်ကြပါတယ်။

ဘရာဇီးက လူနေအိမ်တစ်ခုမှာ အိမ်ထဲက မြင်ကွင်းကျယ်တီဗွီတစ်လုံးကို သူခိုးသုံးယောက်က ၀င်ရောက်ခိုးယူခဲ့ကြတာပါ။ ဒါပေမယ့် ဗီဒီိယိုထဲမှာတော့ သူခိုးတွေ တော်တော်လေးကို အကြပ်ရိုက်နေကြသလို၊ အလွဲလွဲအချော်ချော်နဲ့ တာဝန်လည်းမပြီးမြောက်ဘဲ ဘာမှလည်း ရမသွားခဲ့ကြပါဘူး။

YouTube/FocusOn

စီစီတီဗီထဲမှာ မြင်ရတဲ့ပုံအရ ပထမသူခိုးတစ်ယောက်က အိမ်မှန်တံခါးကို လက်နဲ့ရိုက်ဖွင့်တယ်၊ မရတဲ့အဆုံးခြေထောက်နဲ့ကန်ပြီး အထဲကို ၀င်သွားခဲ့ပါတယ်။ မှန်ကွဲစတွေကလည်း အောက်မှာ ပြန့်ကျဲသွားပါရော။ TVဆီ အပြေးသွားပြီး အတင်းကာရော ဆွဲဖြုတ်နေပါတော့တယ်။

အဲ့ဒီနောက် နောက်တစ်ယောက်ထပ်ရောက်လာပြီး အားနဲ့မာန်နဲ့ပြေးဝင်ရာ မှန်တံခါးကို ၀င်တိုက်ပြန်ပါလေရော။

နောက်တစ်ယောက်ထပ်ရောက်လာပြန်ပါတယ်။ သူလည်းရှေ့လူတွေနဲ့မခြားပါဘူး။ အထာကျကျအထဲကိုဝင်လိုက်ပေမယ့် အောက်က မှန်ကွဲစတွေနင်းပြီး ချော်လဲကျသွားခဲ့ပါတယ်။

ဒီသူခိုးသုံးယောက်ရဲ့ပုံဟာ အမှန်တကယ်ကို ငိုအားထက်ရီအားသန်ဖြစ်နေပြီး ၊ Home Alone ရုပ်ရှင်ကားကို ထိုင်ကြည့်နေရတဲ့အတိုင်းပါပဲ။ လုပ်ရပ်တွေက တစ်ခုမှ အထမမြောက်ဘဲ အလွဲလွဲအချော်ချော်နဲ့ ဗရမ်းပတာအဖြစ်တွေပါ။ ခက်ခက်ခဲခဲအားနဲ့မာန်နဲ့ဖြုတ်ခဲ့ရတဲ့ တီဗွီကလည်း လက်ထဲရောက်မှ လွတ်ကျသွားလို့ ထားပြီးထွက်ပြေးခဲ့ပါတယ်။

ဒီစီစီတီဗွီမှတ်တမ်းက ဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်ပျံ့နှံ့သွားပြီး အင်တာနက်အသုံးပြုသူတွေကြားအတော်လေးကို ပွဲကျစေခဲ့ပါတယ်။ တစ်ချို့ကလည်း သူခိုးတွေက လက်အိတ်တွေလည်း စွပ်မထားကြတော့ နေရာတိုင်း သူတို့ လက်ဗွေရာတွေကြီးပဲနေမှာလို့ ပြောဆိုခဲ့ကြသလို၊ ဟာသဆန်တဲ့မှတ်ချက်မျိုးစုံ ပေးခဲ့ကြပါတယ်။

Khaing Sandar

SHARE