John Lennon ရဲ့ Imagine ကိုအနုပညာရှင်တွေနဲ့အတူ ခွန်အားဖြစ်ဖွယ်သီဆိုခဲ့တဲ့ Gal Gadot

instagram/gal_gadot

ဟောလီးဝုဒ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Gal Gadot နဲ့ သူမရဲ့ ဆယ်လီသူငယ်ချင်းတွေဟာ John Lennon ရဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ Imagine ကို အတူတကွသီိဆိုခဲ့ကြပါတယ်။ အခုအချိန်ဟာ အနုပညာရှင်တွေအပါအ၀င် လူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ရန်ကို ကြောက်လို့ အိမ်တွင်းအောင်းနေရတဲ့ အချိန်ဖြစ်ပါတယ်။

(၁၉၈၄) ခုနှစ် Wonder Woman စတားတစ်ယောက်ဖြစ်တဲ့ Gal Gadot ဟာ အင်စတာဗီဒီယိုထဲမှာ သူမနဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေ၊ ဟာသသရုပ်ဆောင်တွေ၊ တေးသံရှင်တွေဖြစ်တဲ့ Kristen Wigg ၊ Jimmy Falon ၊ Natalie Portman ၊ Will Ferrell ၊ Sia ၊ Nora Jones ၊ Chris O’Dowd တို့နဲ့အတူ ပူးပေါင်းပြီး သီချင်းသီဆိုခဲ့တာကို CNN သတင်းကနေ သိရတာပါ။

https://www.instagram.com/p/B9zlAIgB-3D/?utm_source=ig_web_copy_link

သူမက “ဟေး ပရိသတ်တို့..ဒီနေ့ပါနဲ့ဆို အိမ်တွင်းအောင်းနေတာ (၆) ရက်လောက် ရှိပြီ။ ဒီရက်ပိုင်းအတွင်း အိမ်ထဲမှာ နေတာများတော့ ကျွန်မ နည်းနည်းတည်ငြိမ်နေပါတယ်။ ရှင်တို့သိလား။ ဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးကို ပြန့်နှံ့နေပြီဆိုတာကို။ ရှင် ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ကပဲ ဖြစ်ဖြစ်၊ ကျွန်မတို့ အားလုံးဟာ အတူတကွလက်တွဲပြီး တိုက်ထုတ်သွားရမှာပါ..” လို့  ဆိုပါတယ်။

READ
အိမ်ခြေရာမဲ့ ဘ၀ကနေ ကော်ဖီဖျော်ဆရာ ဖြစ်ပြီး ဘ၀မျှော်လင့်ချက်တွေ ရှင်သန်လာသူ

ဒါ့အပြင် သူမက အွန်လိုင်းပေါ်မှာ အီတလီအမျိုးသားတစ်ယောက်ဟာ လေသာဆောင်ပေါ်မှာ အိမ်နီးချင်းတွေနဲ့အတူ ခရာတီးမှုတ်နေတာကို မြင်ခဲ့ရကြောင်းနဲ့ ဒီဗီဒီယိုလေးဟာ အီတလီကို ရက်သတ္တပတ်ပေါင်းများစွာကြာအောင် ပိတ်ထားတဲ့ကြားက အီတလီနိုင်ငံသားတွေရဲ့ ဒုက္ခကိုအရှုံးမပေးတဲ့ မြင်ကွင်းပါလို့လည်း သူမက ဆိုပါတယ်။

Gadot က သူမရဲ့ ဗီဒီယိုလေးနဲ့ ပတ်သက်ပြီး ခု ဗီဒီယိုလေးဟာလည်း ပရိသတ်တွေအတွက် တစ်စုံတစ်ရာခွန်အားဖြစ်ပါစေလို့ ဆိုရင်း Imagine သီချင်းစာသားတစ်ကြောင်းကို သီဆိုခဲ့ပါတယ်။ သူ့နောက်မှာတော့ သူမရဲ့ ဆယ်လီသူငယ်ချင်းတွေက စာသားတစ်ကြောင်းချင်းစီကို တစ်ဦးချင်းစီဆိုပြသွားတာလည်း ခွန်အားဖြစ်ဖွယ် တွေ့ရှိရပါတယ်။

လင်းလင်း (ShweMom)

SHARE