Gabriel Jesusကိုရဖို့ တိုက်ပွဲဝင်နေတဲ့မန်ယူနဲ့မန်စီးတီး

Palmeiras အသင်းရဲ့ ၁၉ နှစ်အရွယ် ဘရာဇီးကစားသမားလေးကို မန်ယူနဲ့ မန်စီးတီး အပြိုင်လိုက်နေကြပါတယ်။ မော်
ရင်ဟိုနဲ့ဂွာဒီယိုလာတို့ရဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။ မန်ယူကတော့ အခုမှစတင်ကမ်းလှမ်းလာတာဖြစ်ပြီး မန်စီးတီးက
အရင် ကမ်းလှမ်းခဲ့တာပါ။

gabriel

မန်စီးတီးက ပေါင်၃၂သန်းနဲ့ကမ်းလှမ်းထားပြီး အေးဂျင့်နဲ့စကားပြောနေတဲ့အချိန်မှာ မန်ယူက ပေါင်၃၈သန်းပေးပြီး စတင်
ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ အဆိုပါ ၁၉ နှစ်အရွယ် ဘရာဇီးသားလေးဟာ ဘောလုံးလောကရဲ့ ထွန်းတောက်လာမယ့်
ကြယ်ပွင့်အဖြစ် အများက သတ်မှတ်ခြင်းခံနေရသူလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကို အဆိုပါကစားသမားလေးက ငြင်းဆိုခဲ့ပြီး မန်ယူ၊ မန်စီးတီးတို့အပြင် ရီးရဲလ်မက်ဒရစ်ကလည်း သူ့ကိုရဖို့ ကြိုးစားနေကြောင်းသိရပါတယ်။ လတ်တလောမှာ မန်စီးတီးက အသာအရဆုံးဖြစ်နေပေမယ့် စာချုပ်ချုပ်ရာမှာ အဆင်မပြေမှုတွေကို ဆွေးနွေးနေဆဲဖြစ်တယ်လို့သိရပါတယ်။

Source:goal.com

မောင်ရွှေရိုး (Shwemom)

This post is brought to you by
0 / 13

Share the quiz to show your results !


Just tell us who you are to view your results !

Premier League Quiz I got %%score%% of %%total%% right

 

SHARE