လွမ်းလို့ ပြန်လာတဲ့ နန်းဆုရတီစိုးကို စနောက်ခဲ့တဲ့ G fatt

နန်းဆုရတီစိုးတစ်ယောက် မန္တလေးမှာ ဖွင့်လှစ်လိုက်တဲ့ I care Myanmar ဆိုင်ဖွင့်ပွဲ သို့ တက်ရောက်ဖို့ အတွက် ဇူလိုင်(၂၂)ရက်နေ့က မန္တလေးသို့ သွားရောက်ခဲ့ ကြောင်း ကို သူမရဲ့ fb ပေါ်မှာ တင်ထားခဲ့ပါတယ်။ဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲကိုလည်း မြန်မာ ဆန်ဆန် ရွှေရောင် ၀တ်စုံလေးကို ၀တ်ပြီး တက်ရောက်ခဲ့တာပါ။မန္တလေးကနေ ရန်ကုန်သို့ ပြန်လာပြီဆိုတဲ့ အကြောင်းကို သူမရဲ့ fb ပေါ်သို့ ဇူလိုင်(၂၄)ရက်စွဲနဲ့တင်ခဲ့ပါတယ်။

“လွမ်းလို့် ပြန်လာပြီ” ဆိုတဲ့ စာသားနဲ့အတူ သူမရဲ့ ပုံလေးကို တင်ခဲ့တာပါ။အဲ့ဒီ Post ရဲ့ အောက်မှာတော့ g fatt က “မှန်တယ်လေ မှန်တယ်လေ၂၂ ရက်နေ့ကနေစပြီး Request တင်ထားတာ၂၇ ရက်နေ့ထိ။မင်းတို့requestကို ငါမစောင့်ဘူးလို့ ပြောနေလို့လား
ငါ စောင့်ပေးတယ်လေဒါပေမယ့် အဲ့ဒီ အောင်မြင့်မြတ်ဆိုတဲ့ကောင်အဲ့ အောင်မြင့်မြတ်ဆိုတဲ့ေ ကာင်က ဘာကြောင့်မိုက်ရိုင်းတာလဲ ဘာကြောင့်ငါ့ကိုစိန်ခေါ်တာလဲCUSTOMER ကို ပြေလည်အောင်ဖြေရှင်းပေးရမှာ မင်းတို့ဘက်က တာဝန်မဟုတ်ဘူးလားအဲ့ အောင်မြင့်မြတ် ဆိုတဲ့ကောင်ကအကို ကြိုက်တာလုပ်နိုင်တယ်ဆိုပီး ဘာကြောင့်စိ န်ခေါ်တာလဲပြေလည်အောင်ြေ ဖရှင်းပေးရမှာမင်းတို့တာဝန်မဟုတ်ဖူးလား အဆင်မပြေမှုအတွက်တောင်းပန်ပါတယ်ဆိုတာပဲ မင်းတို့ဘက်က ပြောတတ်တာလား ငါ့ဆော်ဖုန်းနံပါတ်လည်း ဘေလ်အဖြတ်ကြမ်းနေတယ်..ဒါရိုက် Live လွင့်နေတာနော်….ငါလွှတ်တော်အထိတိုင်မှာနော် ငါ့ကိုပေါ့သေးသေးမထင်နဲ့” ဆိုပြီး Comment တွေအောက်မှာ လူတော်တော်များများ နောက်ပြောင် တဲ့ အနေနဲ့ သုံးတဲ့ စာသားကို ၀န်မန့်ခဲ့ပါတယ်။

နန်းဆုကလည်း G fatt ရဲ့ Comment ကို “ဟျောင့် လာပြန်ပြီနော် မမှတ်သေးဘူးလား” ဆိုပြီး Reply ပြန်ခဲ့ကာ “နှထပ်ထိမှ မှတ်မိတာ” ဆိုပြီး G fatt က ထပ်မံ နောက်ပြောင်ခဲ့ပါတယ်။နန်းဆု က သူမမှာ ချစ်သူရှိနေပါပြီလို့ ၀န်ခံထားပေမယ့် ချစ်သူကို တရားဝင် ချမပြသေးပါဘူး။အဲ့ဒီလို အ ချိန်မှာ နန်းဆု တို့ အိမ်နားက ဆိုင်ကို G fatt ရောက်ခဲ့တာ၊နန်းဆုက  သူ့ကို တစ်စုံ တစ်ေ ယာက် က ပို့တဲ့ စာကို လိုင်းပေါ် တင်လိုက်တာတွေကနေ စပြီး သူတို့ နှစ်ယောက် တွဲနေ ပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ပရိသတ်တွေအားလုံးက လည်း အဲ့ဒီလို ပဲ မှတ်ယူနေကြတာပါ။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ  ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

READ
MAXIM Australia ရဲ့ Hot 100 စာရင်းမှာ ပါဝင်ခဲ့ကြတဲ့ ဆယ်လီအလှလေးများ

FROM Nan Hsu’s fb

SHARE