ဝိုင်လ်ဒါ နဲ့ ပြန်ထိုးဖို့အတွက် တစ်နေ့(၇)ကြိမ်အာသာဖြေနေတယ်ဆိုတဲ့ တိုင်ဆွန်ဖျူရီ

Twitter / @arielhelwani

ဗြိတိန်ရဲ့ WBC ဟဲဗီးဝိတ်ချန်ပီယံ လက်ဝှေ့ကျော် တိုင်ဆွန်ဖျူရီ ကတော့ သူ့ရဲ့ပြိုင်ဖက်ဟောင်းကြီး ဒီအွန်တေး ၀ိုင်လ်ဒါ နဲ့ ပြန်လည်ထိုးသတ်ဖို့ ဘယ်လိုပြင်ဆင်နေသလဲဆိုတာကို ခပ်ကြမ်းကြမ်းဖြေဆိုမှုတစ်ခုနဲ့တုန့်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ (၂)နှစ်အကြာတုန်းက ၀ိုင်လ်ဒါနဲ့ ထိုးသတ်ခဲ့ပြီး သရေကျခဲ့ရတဲ့ တိုင်ဆွန်ဖျူရီဟာ လာမယ့် ဖေဖော်ဝါရီ (၂၂) ရက်နေ့မှာ မကျေပွဲ ပြန်လည်ထိုးသတ်မှာဖြစ်ပြီး အဲဒီပွဲကို လာ့စ်ဗီးဂက်စ်မှာ ကျင်းပမှာပါ။

ကြမ်းတမ်းတဲ့ပြောဆိုပုံတွေ၊ ဖြစ်သလိုနေထိုင်ပုံတွေကြောင့် “Gipsy King” လို့ ကြိုးဝိုင်းထဲမှာ နာမည်ရထားခဲ့တဲ့ အသက် (၃၁)နှစ်အရွယ် လက်ဝှေ့သမား ဖျူရီ က သူ့အနေနဲ့ ဒီပွဲအတွက် တကယ့်ကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ခဲ့ရကြောင်း ဆိုပါတယ်။

(၂၀၁၈)ပွဲစဉ်တုန်းက ဖျူရီအနေနဲ့ ရှုံးသွားသင့်တယ်လို့ ပရိသတ်တော်တော်များများက မှတ်ချက်ပေးနေကြပြီး ၀ိုင်လ်ဒါအတွက်တော့ မမျှတတဲ့ သရေပွဲတစ်ပွဲကို ရသွားခဲ့ရတာဆိုတဲ့ မှတ်ချက်တွေ အများကြီးပါ။ အဲဒီမှတ်ချက်တွေကြောင့်လည်း ဖျူရီ က ပြန်လည်ထိုးသတ်ချင်နေခဲ့တာပါပဲ။

READ
Justin Bieber ကြောင့် ပိတ်ခဲ့ရတဲ့ Iceland က Fjaðrárgljúfur သဘာဝနယ်မြေလေး

“ကျွန်တော့်ကိုယ်ကျွန်တော်တော့ ပရော်ဖက်ရှင်နယ်အားကစားသမားတစ်ယောက် မဟုတ်ဘူးလို့ ခံယူထားတယ်။ ဒါကြောင့်မို့ ဘယ်လိုပြင်ဆင်မှုလုပ်နေလဲလို့မေးရင် ဖြေဖို့အတွက် စဉ်းစားလို့ကို မရဘူး။ ဒါပေမယ့် တစ်နေ့မှာ ကျွန်တော့်ကိုယ်ကျွန်တော် အာသာဖြေမှု (၇)ခါလုပ်တယ်။ (၇)ခါနော်။ ကျွန်တော့်ရဲ့ လိင်စိတ်ကြွနေတဲ့ ဟော်မုန်းတွေကို အပြင်ကို ထုတ်ပစ်ပြီး ၀ိုင်လ်ဒါနဲ့ရင်ဆိုင်မယ်။ ကျွန်တော်ပြင်ဆင်နေတာ အဲဒါပဲ” လို့ ဖျူရီ က သူ့ရဲ့ထုံးစံအတိုင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ခပ်ကြမ်းကြမ်းပဲ ဖြေသွားခဲ့ပါတယ်။

 

သတင်းစာရှင်းလင်းပွဲအပြီး အင်တာဗျူးအစီအစဉ်မှာလည်း အင်တာဗျူး လုပ်နေရင်း သီချင်းတွေ ထဆိုခဲ့တဲ့ ဖျူရီ ကြောင့် မီဒီယာတွေ ပွဲကျခဲ့ကြပါသေးတယ်။

READ
ဒိုရေမွန်ဝတ်စုံနဲ့ ချစ်စရာကောင်းစွာတွေ့ရတဲ့ animation ကြိုက်သူ မလေးသတို့သား

ဖျူရီဟာ (၂၀၁၈) ပွဲတုန်းက ၀ိုင်လ်ဒါရဲ့ လက်သီးချက်တွေအောက်မှာ အကွဲအပြဲဖြစ်ခဲ့ပြီး ပွဲအပြီးမှာ (၄၇)ချက်အထိ ချုပ်ခဲ့ရတာပါ။

ဖျူရီက တစ်နေ့ကို (၅)ခါကနေ (၆)ခါလောက် အစားစားရတဲ့အကြောင်းတွေ၊ တစ်နေ့ကို ရေ(၈)လီတာလောက်သောက်ရတဲ့အကြောင်းတွေကိုလည်း အင်တာဗျူးမှာဖြေသွားခဲ့ပြီး ၀ိုင်လ်ဒါကို ပြန်လည်ထိုးသတ်ဖို့ အဲဒီအရာတွေကို လုပ်နေခဲ့ကြောင်း ဖြေဆိုသွားခဲ့ပါတယ်။

Linn

SHARE