ဝန်ထမ်းကို ရိုင်းရိုင်းစိုင်းစိုင်းပြောလို့ မီဂန်ကို ဒေါသထွက်ခဲ့ရတဲ့ ကိတ်မစ်ဒယ်တန်

သတင်းဌာနတွေအရ ကိန်းဘရစ်မြို့စားကတော်ဟာ ကန်စင်တန်နန်းတော်ထဲမှာ အလုပ်လုပ်နေတဲ့ သူမရဲ့ ၀န်ထမ်းအဖွဲ့ကို ရိုင်းရိုင်းစိုင်းစိုင်းမပြောမိဖို့ မီဂန်ကို သတိပေးလိုက်တယ်လို့ သိရပါတယ်။ ကိတ်နဲ့ မီဂန်ကြား အချင်းများရတဲ့ အခုကိစ္စကိုတော့ နန်းတော်က ငြင်းဆိုထားပါတယ်။ အရင်တုန်းကလည်း မီဂန်ဟာ မင်းသမီးလေးရှားလော့တ်ရဲ့ အပျိုရံဝတ်စုံနဲ့ ပတ်သက်လို့ စကားများပြီး ကိတ်ကို ငိုအောင်လုပ်ခဲ့ပါသေးတယ်။ အချို့သတင်းတွေကတော့ ဒီဖြစ်ရပ်က ဟယ်ရီနဲ့ မီဂန် မင်္ဂလာမဆောင်ခင် မေလမှာပဲ ဖြစ်ပွားခဲ့တယ်လို့ တော်ဝင်မိသားစုရဲ့ အတွင်းလူတွေက ပြောကြပါတယ်။

PA

အသက်(၃၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိတ်က (၃၇) နှစ်ဖြစ်တဲ့ မီဂန်ကို “ဒါမျိုး လက်မခံနိုင်ဘူး။ သူတို့တွေက ကျွန်မရဲ့ ၀န်ထမ်းတွေ။ ပြောစရာရှိရင် ကျွန်မပဲပြောမယ်။” ဆိုပြီးတော့ တုံ့ပြန်ပြောဆိုခဲ့တာပါ။ မီဂန်က ကိတ်ရဲ့ ၀န်ထမ်းတစ်ဦးကို ပြစ်ပြစ်နှစ်နှစ် ပြောဆိုခဲ့ရာကနေ အခုလို မကျေမလည်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် နှစ်ယောက်စလုံးဟာ သဘောထားမတိုက်ဆိုင်တာတွေ များနေပေမယ့်လည်း အတတ်နိုင်ဆုံး ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့တော့ ဆုံးဖြတ်ထားကြဟန်တူပါတယ်။

READ
သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ဖို့ကို အသက်နဲ့ရင်းပြီး ထောက်ခံလိုက်တဲ့ အပြာမယ်ဟောင်း
PA

တော်ဝင်သတင်းဌာနတစ်ခုကတော့ မီဂန်ဟာ ဟောလီးဝုဒ်အသိုင်းအ၀ိုင်းမှာ ကျင်လည်ခဲ့တဲ့အတွက် သူမရဲ့ မျှော်မှန်းချက်တွေက အရမ်းကို မြင့်မားလွန်းနေတယ်လို့ ရှင်းပြခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကလည်း ဟယ်ရီနဲ့ မီဂန်တို့ဟာ ကိတ်နဲ့ ဟယ်ရီတို့ဇနီးမောင်နှံရဲ့ အိမ်ဘေးကနေ ၀င်ဆာနန်းတော်ဝင်းဆီ အိမ်ပြန်ရွှေ့ပြောင်းလာခဲ့ကြပါတယ်။

Rex Features

မီဂန်နဲ့ ကိတ်တို့ရဲ့ တင်းမာလာတဲ့ ဆက်ဆံရေးအပြင် ဟယ်ရီနဲ့ ၀ီလျံတို့ ညီအစ်ကိုကြားမှာလည်း အစိုင်အခဲလေးတွေ ရှိနေတာကို တွေ့ရပါတယ်။ မီဂန် ပထမဆုံး အင်္ဂလန်ကို ပြောင်းလာတုန်းက အစ်ကိုဖြစ်သူက ခယ်မလောင်းကို နွေးနွေးထွေးထွေး မကြိုဆိုလို့ဆိုပြီး ဟယ်ရီက ၀ီလျံကို စွပ်စွဲခဲ့ပါသေးတယ်။ အခုဖြစ်ခဲ့တဲ့ မီဂန်နဲ့ ကိတ်ကြားက ဖြစ်ရပ်မှာတော့ ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူးဆိုပြီး နန်းတော်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဖြေပေးခဲ့ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Sun , DailyMail

SHARE