ဘောလုံးပွဲရှုံးလို့ တီဗီကိုလက်သီးနဲ့ ဒေါသတကြီး ပြေးထိုးခဲ့တဲ့အမျိုးသား

အမေရိကန်ဘောလုံး ပရိသတ်တစ်ယောက်ရဲ့ ဘောလုံးပွဲအပေါ် ခံစားမှု ပြင်းထန်ပုံကတော့ တကယ့်ကို လက်ဖျားခါလောက်ပါတယ်။ ဒီရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာတွေပေါ်မှာ နာမည်ကြီးနေတဲ့ ဗီဒီယို ဖိုင်တစ်ခုဟာ အမေရိကန်နိုင်ငံတွင်းမှာ နေထိုင်တဲ့ ဘောလုံးပရိသတ်တစ်ယောက်ရဲ့ အဖြစ်အပျက်ကို မှတ်တမ်းတင်ထားတာပါ။

ဗီဒီယိုဖိုင်ရဲ့တည်နေရာက အမေရိကန်နိုင်ငံတွင်းမှာလို့ပဲ ဖော်ပြထားပြီး ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ ထည့်သွင်းထားခြင်းမရှိပါဘူး။

Jukin

ဗီဒီယိုဖိုင်ထဲမှာ တီဗီကနေ လွှင့်နေတဲ့ ဘောလုံးပွဲတစ်ပွဲကို ကြည့်နေတဲ့ ပရိသတ်ဟာ သူအားပေးတဲ့အသင်း ရှုံးနေခဲ့တာကြောင့် စိတ်ဆိုးနေခဲ့ပြီး နောက်ဆုံးမှာ သူ့ဒေါသကို မထိန်းနိုင်တော့ပဲ တီဗီကို လက်သီးနဲ့ ပြေးထိုးခဲ့တာပါ။

သူ့ရဲ့နံဘေးမှာ အမျိုးသမီးတစ်ယောက်လည်းရှိနေပြီး သူမလည်း ထင်မှတ်မထားတဲ့ အဖြစ်အပျက်ကြောင့် ထိတ်လန့်သွားခဲ့ပါတယ်။

Jukin

အမျိုးသားရဲ့ လက်သီးချက်က ပြင်းလွန်းတာကြောင့် တီဗီက ကွဲသွားခဲ့ပြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့ပါတယ်။

READ
အခန်းရှင်းခိုင်းလို့ဆိုပြီး အဖွားအရင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ကောင်လေး

အမျိုးသားဟာ အစပိုင်းမှာ တီဗီကို ကျောခိုင်းပြီး ထွက်သွားဖို့ ကြိုးစားခဲ့ပေမယ့် ခဏအကြာမှာပဲ တီဗီရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒေါသအိုးပေါက်ကွဲသွားခဲ့တာပါ။

ဒီ ဗီဒီယို ဖိုင်လေးက ဆိုရှယ်မီဒီယာတွေပေါ်မှာ နာမည်ကြီးနေခဲ့ပြီး ဘောလုံးပရိသတ်တွေရဲ့ ခံစားချက်ပြင်းထန်မှုဟာ အခြားအားကစားတွေကို အားပေးတဲ့ ပရိသတ်တွေထက် ပိုမို ပြင်းထန်တယ်လို့ အားလုံးက မှတ်ချက်ပေးခဲ့ကြပါတယ်။

Linn

Source : Dailymail

SHARE