သူမရဲ့ “Cleopatra” ဇာတ်ကောင်အပေါ် ဝေဖန်မှုတွေကိုတုံ့ပြန်လိုက်တဲ့ Gal Gadot

instagram/gal_gadot

Gal Gadot ဟာ သူမသရုပ်ဆောင်မယ့် Cleopatra ဇာတ်ရုပ်အပေါ် ဝေဖန်သူတွေရှိနေတာကြောင့် ပြန်လည်ချေပပြောဆိုခဲ့ကြောင်း foxnews သတင်းစာမျက်နှာအရ သိရပါတယ်။ ဝေဖန်သူတွေက ကမ္ဘာကျော်အီဂျစ်ခေါင်းဆောင်တစ်ယောက်ရဲ့နေရာမှာ Gadot မဟုတ်ဘဲ အာရပ်သို့မဟုတ် အာဖရိကန်မင်းသမီးတစ်ယောက်သာ သရုပ်ဆောင်ခိုင်းသင့်တယ်လို့ ပြောခဲ့ကြတာပါ။

Gadot က BBC Arabic ကို အခုလိုပြောပြခဲ့ပါတယ်။ “အရင်ဆုံးပြောချင်တာက ရှင်တို့သာ တကယ်သတင်းအစစ်အမှန်ကိုသိချင်တယ်ဆိုရင် Cleopatra က Macedonian တစ်ယောက်ဆိုတာ ပြောပြပါမယ်။ Macedonian မင်းသမီးကို ကျွန်မတို့ရှာပေမယ့် Cleopatra နဲ့သင့်တော်တဲ့သူ မတွေ့ခဲ့ဘူး။ ပြီးတော့ ကျွန်မကလည်း Cleopatra နေရာအတွက် သရုပ်ဆောင်ဖို့ စိတ်ဆန္ဒပြင်းပြခဲ့ပါတယ်။”

 

View this post on Instagram

 

A post shared by Gal Gadot (@gal_gadot)

“ကျွန်မမှာ တစ်ကမ္ဘာလုံးက အသိမိတ်ဆွေတွေရှိပါတယ်။ သူတို့က မူဆလင်ဖြစ်ဖြစ် ခရစ်ယာန်ဖြစ်ဖြစ် ဘာသာမဲ့ဖြစ်ဖြစ် ဗုဒ္ဓဘာသာဖြစ်ဖြစ် ဂျူးဖြစ်ဖြစ်..ဟုတ်တာပေါ့.. လူတွေက လူတွေပါပဲ။ ပြီးတော့ ကျွန်မကလည်း ကျွန်မ အရမ်းလေးစားတဲ့ ဒီပုဂ္ဂိုလ်နဲ့ Cleopatra နဲ့ သမိုင်းကိုဂုဏ်ပြုပေးချင်ပါတယ်။”

READ
နန်းမြတ်ဖြိုးသင်းတို့ စုံတွဲရဲ့ ကြည်နူးစရာပုံရိပ်လေးများ

နှစ်ပေါင်းများစွာကြာအောင် Cleopatra ရဲ့ လူမျိုးနဲ့ ပတ်သက်ပြီး ခန့်မှန်းချက်တွေရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက အီဂျစ်ဗေဒပညာရှင် Sally Ann Ashton ကတော့ “Cleopatra က ဥရောပသူလုံးလုံးတော့မဖြစ်နိုင်ဘူး။ သူအာဏာရလာတော့ သူ့မိသားစုဝင်တွေက အီဂျစ်မှာနေလာတာ နှစ်ပေါင်း၃၀၀လောက်ရှိပြီ။” ၂၀၂၀ခုနှစ်မှာတော့ ဘော့စတွန်တက္ကသိုလ်က မနုဿဗေဒနဲ့ ရှေးဟောင်းဘာသာရပ်များပရော်ဖက်ဆာ Kathryn Bard ကတော့ “Cleopatra VII က လူဖြူပါ။ Macedonian အနွယ်ပါ။” လို့ဆိုပါတယ်။

Cleopatra ကို ၁၉၆၃ ခုနှစ်မှာ Joseph Mankiewicz ကရိုက်ကူးခဲ့ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသမီးကြီး Elizabeth Taylor က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အော်စကာ ၄ခုရခဲ့ပါတယ်။ Gadot သရုပ်ဆောင်ထားတဲ့ Cleopatra ဗားရှင်းကိုတော့ ဒါရိုက်တာ Patty Jenkins ကပြန်လည်ရိုက်ကူးမည်ဖြစ်ကြောင်း သိရပါတယ်။

READ
အောင်ရဲထွေး သေဆုံးမှုအတွက် ဝမ်းနည်းစကား ဆိုခဲ့တဲ့ မေမြတ်နိုး

ShweMom

SHARE