လစဉ် ကလေးထောက်ပံ့ကြေး ဒေါ်လာ(၁,၀၀၀) မပေးလို့ တရားစွဲခံရတဲ့ အဆိုတော် Future

[email protected]_ [email protected]

Rap အဆိုတော် Future ကိုတော့ ဒီဘက်ခေတ် လူငယ်တော်တော်များများ သိကြမယ် ထင်ပါတယ်။ Mask Off သီချင်းဖန်တီးသူ Future တစ်ယောက်ဟာ လွန်ခဲ့တဲ့ (၁)နှစ်ကျော်လောက်ကတည်းက သူ့ရဲ့ ချစ်သူဖြစ်သူ မော်ဒယ်လ် Eliza Reign Seraphin နဲ့ ပတ်သတ်ပြီး သမီးလေး Reign ကို မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် ကလေးမွေးပြီး သိပ်မကြာခင်မှာပဲ Future ဟာ သူ့ချစ်သူ Eliza နဲ့ လမ်းခွဲခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

Girl i thank you, ‘Cause you made me hustle…

A post shared by Future Hendrix (@futurethewizard) on

ဒီလို လမ်းခွဲပြီးချင်း နောက်ပိုင်းမှာတော့ Eliza ဟာ သမီးလေး Reign အတွက် လစဉ်ကလေးထောက်ပံ့ကြေးကို Future ထံသို့ တရားဝင် တောင်းဆိုခဲ့ပါတယ်။ Future ဘက်ကတော့ သမီးလေး Reign အတွက် တစ်လကို အမေရိကန်ဒေါ်လာ ၁,၀၀၀ သာ ထောက်ပံ့ပေးနိုင်မယ်လို့ ပြန်ပြောခဲ့ပါတယ်။ တစ်လ ဒေါ်လာ ၁,၀၀၀ ဆိုတာ အရမ်းနည်းတာဖြစ်တဲ့အတွက်ကြောင့် တရားရုံးဖက်မှ Future ရဲ့ ပိုင်ဆိုင်မှုကို မေးမြန်းခဲ့ရာ Future ကတော့ သူ့ပိုင်ဆိုင်မှုကို သူကိုယ်တိုင်တောင် သေသေချာချာမသိကြောင်း ပြောကြားခဲ့ပါတယ်။

READ
စုလှိုင်ဝင်းရဲ့ Instagram ထက်က ပုံအလန်းများ

https://www.instagram.com/p/CBZKWrFJhq9/

အမှန်တစ်ကယ်တော့ လွန်ခဲ့တဲ့ (၂၀၁၉)ခုနှစ်အတွက် Forbes စီးပွားရေးမဂ္ဂဇင်းက စစ်တမ်းအရဆိုရင်တော့ Future ရဲ့ တစ်နှစ်စာဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်ရှိပါတယ်။ “ဒီကိစ္စက မဖြစ်သင့်ပါဘူး။ သူ့လိုအနုပညာရှင်တစ်ယောက်က သူ့သမီးအရင်းအတွက် တစ်လကို ဒေါ်လာ ၁၀၀၀ ဆိုတာ ကလေးအတွက် မလုံလောက်ပါဘူး။ ပြီးတော့ အဲဒီ ဒေါ်လာ ၁၀၀၀ ကိုတောင် အခုထိ ၁ လမှ မရသေးပါဘူး။ တစ်ကယ်လည်းမပေးပဲနဲ့ လူကြားကောင်းအောင် ဒေါ်လာ ၁၀၀၀ ဆိုတာ လျှောက်ပြောနေတာပါ” လို့ Eliza က ပြောကြားခဲ့ပါတယ်။

https://www.instagram.com/p/CAvDiIopKVA/

နောက်ဆုံးရ သတင်းအရဆိုရင်တော့ ၂၀၂၀ ဇူလိုင်လထဲ တရားရုံးမှာ ကလေးထောက်ပံ့ကြေးကိစ္စကို အပြီးအသတ်အမိန့်ချမှတ်မှာ ဖြစ်ကြောင်း သိရပါတယ်။ အမှန်တစ်ကယ်တော့ Future ဟာ သူ့ရဲ့ ချစ်သူတွေကို ကလေးမွေးပြီးတာနဲ့ ကွာရှင်းဖြစ်တာကတော့ ဖြစ်နေကျပါပဲ။ လက်ရှိသမီးလေး Reign အပါအဝင် အရင်ရည်းစား Ciara Wilson နဲ့ ရထားတဲ့ သားကလေး Future Zahir, Prince , Jakobi ၊ တစ်ခြား ရည်းစားတွေနဲ့ ရခဲ့တဲ့ သမီးနှစ်ယောက်ကတော့ Londyn နဲ့ Hendrix တို့ပဲ ဖြစ်ပြီး စုစုပေါင်း ကလေး (၆)ယောက် အဖေဖြစ်ကြောင်း သိရပါတယ်။

READ
ပိုးကြာဖြူခင်ကို စိန်လက်စွပ် မွေးနေ့ လက်ဆောင် ပေးခဲ့တဲ့ စိန်လင်း(Aroma)

Pyi Hein Kyaw

SHARE